ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေသော မြန်မာနိုင်ငံနှင့် ဗဟိုဘဏ်ဆောင်ရွက်ချက်များ

ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေသော မြန်မာနိုင်ငံနှင့် ဗဟိုဘဏ်ဆောင်ရွက်ချက်များ
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်) ကို တွေ့ရစဉ် (Photo: Central Bank of Myanmar)
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်) ကို တွေ့ရစဉ် (Photo: Central Bank of Myanmar)
Published 16 October 2022

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း ရုရှား-ယူကရိန်းစစ်ပွဲအကျိုး ဆက်ကြောင့် လောင်စာဆီစျေးနှုန်းမြင့်တက်ခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက် ခြင်းတို့ကြောင့် အစားအစာနှင့် အခြားကုန် စည်စျေးနှုန်းများ မြင့်တက်ခြင်းမှ တစ်ဆင့် ငွေကြေးဖောင်းပွမှုနှုန်း pass through inflation မြင့်တက်ခြင်းကို ကြုံတွေ့ရလျက် ရှိသည်။

COVID-19 ကပ်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း ငွေကြေးမူဝါဒပိုင်းဆိုင်ရာ ဖြေလျှော့မှုများ၊ ဘဏ္ဍာရေးမူဝါဒပိုင်းဆိုင်ရာ ငွေကြေးထောက်ပံ့မှုများကြောင့် လှည့်လည် သုံးစွဲငွေမြင့်တက်ခဲ့သဖြင့် သီးသန့်ငွေကြေး ပမာဏ Reserve Money – RM of Monetary Base  မြင့်မားလျက်ရှိသော်လည်း ငွေ ကြေးဆပွားကိန်း Money multiplier ၏ သက်ရောက်မှုအားနည်းခြင်း၊ တစ်နည်းအား ဖြင့် ဘဏ်လုပ်ငန်းကဏ္ဍ၏ လုပ်ဆောင်ချက် များ နှေးကွေးခြင်းကြောင့်လည်းကောင်း၊ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အပ်ငွေထုတ် ယူမှု များပြားခဲ့ခြင်းတို့ကြောင့်လည်းကောင်း  စီးပွားရေးတိုးတက်မှုကိုတွန်းအားပေးမည့် စုစုပေါင်း ငွေကြေးပမာဏ Money Supply – MS Broas Money – bM  တိုးတက်မှု နှုန်းသည် သိသာစွာကျဆင်းခဲ့ပြီး မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ငွေကြေးပမာဏ ရည်မှန်း ချက်အောက် ရောက်ရှိလျက်ရှိကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘောဂဗေဒသီအိုရီအရ ငွေကြေးပမာဏ၊ ငွေကြေးဖောင်းပွမှုနှုန်းနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုတို့သည် တိုက်ရိုက်ဆက်စပ်မှု ရှိသော်လည်း လတ်တလောမြန်မာနိုင်ငံအပါ အဝင် ကမ္ဘာ့နိုင်ငံများတွင် ကပ်ရောဂါဘေး၊ နိုင်ငံရေး၊ စစ်ရေး စသည်တို့ဖြင့် ပုံမှန်မဟုတ် သောအခြေအနေများဖြင့် ရင်ဆိုင်ရလျက်ရှိ ရာ သမားရိုးကျ ငွေကြေးမူဝါဒနည်းလမ်း များထက် နိုင်ငံ၏ မေခရိုစီးပွားရေးအခြေခံ များနှင့် လိုက်လျောညီထွေဖြစ်မည့် မူဝါဒ နည်းလမ်းများကို ချမှတ်ကျင့်သုံးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

၁၁ ဒသမ ၇၉ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်လာသည့် ငွေကြေးဖောင်းပွမှုနှုန်း

ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက် အရ ၂၀၂၂ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၁၁ ဒသမ ၇၉ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာကြောင်း သိရသည်။

မေလတွင်မြန်မာနိုင်ငံ၏ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း Annual  Rate Inflation မှာ ၁၁ ဒသမ ၇၉  ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း Year on Year  Inflationမှာ ၁၈ ဒသမ ၁၅ ရာခိုင် နှုန်းဖြစ်သည်။

၂၀၂၁ ခုနှစ် မေလတွင်  မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၂ ဒသမ ၂၇ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၂၂ ခုနှစ် မေလ တွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၇၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ် သည်။

