ရွှေကုက္ကိုလ်ဒေသ တိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်

ရွှေကုက္ကိုလ်ဒေသ တိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်
Published 5 April 2023

 

 

မြန်မာထိုင်းနယ်စပ် ရွှေကုက္ကိုမြိုင်ဒေသ တွင် ယနေ့ ဧပြီ ၅ ရက်က ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ဒေသခံများမှာ သောင်ရင်းမြစ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ထိုင်နိုင်ငံဘက်မှလာသော သတင်းများအရသိရသည်။

ရွှေကုက္ကိုလ် မြို့သစ်အနီး ဖြစ်ပွားသော နယ်စပ်တိုက်ပွဲ ကြောင့် နယ်ခြားသောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ထိုင်းဘက်ခြမ်းသို့ ဝင်ရောက်လာကြသည့် မြန်မာစစ်ဘေးရှောင် (၃၀၄၃) ဦးရှိသည်ဟု ဆိုသည်။

နှစ်ဘက် ပစ်ခတ်မှု ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ရွှေကုက္ကိုလ် မြို့သစ်နေသူများ၊ တရုတ်ဆိုက် ကာစီနိုရုံများတွင် အလုပ်လုပ်နေကြသူများမှာ ထိုင်းနိုင်ငံဘက်သို့ရှောင်ပြေးကြပြီး ၊  မြို့သစ်သို့ အဝင်အထွက်လမ်းများကိုလည်း ပိတ်ထားကြောင်း ဒေသခံများထံမှ သ်ိရသည်၊၊

ရွှေကုက္ကိုလ်ဒေသမှ စစ်ရှောင်ထွက်ပြေးလာသူများမှာ သောင်ရင်း မြစ် တဖက်ကမ်း ထိုင်းနိုင်ဘက်ခြမ်းရှိ စစ်ဘေးလွတ်ရာနေရာများဖြစ်သော ထာ့စိုင်းဂိတ်တွင် ၉၇၆ ဦး၊ထာ့ကျဲကိုင်ဂိတ်တွင် ၁၀၉၆ ဦး၊ထာ့လူးစနယ်ဂိတ်တွင် ၂၁၄ ဦး၊နောင်ဘိုးဝါဒဲ (ကြာနီနွားခြံ) တွင် ၃၄၄ ဦး ၊ ထာ့ ၃၄ ဂိတ်တွင် ၄၁၃ ဦးတို့ဖြစ်ကြောင်းသိရသည်သည်။

မြဝတီ မြို့အနီး၌ မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၅ရက်နေ့ထိ  ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ရွှေမြစန္ဒီ မြို့သစ်မှ ပြည်သူများ ၊ဖားချောင်း၊တုံးတံတားနှင့် သဃ်န်းညီနောင်ရွာသစ်တို့ မှပြည်သူ များမှာ မြဝတီမြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြရပြီး စားသောက်ရေး အခက်အခဲဖြစ်လျှက်ရှိကြောင်းလည်း သိရသည်။

ပုံစာ - ထိုင်း နိုင်ငံဘက်သို့ ထွက်ပြေးလာသည့် စစ်ဘေးရှောင်များ ကို တွေ့ရစဉ်Photo  - cj

Most Read

Most Recent