ဗြိတိန်အဆိုတော် အယ်လ်တန်ဂျွန်က Twitter အသုံးပြုမှု ရပ်တန့်

ဗြိတိန်အဆိုတော် အယ်လ်တန်ဂျွန်က Twitter အသုံးပြုမှု ရပ်တန့်
Photo: Reuters
Photo: Reuters
Published 10 December 2022

ဗြိတိန်အဆိုတော် အယ်လ်တန်ဂျွန်သည် ဒီဇင်ဘာ ၉ ရက်တွင် လူမှုမီဒီယာTwitter အသုံးပြုမှုကို ရပ်တန့်ခဲ့ပြီး ဘီလျံနာ အီ လွန်မာ့စ်က Twitter ကို ဝယ်ယူခဲ့ပြီးနောက် Twitter အသုံးပြုမှုကို ရပ်တန့်ခဲ့သည့်နောက်ဆုံး အထင်ကရအနုပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

လက်ရှိတွင် ကမ္ဘာလှည့်ဖျော်ဖြေပွဲပြုလုပ်နေသည့် ဂျွန်က Twitter ၏ မကြာသေးမီက မူဝါဒပြောင်းလဲမှုကြောင့် Twitter အ သုံးပြုမှု ရပ်တန့်လိုက်ခြင်းဖြစ်သည်ဟု ပြစ်တင်ပြောကြားခဲ့သည်။

“ကျွန်တော့်ဘဝတစ်လျှောက်လုံး ဂီတနဲ့ လူတွေကို တစ်ပေါင်းတစ်စည်းထဲ စုစည်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အခုအချိန်မှာတော့ သတင်းအမှားတွေဟာ ကျွန်တော်တို့ရဲ့ကမ္ဘာကို ဘယ်လိုပိုင်းခြားပစ်လိုက်လဲဆိုတာ မြင်ရတော့ တော်တော်ဝမ်းနည်းမိပါတယ်”ဟု ဂျွန်က ၎င်း၏ Twitter Follower ၁.၁ သန်းကို ပြောကြားခဲ့သည်။

“ကျွန်တော် Twitter ကို မသုံးတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သတင်းအမှားတွေကို မစစ်ဆေးဘဲ ခွင့်ပြုပေးမယ်ဆိုတဲ့ မူဝါဒအ ပြောင်းအလဲတွေကြောင့် ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

Tiny Dancer နှင့် Rocket Man ကဲ့သို့ နာမည်ကျော်သီချင်းများနှင့် လူသိများသည့် အသက် ၇၅ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့်အပြင် အဆိုတော်တစ်ဦးလည်းဖြစ်သည့် ဂျွန်က စူပါမော်ဒယ် ဂျီဂျီဟာဒစ်၊ စာရေးဆရာ ရွှန်ဒါရိုင်းမ်စ်နှင့်White Stripes ဂစ်တာသမားဟောင်း ဂျက်ဝှိုက်တို့ အပါအဝင် မကြာသေးမီက Twitter အသုံးပြုမှုကို ရပ်တန့်ခဲ့သည့် အထင်ကရအနုပညာ ရှင်စာရင်းတွင် အပါအဝင်ဖြစ်လာခဲ့သည်။

“ကျွန်တော် ခင်ဗျားရဲ့ သီချင်းတွေကို ကြိုက်ပါတယ်။ ခင်ဗျား Twitter ပြန်သုံးဖို့ မျှော်လင့်ပါတယ်။ ခင်ဗျား အထူးတလည်စိုး ရိမ်နေတဲ့ သတင်းအမှားတစ်ခုခုများ ရှိနေသလား”ဟု ဂျွန်၏ပို့စ်ကို အီလွန်မာ့စ်က တုံ့ပြန်ရေးသားခဲ့သည်။

တက်စ်လာ CEO အီလွန်မာ့စ်က Twitter ကို အမေရိကန်ဒေါ်လာ ၄၄ ဘီလျံဖြင့် ဝယ်ယူလိုက်ချိန်ကတည်းက COVID-19 နှင့်ဆက်နွှယ်သည့် သတင်းအမှားများတိုက် ဖျက်မှုအပါအဝင် မူဝါဒအချို့ကို ပြောင်းလဲခဲ့ပြီး ယခင်က တားမြစ်ပိတ်ပင်ထားသောသမ္မတဟောင်း ဒေါ်နယ်ထရန့်၏ အကောင့်အပါအဝင် အကောင့်အများအပြားကို ပြန်ဖွင့်ပေးခဲ့သည်။

Most Read

Most Recent