နစက၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ မိုင်းလားတွင် တွေ့ဆုံဆွေးနွေးမည်

နစက၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ မိုင်းလားတွင် တွေ့ဆုံဆွေးနွေးမည်
Published 30 May 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့သည် မိုင်းလားဒေသတွင် ဇွန် ၁ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများက ကြားဝင်ညှိိနှိုင်းပေးခြင်းဖြစ်ပြီး မြောက်ပိုင်းသုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNTJP/MNDAA-ကိုးကန့်အဖွဲ့)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရခိုင့်တပ်တော်(AA)တို့မှ ကိုယ်စားလှယ်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလားမြို့သို့ အသီးသီးရောက်ရှိနေကြောင်း သိရသည်။

ထို့ပြင် ဆွေးနွေးပွဲအောင်မြင်ရေးအတွက် ဆွေးနွေးပွဲတွင်ပါဝင်ရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကောပေါင်သည်လည်း မိုင်းလားမြို့သို့ ရောက်ရှိနေကြောင်း သိရသည်။

Most Read

Most Recent