လီဆွန်းဂီက Hook Entertainment ၏ CEO ကွမ်ဂျင်ယောင်းအပြင် ယခင်နှင့် လက်ရှိဒါရိုက်တာများကို တရားစွဲဆို

လီဆွန်းဂီက Hook Entertainment ၏ CEO ကွမ်ဂျင်ယောင်းအပြင် ယခင်နှင့် လက်ရှိဒါရိုက်တာများကို တရားစွဲဆို
Photo: Allkpop
Photo: Allkpop
Published 23 December 2022

တောင်ကိုရီးယားသရုပ်ဆောင် မင်းသား လီဆွန်းဂီသည် Hook Entertainment ၏ CEO ကွမ်ဂျင်ယောင်းနှင့် ယခင်နှင့် လက်ရှိ ဒါရိုက်တာများကို တရားစွဲဆိုခဲ့သည်ဟု သိရသည်။

လီဆွန်းဂီ၏ တရားရေးကိုယ်စားလှယ်က “ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ Hook Entertainment ရဲ့ CEO ကွမ်ဂျင်ယောင်းအ အပါအဝင် ယခင်နဲ့ လက်ရှိဒါရိုက်တာတွေကို ဆိုးလ်ဗဟိုခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်”ဟု ထုတ်ပြန်ခဲ့သည်။

“မကြာသေးမီက ထွက်ပေါ်လာတဲ့ အစီရင်ခံစာတစ်ခုအရ Hook Entertainment ရဲ့ ယခင်နဲ့ လက်ရှိဒါရိုက်တာတွေဟာ လီ ဆွန်းဂီကို လိမ်လည်လှည့်ဖြားခဲ့ပြီး သူ့ရဲ့ကြော်ငြာမော်ဒယ်ကရရှိတဲ့ ဝင်ငွေတွေကို လိမ်ညာယူခဲ့ကြပါတယ်။ နှစ်အတော်ကြာတဲ့အထိ လီဆွန်းဂီဟာ သူ့ရဲ့ကြော်ငြာမော်ဒယ်ခရဲ့ ၁၀ ရာခိုင်နှုန်းကို အေဂျင်စီခဆိုပြီး ပေးရတယ်လို့ ထင်နေခဲ့တာပါ။ ဒါပေမဲ့ တကယ်တော့ယခင်နဲ့ လက်ရှိဒါရိုက်တာတွေက အဲဒီငွေတွေကို အချင်းချင်းခွဲဝေယူနေကြတာပါ” ဟု ဆက်လက်ဖော်ပြခဲ့သည်။

လီဆွန်းဂီသည် ယင်းပြဿနာကို ထုတ်ဖော်ပြောကြားခဲ့သည့်အတွက် Hook Entertainment က နောက်ဆုံးတွင် ဝန်ခံခဲ့ပြီး ဒီဇင် ဘာ ၁၆ ရက်တွင် တေးဂီတမှရရှိသည့် အကျိုးအမြတ်တစ်စုံတစ်ရာမပါဝင်ဘဲ ကြော်ငြာခသီးသန့် ဝမ်သန်း ၆၃၀ (ဒေါ်လာ ၄၉၄,၁၉၅) ကို ပေးချေခဲ့သည်။

“Hook Entertainment က လီဆွန်းဂီကို တစ်ဖက်သတ်ပေးချေခဲ့တဲ့ငွေကြေးဟာ လီဆွန်းဂီ သတိပြုမိတဲ့ ပမာဏနဲ့ သိသိသာ သာ ကွာခြားနေပါတယ်။ အဲဒါကြောင့် လီဆွန်းဂီဟာ Hook Entertainment နဲ့ သူနဲ့ သက်ဆိုင်တဲ့သူတွေကို တေးဂီတအမြတ်ငွေများအား မပေးချေမှုနှင့် ၎င်းတို့၏ တရားမဝင်လုပ်ဆောင်မှုများမှ ကြုံတွေ့ရသည့်နစ်နာမှုများအတွက် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်” ဟု ထုတ်ပြန်ထားသည်။

ဆက်လက်၍ “လီဆွန်းဂီအနေနဲ့ ၎င်းကဲ့သို့ နစ်နာသူတွေ မရှိသင့်ဘူးလို့ယူဆထားတဲ့အတွက် Hook Entertainment ရဲ့ CEO နဲ့ ဒါရိုက်တာတွေကို တရားစွဲဆိုလိုက်တာဖြစ်ပြီးအမှန်တရားကို အကောင်းဆုံးဖော်ထုတ် သွားမှာဖြစ်ပါတယ်”ဟု အဆုံးသတ်ဖော်ပြ ခဲ့သည်။

Most Read

Most Recent