လအလိုက် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံ ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင်၂ ဒသမ ၆၁ ရာခိုင်နှုန်း၊ မတ်လတွင် ၂ ဒသမ ၂၈ ရာခိုင် နှုန်း၊ ဧပြီတွင် ၂ ဒသမ ၁ရရာခိုင်နှုန်း၊ မေလတွင် ၂ ဒသမ ၂၇ ရာခိုင်နှုန်း၊ ဇွန်လတွင် ၂ ဒသမ ၄၀ ရာ ခိုင်နှုန်း၊ ဇူလိုင်တွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်း၊ သြဂုတ်တွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ စက်တင် ဘာတွင် ၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ အောက်တို ဘာတွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၂၂ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ တွင် ၇ ဒသမ ၃ဝရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၈ ဒသမ ၃၅ ရာ ခိုင်နှုန်း၊ မတ်လတွင် ၉ ဒသမ ၅၇ ရာခိုင်နှုန်း၊ ဧပြီတွင်  ၁၀ ဒသမ ၇၂ ရာခိုင် နှုန်း၊ မေလတွင် ၁၁  ဒသမ ၇၉ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ပါးစေရန် အချို့နိုင်ငံများအနေဖြင့် အတိုးနှုန်းမြှင့်တင်ခြင်း ဆောင်ရွက်လျက်ရှိ

COVID-19 ၏ စီးပွားရေးစနစ်အပေါ် သက်ရောက်မှုများ၊ ရုရှား-ယူကရိန်းစစ်ပွဲ ကြောင့် ဖြစ်ပေါ်လာသော ဆင့်ကဲအကျိုး ဆက်များကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် တွေ့ ကြုံခံစားနေရသည့်ငွေကြေးဖောင်းပွမှုကို လျော့ပါးစေရန် မိမိတို့နိုင်ငံ၏ မေခရို စီးပွားရေးအခြေအနေများအရ အတိုးနှုန်းမြှင့် တင်ခြင်းကို ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံ စီးပွားရေး အခြေအနေများကြောင့် ငွေကြေး ဖောင်းပွမှုနှုန်း မြင့်တက်နေသော်လည်း အ တိုးနှုန်း မြှင့်တင်ခြင်းမပြုဘဲ ဖြေလျှော့သည့် ငွေကြေးမူဝါဒ ကျင့်သုံးလျက်ရှိသည့်နိုင်ငံများ လည်းရှိကြောင်း၊ ဥပမာအားဖြင့် တရုတ်၊ ဂျပန်၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်း၊ ဘရာ ဇီးနှင့် ရုရှားနိုင်ငံတို့ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့မှလည်း ကျင့်သုံးသင့် သည့် ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးမူဝါဒများ သုံးသပ်တင်ပြရာ နိုင်ငံများ ရင်ဆိုင်ရလျက် ရှိသည့် ငွေကြေးဖောင်းပွမှုနှုန်းဖိအားသည် ငွေကြေးမူဝါဒကို တင်းကျပ်သည့် ငွေကြေး မူဝါဒကျင့်သုံးရန် တွန်းအားပေးနေပြီး မူဝါဒ ချမှတ်မှုတွင် စိန်ခေါ်မှုများ ရင်ဆိုင်ရလျက်ရှိ ရာ နိုင်ငံများအနေဖြင့် စီးပွားရေးအခြေအနေ ကွာဟမှုရှိသဖြင့် မိမိနိုင်ငံ၏မေခရိုစီးပွားရေး အခြေအနေများအပေါ်မူတည်၍ ဆောင် ရွက်ရန်လိုအပ်ကြောင်း ထောက်ပြထားသည်။

