ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးနှင့် နတ်သံကွင်းသွား ကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား မိုင်းခွဲခံရပြီး တံတား ၆၅ ပေခန့် ကျိုးကျပျက်စီး

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးနှင့် နတ်သံကွင်းသွား ကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား မိုင်းခွဲခံရပြီး တံတား ၆၅ ပေခန့် ကျိုးကျပျက်စီး
မိုင်းခွဲခံရပြီး ပျက်စီးနေသည့် တံတားအား အဝေးမှ ရိုက်ကူးထားသည့် ပုံတွင် တွေ့ရစဉ် (Photo: CJ)
မိုင်းခွဲခံရပြီး ပျက်စီးနေသည့် တံတားအား အဝေးမှ ရိုက်ကူးထားသည့် ပုံတွင် တွေ့ရစဉ် (Photo: CJ)
Published 6 June 2023

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးနှင့်နတ်သံကွင်းသွား ကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား ယနေ့(ဇွန်လ ၆ ရက်) နံနက်အစောပိုင်းက မိုင်းခွဲခံရခြင်းကြောင့် တံတား ၆၅ ပေခန့် ကျိုးကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ထို့ပြင်  စစ်တောင်းမြစ်ကူးတံတား မိုင်းထောင်ဖျက်စီးခံရမှုနှင့်အတူ ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ မနက် ၄ နာရီ ၄၀ လောက်မှာတော့ ဖြစ်စဉ်ဖြစ်တယ်။ အဲ့မှာတော့ တံတားရဲ့ ကမ်းကပ်ခုံ နှစ်ကန့်လောက်တော့ ကျိုးသွားတယ်။ တပ်မတော်က အင်ဂျင်နီယာတပ်ဖွဲ့နဲ့ ပြန်လည်ပြင်ဆင်ရေး အမြန်ဆုံးဆောင်ရွက်လျက် ရှိပါတယ်ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဇွန် ၆ ရက် နံနက် ၆ နာရီခန့်တွင် အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး နတ်သံကွင်းမြို့ လူနေအိမ်များကို အကာအကွယ်ပြု၍ တံတားလုံခြုံရေးအဖွဲ့အား လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ တံတားအား ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် မြစ်ကူးတံတား ကမ်းကပ်ခုံနှင့် ကပ်လျှက်အခန်း ၆၅ ပေခန့် ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

 

Most Read

Most Recent