ဗင်နီစီယပ်စ်အပေါ် အိုဆာဆူနာပရိသတ်များ၏ ရိုင်းပျသည့်ပြောဆိုမှုများအား ကော်တိုအာဝေဖန်

ဗင်နီစီယပ်စ်အပေါ် အိုဆာဆူနာပရိသတ်များ၏ ရိုင်းပျသည့်ပြောဆိုမှုများအား ကော်တိုအာဝေဖန်
Photo: YAZID
Photo: YAZID
Published 20 February 2023

ရီးယဲလ်မက်ဒရစ်အသင်း၏ ဘယ်လ်ဂျီယံဝါရင့်ဂိုးသမား ကော်တိုအာက ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၉)ရက်နေ့က ကစားခဲ့သော အိုဆာဆူနာ (၀-၂) ရီးယဲလ်မက်ဒရစ် လာလီဂါပွဲစဉ်မှ အသင်းဖော်တိုက်စစ်မှူး ဗင်နီစီယပ်စ်အပေါ် အိုဆာဆူနာပရိသတ်များ၏ ရိုင်းပျသည့်ပြောဆိုမှုများအား ပြစ်တင်ဝေဖန်ခဲ့ကြောင်းသိရသည်။

ယင်းပွဲစဉ်တွင် အိမ်ရှင်အိုဆာဆူနာပရိသတ်များသည် ၎င်းတို့အသင်း၏ ဂိုးစည်းဘက်၌ ဗင်နီစီယပ်စ်ဘောလုံးထိချိန်တွင် လူမျိုးရေးခွဲခြားသည့် အဓိပ္ပာယ်သက်ရောက်မှုများပါရှိသော ရိုင်းပျသည့်အော်ဟစ်ပြောဆိုမှုများပြုလုပ်ခဲ့သလို၊ မကြာခဏဆိုသလို လှောင်ပြောင်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး ကော်တိုအာက''သိပ်ကိုဆိုးရွားလှတဲ့အပြုအမူပါပဲ။ သူတို့ (အိုဆာဆူနာပရိသတ်များ)ဟာ Son of b**** ဆိုပြီးအော်ဟစ်ခဲ့သလို၊ ဗင်နီစီယပ် သေဆုံးပြီဆိုတဲ့ ပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေအပေါ် ဘယ်သူမှအသံမထွက်ခဲ့ပါဘူး'' ဟုဆိုခဲ့သည်။

Most Read

Most Recent