တင်းကျပ်သော ငွေကြေးမူဝါဒနည်းလမ်းဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချ ခြင်းသည် စီးပွားရေးတိုးတက်မှုကို အဟန့်အ တားဖြစ်စေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဖိ အားကို ပိုမိုမြင့်မားစေနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းမှာ မျှော်မှန်းချက်အောက် ရောက်ရှိနေခြင်း၊ စီးပွားရေးတိုးတက်မှုကို ပံ့ ပိုးပေးနိုင်မည့် စုစုပေါင်းငွေကြေးပမာဏတိုး နှုန်းသည် မျှော်မှန်းချက်အောက်လျော့နည်း ခြင်း၊ ချေးငွေတိုးတက်မှုနှုန်းများ နှေးကွေးကျ ဆင်းခြင်းနှင့်ဘဏ်များ၏ Credit Expansion  ဆောင်ရွက်နိုင်မှု အားနည်းခြင်းတို့ ကြောင့် ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ် ရန် ငွေကြေးမူဝါဒနည်းလမ်းများမှ နည်းလမ်း တစ်ရပ်ဖြစ်သည့် အတိုးနှုန်းမြှင့်တင်ခြင်းအား ဆောင်ရွက်မည်ဆိုပါက ဘဏ်များ၏အတိုး စရိတ်မြင့်တက်လာနိုင်ခြင်း၊ ချေးငွေအတိုး နှုန်း မြင့်တက်လာခြင်းကြောင့် ထုတ်လုပ်မှု စရိတ် မြင့်မားနိုင်ခြင်း၊ အရှိန်ယူစ စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးရန် COVID-19 ချေး ငွေမှသက်သာသောအတိုးနှုန်းဖြင့် ချေးငွေ များ ပံ့ပိုးနေရခြင်း၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုတွန်းအားပေးရန် လိုအပ်နေ သေးခြင်းတို့ကြောင့် လတ်တလောတွင်အတိုး နှုန်းမြှင့်တင်ရန် မသင့်သေးကြောင်း တွေ့ရှိရ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငွေကြေးဖောင်းပွမှု မြင့်မားခြင်းကို ထိန်းကျောင်းမည့်  ငွေကြေးမူဝါဒ

ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်မားခြင်း ကို လျှော့ချထိန်းကျောင်းနိုင်ရန် ငွေကြေးမူ ၀ါဒနည်းလမ်းတစ်ခုမှာ အနည်းဆုံးသီးသန့် ငွေလိုအပ်ချက်အချိုး မြှင့်တင်ခြင်းဖြစ်သည်။ သို့သော် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် အချိုးမြှင့်တင်ပါက ပုံမှန်အနေအထားသို့ စ တင်ပြန်လည်ရောက်ရှိလာသော ဘဏ်လုပ် ငန်းကဏ္ဍ၏ ငွေကြေးလည်ပတ်မှုကို ထိခိုက် စေပြီး နိုင်ငံ၏ စီးပွားရေးစနစ်လည်ပတ်မှုအ ပေါ် များစွာ သက်ရောက်စေနိုင်မည်ဖြစ် ကြောင်း ဗဟိုဘဏ်မှ သိရသည်။

၂၀၂၀ ပြည့်နှစ် မတ်လတွင်ဖြစ်ပေါ်ခဲ့ သည့် COVID-19 ကပ်ရောဂါကြောင့် စီး ပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများသက် သာစေရန်နှင့်ဘဏ်လုပ်ငန်းကဏ္ဍ၏ ငွေ ကြေးလွယ်ကူမှုကို အထောက်အကူပြုစေရန် မြန်မာကျပ်ငွေဖြင့် ထားရှိရမည့်အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်အချိုးကို ငါးရာခိုင် နှုန်းမှ သုံးရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သည်။

ထပ်မံ၍ ဘဏ်များ၏ငွေကြေးလွယ်ကူ မှုကို ပိုမိုအထောက်အကူပြုစေရန် အနည်း ဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး သုံးရာခိုင် နှုန်းတွင် ဘဏ်များမှ ဗဟိုဘဏ်တွင်ထားရှိ သည့် စာရင်းရှင်အပ်ငွေ CAB ဖြင့် ၂ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် ငွေသားဖြင့် သုည ဒသမ ၇၅ ရာခိုင်နှုန်းထားရှိရန် ၂၀၂၁ ခုနှစ် ဒီဇင် ဘာ ၈ ရက်မှစ၍ သတ်မှတ်ခွင့်ပြုထားသည်။

ယင်းသို့ စာရင်းရှင်အပ်ငွေ CAB နှင့် လက်ဝယ်ရှိငွေသားများဖြင့် ပိုင်းခြားလျက် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်သတ်မှတ်  သည့် ငွေကြေးမူဝါဒနည်းလမ်းကို ကိုရီးယား၊ အမေရိကန်၊ ဆွစ်ဇာလန်နှင့် ထိုင်းနိုင်ငံတို့ တွင် ကျင့်သုံးလျက်ရှိသည်ဟုဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် စီးပွားရေးစနစ်အတွင်းရှိ ငွေကြေးအခြေအ နေများကို စောင့်ကြည့်လျက်ရှိပြီး လိုအပ် သော မူဝါဒဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း ထုတ်ပြန် ထားသည်။

