အိန္ဒိယနိုင်ငံသားများ ကြုံတွေ့နေရသော အညစ်အကြေးပြဿနာ

အိန္ဒိယနိုင်ငံသားများ ကြုံတွေ့နေရသော အညစ်အကြေးပြဿနာ
Published 7 May 2023
Ref: AFP

မိုဟာမက်အက်ဇ်ဟာအမည် ရှိ အမျိုးသားသည်တူဖြစ်သူကို ပွေ့ချီထားပြီး ၎င်းး၏နေအိမ်သည် ပလတ်စတစ်နှင့်အပုပ်နံ့ထွက်နေသည့်ရွှံ့နှစ်များဖြင့် ပြည့်နေသော ရေမြောင်းဘေးတွင် တည်ရှိနေပြီး ယင်းရေမြောင်းသည်အိန္ဒိယနိုင်ငံက မြို့ပြ မိလ’ာ၏သုံးပုံနှစ်ပုံနီးပါးကို ပြုပြင်ရန် ပျက်ကွက်မှုကို သက်သေပြလျက်ရှိသည်။

“ကျွန်တော်တို့တွေ အိမ်ထဲမှာပဲ နေနေရတယ်။ ကျွန်တော်တို့အပြင်ကို ထွက်လိုက်တာနဲ့ ဖျားတော့တာပါပဲ”ဟု ကျဉ်းမြောင်းသောလမ်းတစ်လျှောက် ပလတ်စတစ်နှင့် မနှစ်မြို့ ဖွယ်ရေဆိုးများ စီးဆင်းနေသော ရေမြောင်းများတည်ရှိသည့် ဒေလီ၏ အိမ်နီးချင်း ဆီလမ်ပန်မြို့တွင်နေထိုင်သော အသက် ၂၁ နှစ်အရွယ် အက်ဇ်ဟာက ပြောကြားခဲ့သည်။

“အဲဒါတွေက ပုပ်စော်နံနေတဲ့အတွက် ခြင်တွေလာပါတယ်။ ကျွန်တော်တို့တွေ ရောဂါတွေရကုန်ကြပြီး ကလေးတွေဆို ဖျားနာကုန်ကြတယ်။ အဲဒီရေမြောင်းတွေကို ဘယ်သူကမှ လာမရှင်းပါဘူး”ဟု ၎င်းကဆိုသည်။

ဧပြီလကုန်ပိုင်းက အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာခဲ့ကာ လူဦးရေ ၁ ဒသမ ၄၃ဘီ လျံနီးပါးရှိလာခဲ့သည်ဟုကုလသမဂ္ဂ က ထုတ်ပြန်ထားသည်။

၎င်း၏မြို့ပြလူဦးရေသည်လာ မည့်ဆယ်စုနှစ်များအတွင်း တိုးပွားလာမည်ဟု ခန့်မှန်းထားပြီး ၂၀၄၀ ပြည့်နှစ်တွင် ၎င်းး၏မြို့များ၌နောက် ထပ်လူပေါင်း သန်း ၂၇၀ ကျော်ရှိ လာမည်ဟု ခန့်မှန်းထားသည်။

သို့သော် မြို့ပြနေရာများတွင် လက်ရှိအချိန်၌ နေ့စဉ်စွန့်ပစ်နေသည့် မိလ္လာသည် ၇၂ဘီလျံလီတာရှိပြီး အိုလံပစ်အရွယ်အစား ရေကူးကန် ၁၈,၀၀၀ ခန့်ကိုဖြည့်နိုင်ရန် လုံလောက်သည့် ၄၅ ဘီလျံလီတာကိုမူ သန့်စင်နိုင်ခြင်းမရှိကြောင်း ၂၀၂၀- ၂၀၂၁ခုနှစ်အတွက် အစိုးရကထုတ်ပြန်သည့်စစ်တမ်းတွင် ဖော်ပြထားသည်။

အိန္ဒိယ၏မိလ္လာစနစ်သည်၎င်းမြို့ပြအိမ်များ၏ သုံးပုံနှစ်ပုံခန့်နှင့် ချိတ်ဆက်ထားခြင်းမရှိဟု အမျိုးသားနောက်ဖေးရွှံ့အနည်အနှစ်နှင့် မိလ္လာစီမံခန့်ခွဲရေးမဟာမိတ်က ထုတ်ပြန်ထားသည်။

