၂၀၂၃ ခုနှစ် နှစ်သစ်အခါသမယတွင် ပရိသတ်များအတွက် အနုပညာရှင်များ၏ နှစ်သစ်ဆုမွန်ကောင်းစကားများ

၂၀၂၃ ခုနှစ် နှစ်သစ်အခါသမယတွင် ပရိသတ်များအတွက် အနုပညာရှင်များ၏ နှစ်သစ်ဆုမွန်ကောင်းစကားများ
Published 1 January 2023

ထွန်းပုလဲရတနာ

နှစ်သစ်မှာ အရင်ကထက် ပိုမို ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေ အများကြီး ရရှိကြပါစေ။ New Year၊ New Day ၊ New Future ဆိုတဲ့အတိုင်းပဲ ဖြစ် ပြီးခဲ့တာတွေကို ပြန်မနေဘဲနဲ့ နောင် အနာဂတ်မှာ ဒီထက်ပိုကောင်းနိုင်အောင် ဘာအခက်အခဲပဲရှိရှိ အရင်ကထက်ပိုပြီးကောင်းအောင်၊ ကျော်လွှားနိုင်အောင်၊ ကြိုးစားနိုင်အောင်လို့ ခွန်အားတွေ မွေးနိုင်ပါစေ။ ခွန်အားအသစ်တွေနဲ့အတူ စိတ်သစ် လူသစ်နဲ့ ၂၀၂၃ ခုနှစ်ကို ဖြတ်သန်း ကြနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အောင်မင်းခန့်

အားလုံး အားလုံး မြင်ရတဲ့ သတ္တဝါတွေရော၊ မမြင်ရတဲ့ သတ္တဝါတွေရော အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။

လှယမင်းအိမ်

ဒီ နှစ်နှစ် သုံးနှစ်တာ ကာလအတွင်းမှာ ညီမတို့ မြန်မာပြည်သူပြည် သားတွေအနေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့်ရော အဘက်ဘက်က အခြေအနေတွေကြောင့်ရော စိတ်ပင်ပန်း ခဲ့ရတာတွေအများကြီးရှိတယ်။ အဲဒါကြောင့် နှစ်သစ်က စပြီးတော့ အမြဲ လုပ်ငန်းကိုင်ငန်းတွေအဆင်ပြေပါစေ။ ကျန်းမာချမ်းသာကြပါစေ။ အားလုံးပဲ အစစအရာရာ အဆင်ပြေ ချောမွေ့ကြပါစေလို့ ဆုတောင်းပေးပါတယ်။

ပန်းရောင်ခြယ်

၂၀၂၃ ခုနှစ်မှာ အားလုံးပဲ လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။ ကျန်းမာရေးလည်း ဂရုစိုက်ကြပါစေ။ အားလုံး ပျော်ရွှင်ကျန်းမာပြီးတော့ ဘေးကင်းကြဖို့လည်း ဆုတောင်းပေးပါတယ်။

အေးချမ်းမောင်

နှစ်သစ်မှာ ပရိသတ်တွေ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းပြည့်စုံ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။

မေမီကိုကို

နှစ်သစ်မှာ အားလုံးလိုချင်နေတဲ့ ဆန္ဒတစ်ခုရှိကြမယ်။ မေမီလည်း လိုချင်တယ်။ အားလုံးအတူတူ အမြန်ဆုံး ပြည့်စုံပါစေ။ နှစ်သစ်မှာ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ပါစေ။ စိတ်ဓာတ်ကျနေတာတွေ ရှိရင်လည်း စိတ်ခွန်အားတွေ ပြန်လည်မြင့်တက်လာကြပါစေလို့ ဆု တောင်းပေးပါတယ်။

သုတအောင်

 နှစ်သစ်မှာ ကျွန်တော့်ရဲ့ ထမင်းရှင်အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီးတော့ ကောင်းကျိုးလိုအင် ဆန္ဒတွေ ပြည့်ပါစေ။ အသက်ရှူတိုင်းလဲ ငွေတွေဝင်ပါစေ။ ကြံစည်သမျှ အရာတိုင်းလည်း အတားအဆီးမရှိ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါ တယ်။

ဂိုဂို

အားလုံးပဲ နှစ်သစ်မှာ အစစ အရာရာ အဆင်ပြေကြပါစေ။ စိတ်သစ် ကိုယ်သစ်နဲ့ အများကြီး ကြိုးစား နိုင်ကြပါစေ။ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်။

စိန်လင်း (Aroma)

နှစ်သစ်မှာ ပရိသတ်တွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။

အနာရောဂါကင်းရှင်းပြီးတော့ စီးပွားလုပ်ငန်း တိုးတက်ကောင်းမွန်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။

ကျော်ထက်

ပရိသတ်များအားလုံးပဲ နှစ်သစ်မှာ ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို အောင်အောင်မြင်မြင်လုပ် နိုင်ပါစေ။ စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ စိတ်ထဲက ကြံစည်သမျှ အောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။

စစ်နိုင်

ဒီနှစ်သစ်ကစလို့ ကျွန်တော့်ကို အားပေးတဲ့ ချစ်ရတဲ့ပရိသတ်တွေရော အားလုံးသောလူတွေရော စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။ လိုအင်ဆန္ဒတွေအားလုံးလည်း အတားအဆီးမရှိ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

Most Read

Most Recent