လတ်တလောတွင် ဘဏ်များလက်ဝယ် ရှိငွေသားများမှာ အတန်အသင့်ပိုလျှံများပြား လျက်ရှိသော်လည်း ချေးငွေထုတ်ချေးနိုင်မှု နည်းပါးလျက်ရှိရာ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု မျှော်မှန်းချက်နှင့် ဘဏ်များ၏ငွေ ကြေးလည်ပတ်မှုတို့အပေါ် သက်ရောက်မှုမရှိ စေရန် လက်ရှိသတ်မှတ်ထားသော အနည်း ဆုံး သီးသန့်ငွေလိုအပ်ချက်အချိုး သုံးရာခိုင် နှုန်းကို ပြောင်းလဲမှုမရှိဘဲ ဘဏ်များမှဗဟို ဘဏ်တွင်ထားရှိသည့် စာရင်းရှင်အပ်ငွေ  CAB ဖြင့် ၂ ဒသမ ၂၅ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာ ခိုင်နှုန်းသို့ တိုးမြှင့်၍ ငွေသားဖြင့် သုည ဒသမ ၇၅ ရာခိုင်နှုန်းမှ သုည ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချပြင်ဆင်သတ်မှတ်မည် ဖြစ်ကြောင်း  သိရသည်။

တစ်ပြိုင်တည်းတွင် အနည်းဆုံးသီးသန့် ငွေလိုအပ်ချက်ထက် ပိုလျှံသော ပျမ်းမျှပိုလျှံ သီးသန့်ငွေ Average excess  CAB အပေါ် အနည်းဆုံးပမာဏနှင့် အများဆုံးပမာဏ Range တစ်ခုသတ်မှတ်၍ အတိုးပေးမည် ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ဘဏ်များအတွက် အတိုးဝင်ငွေရရှိစေပြီးလုပ် သာကိုင်သာရှိမှုအခြေအနေ ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အတိုးနှုန်းနှင့်အတိုးပေးမည့် ပျမ်းမျှပို လျှံငွေ Range သတ်မှတ်ချက်ကို ဘဏ်များ၏ ငွေကြေးလွယ်ကူမှု၊ ဘဏ်အချင်းချင်းစျေး ကွက် အတိုးနှုန်းပြောင်းလဲမှု အခြေအနေများ အပေါ်တွင် ကာလအလိုက် သုံးသပ်၍ လို အပ်သလိုပြင်ဆင်သွားမည်ဟု သိရသည်။

ငွေကြေးဖောင်းပွမှုသည် ကာလအတန် ကြာ အထွေထွေစျေးနှုန်း မြင့်တက်လာခြင်း ဖြစ်ပြီး လူအများ စားသုံးသည့်အခြေခံကုန် စည်များ၏ စျေးနှုန်းများ ဆက်တိုက်မြင့်တက် လာခြင်းကို ငွေကြေးဖောင်းပွမှုရှိသည်ဟု ဆို လိုခြင်းဖြစ်သည်။

အချိန်အတိုင်းအတာတစ်ခု၌ စီးပွားရေး ရပ်ဝန်းအတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင် မှုများ၏ အထွေထွေစျေးနှုန်း မြင့်တက်လာ သည့်အခါ တူညီသောငွေကြေးယူနစ်ဖြစ် သော်လည်း ပိုမိုနည်းပါးသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့ကိုသာ ဝယ်ယူနိုင်မည်ဖြစ် သည်။

တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှု သည် ငွေကြေး၏ဝယ်ယူနိုင်စွမ်း၊  ငွေကြေးယူ နစ်၏တန်ဖိုးကို  လျော့ကျစေခြင်းဖြစ်သည်။

ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်းကို ငွေကြေးဖောင်းပွမှုနှုန်း Inflation Rate ဟု ခေါ်ဆိုပြီး အထွေထွေစျေးနှုန်းအညွှန်းတစ် ရပ်ဖြင့်  နှစ်စဉ်ရာခိုင်နှုန်း အပြောင်းအလဲကို ဖော်ပြကာ အဆိုပါအညွှန်းကို စားသုံးသူစျေး ဆနှုန်း CPI – Consume Price Index ဟု ခေါ်ဆိုခြင်းဖြစ်သည်။

ဒေါ်လာငွေလဲနှုန်း မြင့်တက်ကာ ကျပ် ငွေတန်ဖိုး ကျဆင်းသွားခြင်းကြောင့် စီးပွား ရေးနယ်ပယ်အတွင်း ကြီးစွာလှုပ်ခတ်သွား ခဲ့သည်။