ဒေလီရှိ စက်ရုံ ၃၅ ရုံတွင် ၂၆ ရုံအပါအဝင် လုပ်ငန်းလည်ပတ်နေသော မိလ္လာသန့်စင်ရေးစက်ရုံအများ အပြားသည် စံနှုန်းများနှင့်ကိုက်ညီမှုမရှိဟု မီဒီယာများတွင်ဖော်ပြထားသည်။

စက်မှုလုပ်ငန်းသုံးရေဆိုးပမာဏအများအပြားနှင့် ပေါင်းစပ်ထားသောကြောင့် ရေဆိုးများသည်ရောဂါများကို ဖြစ်ပေါ်စေပြီး အိန္ဒိယ၏ ရေကြောင်းများကို ညစ်ညမ်းစေကာ တောရိုင်းတိရစ္ဆာန်များကို သေဆုံးစေပြီး မြေအောက်ရေအတွင်းသို့ယို စိမ့်ဝင်မှုဖြစ်ပွားစေသည်။

အိန္ဒိယသည် ကလေးသူငယ် သေဆုံးမှုကို လျှော့ချမှုတွင် တိုးတက်မှုများရှိနေသော်လည်း ညစ်ညမ်းသော အစားအစာနှင့် ရေများကြောင့်ဖြစ်ပေါ်သော ဝမ်းပျက်ဝမ်းလျောရောဂါသည် သေဆုံးမှုဖြစ်စဉ်များကို ဦးဆောင်လျက်ရှိသည်။

၂၀၁၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံ တစ်ဝန်း ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် အသက်ငါးနှစ်အောက်ကလေး ၅၅,၀၀၀ ကျော်သေဆုံးခဲ့သည်ဟု သိပ္ပံဂျာနယ် BMC Public Health တွင် လွန်ခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သော သုတေသနစစ်တမ်းတစ်ခု၌ ဖော်ပြထားသည်။

ဒေလီမြို့ရှိ ယမုံနာမြစ်သည် ကမ္ဘာအညစ်ညမ်းဆုံးမြစ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လူအများစုက ယင်းမြစ်တွင် အဝတ်လျှော်ဖွတ်ခြင်းနှင့် ထုံးတမ်းစဉ်လာအရရေချိုးခြင်းများ ဆက်လက်ရှိနေသော်လည်း ယင်းနေရာကို ဂေဟဗေဒအရ သေဆုံးသွားသောနေရာအဖြစ်ယူဆထားကြသည်။

အန္တရာယ်ရှိသောအမိုးနီးယား အဆင့်များကြောင့် ဒေလီ၏သန်း ၂၀ သောပြည်သူအတွက် ယင်းမြစ် မှ သောက်သုံးရေထုတ်ယူသည့်စက်ရုံများကို ပိတ်ပစ်ခဲ့ရသည်။

အိန္ဒိယ၏ရေအကြောင်းရေး သားထားသောစာအုပ်တစ်အုပ်၏ စာရေးဆရာ အမ်ရီဒူလာရာမက်ရှ်က မိလ္လာကို သင့်လျော်သလိုအသုံးပြုနိုင်သောရေအဖြစ်သန့်စင်ခြင်းသည် ရေအကျပ်အတည်းကိုဖြေရှင်းမှုတွင် အထောက်အကူဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်အရ အိန္ဒိယသည် ကမ္ဘာပေါ်တွင်ရေလိုအပ်မှုအများဆုံးနိုင်ငံများမှ တစ်နိုင်ငံဖြစ်သည်ဟုဆိုသည်။ ချန်နိုင်းတွင် ၂၀၁၉ ခုနှစ်၌ရေခေတ္တပြတ်လုနီးပါးကြုံတွေ့ခဲ့ပြီး အခြားမြို့များ၌လည်း မြေအောက်ရေကိုအလွန်အကျွံထုတ်ယူသုံးစွဲမှုများနှင့် မိုးရွာသွန်းမှု မတည်ငြိမ်မှုများကြောင့် လာမည့်နှစ်များအတွင်း အလားတူဘေး ဒုက္ခများကြုံတွေ့နိုင်ဖွယ်ရှိသည်။

“အိန္ဒိယက ရေအကျပ်အတည်းဆီကို ဦးတည်နေပါတယ်။ မိလ္လာကသာ ကျွန်တော်တို့ရဲ့မြို့တွေမှာ ကြုံတွေ့နေရတဲ့ ပြဿနာကိုအတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်ဖို့ အလွယ်တကူရွေးချယ်ရမယ့်  အရာဖြစ်ပါတယ်”ဟု ရာမက်ရှ်က ပြောကြားခဲ့သည်။

Most Read

Most Recent