UMFCCI အနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုန်သည်စက်မှုအသင်းများ စီးပွားရေးဆိုင်ရာအဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ ၄၆ ခု ရေးထိုးခဲ့

UMFCCI အနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုန်သည်စက်မှုအသင်းများ စီးပွားရေးဆိုင်ရာအဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ ၄၆ ခု ရေးထိုးခဲ့
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (၃၁) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင်  ဦးဇော်မင်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (၃၁) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင်  ဦးဇော်မင်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်
Published 23 December 2022

UMFCCI အနေဖြင့်  ၂၀၁၆ ခုနှစ်မှာ ၂၀၂၂ ခုနှစ်အထိ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုန်သည်စက်မှုအသင်းများ စီးပွားရေးဆိုင် ရာအဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့ကြောင်း UMFCCI အသင်း၏ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပန်းပဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ  Pan Pacific Hotel တွင် ပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(၃၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမှာလည်း၂၀၁၆  မှ ၂၀၂၂ ခုနှစ်အတွင်း(၁၇) နှစ်နိုင်ငံမှ ကုန်သည်စက် မှုအသင်းများ၊ စီးပွားရေးဆိုင်ရာအဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ ၄၆ ခုကို လက်မှတ်ရေးထိုး၊ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖိုရမ်ကျင်းပခြင်း၊ စျေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်နိုင်ခြင်း၊ စက်မှုစိုက်ပျိုးနည်းပညာဆိုင်ရာသုတေသနလုပ်ငန်းဆောင်ရွက်ခြင်းနှင့် စက်မှုဇုန်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပါဝင်အထောက်အကူပြုနိုင်ခြင်းတို့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးစေခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည်များအသင်းနှင့် သုံးလတစ်ကြိမ်ပုံမှန်တွေ့ဆုံ၍ စီးပွားရေး ဆိုင်ရာကိစ္စရပ်များ အမြင်ဖလှယ်အဖြေရှာပြီး သက်ဆိုင်ရာကော်မတီများ၊ ဝန်ကြီးဌာနများသို့ အကြံပြုတင်ခြင်းများဆောင်ရွက်ခဲ့ပါတယ်”ဟု UMFCCI ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် အသင်းချုပ်အနေဖြင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍလုပ်ငန်းများ ပိုမိုအဆင်ပြေစေရေးနှင့်ပတ်သက်ပြီး ဘဏ်လုပ်ငန်းဆိုင် ရာကိစ္စရပ်များ၊ FDA One Time Permit ကိစ္စရပ်များ၊ သွင်းကုန် လိုင်စင်ကိစ္စရပ်များ၊  Export Earning ကိစ္စတို့ကို နိုင်ငံခြားငွေကြေး လဲလှယ်မှုကြီးကြပ်ရေးကော်မတီ (FESC)၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန် ကန်မြန်ဆန်စေရေးကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရာတွင်ယွမ်/ကျပ်တိုက်ရိုက် အသုံးပြု ပေးချေနိုင်ရေး၊ ထိုင်း-မြန်မာနယ်စပ်ကုန် သွယ်ရေးတွင် ဘတ် /ကျပ်တိုက်ရိုက် အသုံးပြုပေးချေနိုင်ရေးများ ကိုအသင်းအဖွဲ့/ဌာနဆိုင်ရာများနှင့် ပေါင်း စပ်ညှိနှိုင်းပေးခြင်းများ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ယင်းအပြင် ပို့ကုန်တင်ပို့ရေးကဏ္ဍတွင် ပဲအမျိုးမျိုးနှင့် ပြောင်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ GACC အသိအမှတ်ပြုမှတ်ပုံတင်ခွင့်ရရှိရေးကိစ္စ၊ သံ၊ သံမဏိ၊ ပလတ်စတစ်၊ ကော်စေ့လုပ်ငန်းများ၊ စားသောက်ကုန်နှင့် စက်မှုကုန်ကြမ်းများစသည့် ကုန်ပစ္စည်းများ သွင်းကုန်လိုင်စင်ရရှိစေရေး လျှောက်ထားပေးမှုများတွင် ပါဝင်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

Most Read

Most Recent