ကျပ်ငွေတန်ဖိုးကျဆင်းမှု၏ နောက် ဆက်တွဲအဖြစ် လူထုအပေါ် သက်ရောက်မှု အတွက် စိုးရိမ်ပူပြန်လာကြသည်။ စီးပွားရေး လုပ်ငန်းကြီးများနှင့် လုပ်ငန်းရှင်များကိုသက် ရောက်ခြင်းထက် အခြေခံလူထုအပေါ်သက် ရောက်နိုင်ခြေကို ပို၍ စဉ်းစားတွက်ချက်ရ တော့မည်ဖြစ်သည်။

ဒေသတွင်း နိုင်ငံများ၌အခြေခံလုပ်ခလစာအနိမ့်ဆုံးဖြစ်သည့်  မြန်မာနိုင်ငံတွင် ဆင်းရဲချမ်းသာကွာဟမှုကြီးသည့်အချက် ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။ အခြေ ခံလူထုကြားတွင် ဝင်ငွေနှင့်ထွက်ငွေ မမျှ သည့် ပြဿနာသည် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေသည်။

ငွေကြေးဖောင်းပွမှုသည် ဆင်းရဲ သော ပြည်သူလူထုကို အထိနာစေသကဲ့သို့ ပို၍ လည်း ဆင်းရဲမွဲတေစေသည်။ ထို့ အတူ ဆင်း ရဲသောနိုင်ငံများသည် ငွေကြေးဖောင်းပွမှု ဒဏ်ကို ချမ်းသာသော နိုင်ငံများထက် ပိုခံရ သည်။ နိုင်ငံလည်း မချမ်းသာ၊ ဆင်းရဲသော ပြည်သူလူထုလည်း များပြားသော မြန်မာ နိုင်ငံအနေဖြင့် တစ်ရှိန်ထိုး ဆက်တိုက်မြင့် တက်လာသော ငွေကြေးဖောင်းပွမှုနှုန်းနှင့် စားသုံးသူစျေးဆနှုန်းကို လျှော့ချနိုင်မည့် လက်တွေ့ကျသည့် မူဝါဒများကို ချမှတ်နိုင် ရန် လိုအပ်နေပြီဖြစ်သည်။        

ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချရန် ရည်ရွယ်သည့်မူဝါဒသည် ငွေကြေးဖောင်းပွ မှုဖြစ်ပွားရသည့်အကြောင်းရင်းအပေါ် မူ တည်ခြင်းကြောင့် အနာနှင့် ဆေးတည့်ရန် လိုအပ်လျက်ရှိသည်။

လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေး ဖောင်းပွမှုအခြေအနေသည် နိုင်ငံစီးပွားရေး တည်ငြိမ်ရေးအတွက် စိုးရိမ်ရမည့်အနေ အထားဖြစ်လာပြီး ပြည်သူ့စားဝတ်နေရေး ကိုလည်း ခြိမ်းခြောက်လာခြင်းကြောင့်  နိုင်ငံ တော်အစိုးရနှင့် မြန်မာနိုင်ငံတော် ဗဟို ဘဏ်တို့အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်း လျှော့ချနိုင်ရန် ဆောင်ရွက်ရမည့်အချိန် ရောက်ပြီဖြစ်သည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံတစ် နိုင်ငံ၏ စီးပွားရေးအခြေအနေကို အကဲဖြတ် ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ထိုက် သင့်သော ငွေကြေးဖောင်းပွမှုရှိရန် လိုအပ် သကဲ့သို့ လွန်ကဲသော ငွေကြေးဖောင်းပွမှု ကြောင့် နိုင်ငံများ ကာလကြာရှည် မတည် မငြိမ် ဖြစ်စေနိုင်ကြောင်းလည်း စီးပွားရေး ပညာရှင်များက ထောက်ပြခဲ့ကြသည်။

ငွေကြေးဖောင်းပွမှုကို တိုင်းတာမှုအ မျိုးမျိုးရှိပြီး ယေဘုယျအားဖြင့် အထွေထွေ စျေးနှုန်းများ ကာလကြာရှည်မြင့်တက်မှု သို့မ ဟုတ် နိုင်ငံတစ်ဝန်း လူနေမှုစရိတ်များ မြင့်တက်မှုဖြစ်သည်။

ရှိသင့်ရှိထိုက်သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ကျော်လွန်ပါက ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ဆိုးရွားစွာ ထိခိုက်စေသည့်အတွက် ဗဟိုဘဏ် နှင့် အစိုးရအနေဖြင့် သတိကြီးစွာထား၍ ထိန်းကျောင်းရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။    

Most Read

Most Recent