El Clasico ပွဲအပြီးတွင် ပယ်နယ်တီပေးသည့် ဆုံးဖြတ်ချက်အတွက် ဖြေရှင်းရန် ဒိုင်လူကြီးများကို ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာ တောင်းဆိုခဲ့

El Clasico ပွဲအပြီးတွင် ပယ်နယ်တီပေးသည့် ဆုံးဖြတ်ချက်အတွက် ဖြေရှင်းရန် ဒိုင်လူကြီးများကို ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာ တောင်းဆိုခဲ့
Photo: Daily Mail
Photo: Daily Mail
Published 18 October 2022

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာ ပေါ်တာသည် El Clasico ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းအား ရှုံးနိမ့် သည့်ပွဲအပြီးတွင် ဒိုင်လူကြီးများ၏ အဝတ်လဲခန်းသို့သွားရောက်၍ ပယ် နယ်တီပေးသည့် ဆုံးဖြတ်ချက်အ တွက် ဖြေရှင်းရန် တောင်းဆိုခဲ့ ကြောင်း သိရသည်။

    

လာလီဂါပွဲစဉ် (၉)အဖြစ် ရီး ယဲလ်နှင့် ဘာစီလိုနာအသင်းတို့ တနင်္ဂနွေညပိုင်း က ဘာနေဗျူးကွင်း၌ ယှဉ်ပြိုင်ကစားရာ အိမ်ရှင်အသင်းက (၃-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ရီးယဲလ်အသင်း (၂-၁)ဂိုးဖြင့် အနိုင်ရ ရှိနေစဉ် အနိုင်သေချာစေမည့် တတိ ယဂိုးကို နာကျင်အချိန်ပို (၉၀+၁) မိနစ်တွင် ရိုဒရီဂိုက ပယ်နယ်တီမှ တစ်ဆင့် သွင်းယူခဲ့ပြီး ယင်းပယ်နယ် တီမပေးမီ VAR ဒိုင်အဖွဲ့က ကွင်း လယ်ဒိုင် ဆန်းချက်ဇ်မာတီနက်ဇ် အား ကွင်းနံဘေးရှိ မော်နီတာကို သွားရောက်ကြည့်ရှုစစ်ဆေးရန် အကြံပြုခဲ့သော်လည်း လီဝန်ဒေါစ ကီးနှင့် ကာဗာဟယ်လ်၏ ဖြစ်ရပ်တွင် မူ ပြန်လည်စစ်ဆေးခြင်းမရှိသဖြင့် လာပေါ်တာက ဒေါသပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    

''ပွဲပြီးချိန်တွင် ဒိုင်အဖွဲ့ အဝတ် လဲခန်းသို့ ပြန်လည်ရောက်ရှိလာစဉ် ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာ ဝင် ရောက်လာပြီး ပွဲအတွင်း ချမှတ်ခဲ့ သည့် ဆုံးဖြတ်ချက်အချို့အတွက် ဖြေရှင်းချက်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ အခြားဖြစ်ရပ် ဖြစ်ပွားခြင်းမရှိဘဲ လာပေါ်တာက အ ဝတ်လဲခန်းမှ ထွက်လာရန် တောင်း ဆိုခဲ့ခြင်းဖြစ်သည်'' ဟု ဒိုင်အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    

ဘာစီလိုနာနည်းပြ ဇာဗီကမူ ဒိုင်ဆုံးဖြတ်ချက်ကို ဝေဖန်ခြင်းမပြု သော်လည်း ရှုံးပွဲနှင့် မထိုက်တန် ကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent