လျှပ်စစ်စီမံကိန်းအား ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်းများကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု နှောင့်နှေးမှုများကြုံတွေ့ခဲ့သဖြင့် ကာလတို၊ ကာလရှည်၊ ကာလလတ် စီမံချက်သုံးမျိုးဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး ရဲရဲဝံ့ဝံ့ဆောင်ရွက်ရန်  နစကဥက္ကဋ္ဌပြောကြား         

လျှပ်စစ်စီမံကိန်းအား ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်းများကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု နှောင့်နှေးမှုများကြုံတွေ့ခဲ့သဖြင့် ကာလတို၊ ကာလရှည်၊ ကာလလတ် စီမံချက်သုံးမျိုးဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး ရဲရဲဝံ့ဝံ့ဆောင်ရွက်ရန်  နစကဥက္ကဋ္ဌပြောကြား         
Published 29 May 2023

လျှပ်စစ်စီမံကိန်းအား ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်းများကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု နှောင့်နှေးမှုများ ကြုံတွေ့ခဲ့သဖြင့် ကာလတို၊ ကာလရှည်၊ ကာလလတ် စီမံချက်သုံးမျိုးဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး ရဲရဲဝံ့ဝံ့ဆောင်ရွက်ရန်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မေလ ၂၇ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)တွင် နစကဥက္ကဋ္ဌက ထိုသို့ပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက မိမိသွားရောက်ခဲ့သည့် ဒေသများမှ လျှပ်စစ်လိုအပ်ချက်များကို တင်ပြခြင်းများရှိပါကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်၍ အစိုးရအဆက်ဆက်၌ စီမံကိန်းများရှိပြီးဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများ ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်းများကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ နှောင့်နှေးမှုများ များစွာကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် ကာလတို၊ ကာလရှည်၊ ကာလလတ်စီမံချက်သုံးမျိုးဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးကိုလည်း ရဲရဲဝံ့ဝံ့ဆောင်ရွက်သွားနိုင်ရန်လိုအပ်သည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။

ထို့ပြင် လျှပ်စစ်စွမ်းအင်သည် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သည့် သွင်းအားစုတစ်ခုဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားရှိရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း မိမိတို့အစီအစဉ်ဖြင့် Bio Gasifier များနှင့် Solar System ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း၌ ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်း (MSME)များကို အားပေးမြှင့်တင်ဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးမောင်းနှင်အားများ ကောင်းမွန်လာမည်ဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ရခြင်းမှာ မိမိတို့နိုင်ငံ၏ အများစုသော စီးပွားရေးလုပ်ငန်းများမှာ MSME အဆင့်တွင်ရှိနေကြောင်း၊ နိုင်ငံခြားလိုငွေပြခြင်း၏ စိန်ခေါ်မှုမှာသွင်း ကုန်ပမာဏများပြားခြင်းကြောင့်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ၌ အဓိကလိုအပ်ချက် မှာကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်များဖြစ်ကြောင်း၊ ကုန်ကြမ်းရှိမှ ကုန်ထုတ်လုပ်မှုတစ်နည်းအားဖြင့် ရောင်းကုန်ပစ္စည်း ထုတ်လုပ်မှုဖြစ်လာမည်ဖြစ်ကြောင်း ရောင်းကုန်ပစ္စည်းထုတ်လုပ်မှုများကို အရည်အသွေးရှိသည့် ကုန်ပစ္စည်းများဖြစ်အောင် ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်တွင်းပြည်ပ ကုန်စည်ရောင်းချမှုများတွင် များစွာတိုးတက်လာမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့အတူ နိုင်ငံခြားငွေလိုအပ်မှုသည် သွင်းကုန်ပမာဏများပြားနေခြင်းလည်းပါဝင်ကြောင်း၊ သွင်းကုန်ပမာဏများပြားခြင်းသည် လိုအပ်ချက်အရ သွင်းရသည်များရှိသကဲ့သို့ ပြည်တွင်း၌ထုတ်လုပ်နိုင်သော်လည်း တင်သွင်းနေရမှုများမှာ မဖြစ်သင့်ကြောင်း၊ အထူးသဖြင့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပါကြောင်း၊ အလားတူပြည်ပသို့တင်ပို့နိုင်သည့် ရောင်းတန်းဝင် ပစ္စည်းများရှိသော်လည်း ကုန်ထုတ်လုပ်မှုအားနည်းချက်ကြောင့် ပို့ကုန်ပမာဏ နည်းပါးမှုများသည်လည်း မဖြစ်သင့်ကြောင်း၊ MSME ကို အားပေးရခြင်း၏ အခြေခံအကြောင်းအချက်များမှာ ကုန်ထုတ်လုပ်မှု၊ တစ်နည်းအားဖြင့် ပြည်တွင်းစီးပွားရေးကိုမြှင့်တင်ရန်၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရန် ဖြစ်ကြောင်း၊ ထို့ကြောင့် သေချာသည့် ကုန်ကြမ်းများကို အသုံးပြုသည့် MSME လုပ်ငန်းများကို အဓိကအားပေး ဆောင်ရွက်ရန် လိုအပ်သည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ ဥပမာအားဖြင့် စားသုံးဆီထုတ်လုပ်မှု၊ ဆန်နှင့်ဆန်ကွဲကိုအခြေခံသည့် ထုတ်လုပ်မှု၊ ပလောပီနံကိုအခြေခံသည့် ထုတ်လုပ်မှု၊ ရာဘာကိုအခြေခံသည့် ထုတ်လုပ်မှု၊ ၀ါကို အခြေခံသည့် ထုတ်လုပ်မှု၊ ကော်ဖီနှင့်လက်ဖက်ကိုအခြေခံသည့် ထုတ်လုပ်မှု၊ သစ်၊ ကြိမ်၊ ၀ါး များကိုအခြေခံသည့်ထုတ်လုပ်မှု၊ မွေးမြူရေးအသား၊ ငါးကိုအခြေခံသည့် ထုတ်လုပ်မှုနှင့် တိရစ္ဆာန်အစားအစာ ထုတ်လုပ်မှုလုပ်ငန်းများသည် မိမိတို့နိုင်ငံအတွက် သေချာသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အလားတူများစွာသောကုန်ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်များ ရှိသကဲ့သို့ ဒေသအလိုက် ထူးခြားသည့် လုပ်ငန်းများလည်း ရှိနေမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင် ရွက်နိုင်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ပေါ်စေခြင်း၊ ကုန်ထုတ်လုပ်မှု များတိုးတက်လာပြီး တိုင်းပြည်၏ ဝင်ငွေတိုးတက်လာစေခြင်းများကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ပို့ကုန်များများရမှသာ သွင်းကုန်များဖြစ်သည့် လောင်စာဆီ၊ ဓာတ်မြေသြဇာများ ပိုမိုတင်သွင်းလာနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent