အကြမ်းဖက်မှု လှုံ့ဆော်မှုဖြင့် အီလွန်မာ့စ်က ကန်ညေးဝက်စ်၏ Twitter အကောင့်ကို ဆိုင်းငံ့

အကြမ်းဖက်မှု လှုံ့ဆော်မှုဖြင့် အီလွန်မာ့စ်က ကန်ညေးဝက်စ်၏ Twitter အကောင့်ကို ဆိုင်းငံ့
Photo:Getty Images
Photo:Getty Images
Published 2 December 2022

ကန်ညေးဝက်စ်သည် Twitter ပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ပို့စ်များ ရေးသားခဲ့သည့်အတွက် အကြမ်းဖက်မှုလှုံ့ ဆော်မှုသံသယဖြင့် ၎င်း၏အကောင့် ပိတ်ပင်ခံခဲ့ရသည်ဟု သိရသည်။

အမေရိကန်ရက်ပ်အဆိုတော် ဝက်စ်က နာဇီအလံသင်္ကေတတစ်ခုကို တင်ခဲ့သည့် ပို့စ်အပါအဝင် စိတ်အနှောင့်အယှက်ဖြစ်စေ သော ပို့စ်များကို ဆက်တိုက်တင်ခဲ့ပြီးနောက် ၎င်း၏အကောင့်ပိတ်ခံခဲ့ရခြင်းဖြစ်သည်။

Twitter အသုံးပြုသူတစ်ဦးက ဝက်စ်၏ Twitter အကောင့်နှင့်ပတ်သက်ပြီး Twitter CEO အီလွန်မာ့စ်ကို မေးမြန်းခဲ့ရာ၌ မာ့စ်က  ဝက်စ်သည် အကြမ်းဖက်မှုကို လှုံ့ဆော်သည့် ၎င်းတို့၏ မူဝါဒကို ချိုးဖောက်နေသည်ဟုပြန် လည်ဖြေကြားခဲ့သည်။

“အကောင့်ကို ဆိုင်းငံ့ထားပါတယ်”ဟု မာ့စ်က Twitter တွင် ရေးသားခဲ့သည်။

လက်ယာယိမ်း လူမှုမီဒီယာပလက်ဖောင်း Parler က ဝက်စ်အနေဖြင့် ၎င်းတို့၏ ကုမ္ပဏီကို ဝယ်ယူနိုင်တော့မည်မဟုတ်ဟု ပြောကြားခဲ့ပြီးနောက် ယင်းသတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“ကုမ္ပဏီအနေနဲ့ ရောင်းချဖို့ ရည်ရွယ်ချက်ကို ရပ်ဆိုင်းလိုက်ဖို့ နှစ်ဦးသဘောတူဆုံး ဖြတ်လိုက်ပါတယ်”ဟု Parlement Technologies က ထုတ်ပြန်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကို နိုဝင်ဘာလလယ် ပိုင်းက ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ကုမ္ပဏီကဆိုသည်။

Parler သည် ကွန်ဆာဗေးတစ်နှင့်လက် ယာယိမ်းများအကြား ထင်ရှားသည့် သေးငယ်သော လူမှုမီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်သည်။

“Parler အနေနဲ့ ကျွန်တော်တို့ရဲ့ တက် ကြွတဲ့အသိုင်းအဝိုင်းအတွက် ပလက်ဖောင်းရဲ့ တိုးတက်မှုနဲ့ ဆင့်ကဲဖြစ်စဉ်တွေအတွက် အနာဂတ်အခွင့်အလမ်းတွေကို ဆက်လက်ရှာဖွေသွားမှာဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝက်စ်သည် ဇနီးဟောင်းဖြစ်သူကင်ကာ ဒါရှီယန်နှင့် ကွာရှင်းပြတ်စဲမှုမှာ ပြီးပြတ်သွားပြီဖြစ်ပြီး ကလေးအုပ်ထိန်းခွင့်အတွက် နောက်လပြုလုပ်မည့်ကြားနာမှုကို ပြုလုပ်စရာမလိုတော့ပေ။

ဝက်စ်သည် ဇနီးဟောင်းကင်အား ကလေးထောက်ပ့ံစရိတ် တစ်လလျှင် အမေရိကန်ဒေါ်လာ နှစ်သိန်းပေးမည်ဟု ၎င်းတို့ချင်း သဘောတူညီမှုရထားသည့် အချက်များပါ စာရွက်စာတမ်းများတွင် ပါရှိခဲ့သည်။

Most Read

Most Recent