၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် ကျပ် ၇၄ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် ကျပ် ၇၄ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
Published 23 May 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံး လပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး အလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် ကျပ် ၇၄ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယ သုံးလပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် ကျပ်သန်း ၇၄၄၇၉ ဒသမ ၂၀၅ ( ကျပ် ၇၄ ဘီလျံကျော်)ဖြင့် အများဆုံးဖြစ်သည်။ မွန်ပြည်နယ်အတွင်းသို့ ကျပ်သန်း ၆၂၄၉၄ ဒသ မ ၀၆၄ (၆၂ ဘီလျံကျော်)ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ကျပ်သန်း ၂၀၁၁၃ ဒသမ ၉၀၅  (ကျပ်ဘီလျံ ၂၀ ကျော်)ဖြင့် တတိယအများဆုံးဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျပ်သန်း ၉၂၀၉ ဒသမ ၉၃၄၊  နေပြည်တော်တွင် ကျပ်သန်း ၉၀၀၀၊ ပဲခူးတိုင်းဒေသကြီးတွင် ကျပ်သန်း ၈၆၀၂ ဒသမ ၅၆၀၊ မန္တလေးတိုင်းဒေသကြီးတွင် ကျပ်သန်း ၂၀၀၀၊ ရှမ်းပြည်နယ်တွင် ကျပ်သန်း ၄၉၁ အသီးသီး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

၁၉၉၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် မတ်လကုန်အထိ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားများက ကျပ် ၅၂၂၄ ဘီလျံကျော်မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု၏ ၂၂ ရာခိုင်နှုန်းကျော်ရှိကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုကဏ္ဍတွင် ကျပ် ၉၃၇၅၉၆ ဒသမ ၂၅၃ သန်း ဖြင့် အများဆုံးနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ကျပ် ၈၄၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒု တိယအများဆုံးခွင့်ပြုပေးလိုက်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုခွင့်ပြုလုပ်ငန်း ၁၇ ခုနှင့် အတည်ပြုလုပ်ငန်း ၄၄ ခု၊ စုစုပေါင်းလုပ်ငန်း ၆၁ ခုကို ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ကျပ် ၁၁၇၁၈၀၃ ဒသမ ၈၀၉ သန်း ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများအနက်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလုပ်ငန်း ၁၇ ခု၊ အတည်ပြုလုပ်ငန်းရှစ်ခုတို့ကို ခွင့်ပြုပေးခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ရင်း နှီးမြှုပ်နှံမှုကော်မတီများက အတည်ပြုလုပ်ငန်း စုစုပေါင်း ၃၆ ခုကို ခွင့်ပြုပေးခဲ့သည်။အဆိုပါလုပ်ငန်းများက ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် ၁၃၆၇၀ ဦးကို ဖန်တီးပေးနိုင်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၉၃၇၅၉၆ ဒသမ ၂၅၃ သန်းဖြင့် အများဆုံးခွင့်ပြုပေးခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏကျပ် ၈၄၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒုတိယအများဆုံး၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၆၈၂၆၉ ဒသမ ၆၃၈ သန်းဖြင့် တတိယအများဆုံးဝင်ရောက်ခဲ့သည်။

ကျန်ကဏ္ဍများအနေဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအ များဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့်  တတိယအများဆုံးဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး ခုနစ်ကြိမ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး ၇၄ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြုလုပ်ငန်း ၂၂ ခု၊ အတည်ပြုလုပ်ငန်း ၂၆ ခု၊ စုစု ပေါင်း ၄၈ ခု ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါ အဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း ခွင့်ပြုခဲ့သည်။

Most Read

Most Recent