စစ်ကိုင်းတိုင်းဒေသကြီး ဟန်လင်းမြို့ဟောင်းရှိ သဲကျောက်ရုပ်တုကို နည်းပညာရပ်များအသုံးပြုပြီး တူးဖော်နိုင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ဟန်လင်းမြို့ဟောင်းရှိ သဲကျောက်ရုပ်တုကို နည်းပညာရပ်များအသုံးပြုပြီး တူးဖော်နိုင်ခဲ့
Published 27 September 2022

စစ်ကိုင်းတိုင်းဒေသကြီး ဟန်လင်းမြို့ နန်းတော်ဟောင်းအဝင် သဲကျောက်ရုပ်တု  ကို နည်းပညာရပ်များအသုံးပြုပြီး အောင်မြင် စွာတူးဖော်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါရုပ်တုမှာ သဲကျောက်ဖြင့် ပြု လုပ်ထားခြင်းဖြစ်ပြီး အမြင့် ၁၁ ပေ ခြောက်လက် မ၊ ဗျက် ငါးပေ၊ ကျောက်သားအထူဆုံးနေရာ တစ်ပေ ခြောက်လက်မ၊ အပါးဆုံးနေရာ တစ် ပေရှိကြောင်း သိရသည်။

ဟန်လင်းမြို့ဟောင်း ကမ္ဘာ့အမွေအနှစ် သတ်မှတ်ခံရပြီးနောက်ပိုင်း ကမ္ဘာ့အမွေအ နှစ်ဒေသများ ဌာနခွဲ၊ ဟန်လင်းဌာနစုမှ တူး ဖော်ခဲ့ပြီး ယင်းတူးဖော်မှုကြောင့် ဟန်လင်းမြို့ နန်းတော်ရာ မြို့ရိုးဝင်ပေါက်ကိုပါ တူးဖော်တွေ့ ရှိခဲ့ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်ကတည်း က ယင်းရုပ်တုနေရာကို တွေ့ရှိခဲ့ပြီး ဂျီအိုမက် ဂနစ်တက်ဆာဗေး (မြေအောက်ပစ္စည်း ပုံ သဏ္ဌာန်ဖမ်းစက်) ပုံရိမ်ဖမ်းယူခဲ့ကြောင်း၊ နန်း တော်ဝင်ပေါက်အရှေ့နားတွင် တွေ့ရခြင်းဖြစ် ကြောင်း၊ တူးဖော်မှုစတင်ခဲ့ကြောင်း၊ သဲကျောက် ရုပ်တုမှာ မှောက်ခုံအနေအထားဖြစ်နေ ကြောင်း၊ အီတလီ၊ ထိုင်းစသည့်နိုင်ငံများမှ ပညာရှင်များက လာရောက်လေ့လာခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တူးဖော်နေဆဲဖြစ်သည့် သဲကျောက်ရုပ်တုမှာ ကွဲအက်မှုများလာခဲ့ ကြောင်း၊ ကမ္ဘောဒီးယားပညာရပ်များ အတွေ့ အကြုံ၊ ကိုရီးယားနိုင်ငံ ရှေးဟောင်းထိန်းသိမ်း ရေးပညာရပ်များအတွေ့အကြုံ ပေါင်းစပ်ခဲ့ရ ကြောင်း၊ သဲကျောက်တုံးမှာ ကျောဘက်တွင် အစိတ်စိတ်အမြွှာမြွှာကွဲနေပြီး မျက်နှာပြင် ဘက်တွင် ကျောက်သား ကျစ်လစ်နေဆဲဖြစ် ကြောင်း၊ ၅ ရာစု၊ ၆ ရာစု ဂုတ္တလက်ရာဖြစ် ကြောင်း၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ တရုတ်၊ ဂျပန်နိုင်ငံများရှိ ရုပ်တုများနှင့် နှိုင်း ယှဉ်လေ့လာရာတွင် မဟာယာနနွယ်သည့်အ စောင့်ရုပ်တု (ဒွါရပါလ) ဖြစ်ကြောင်း၊ အချို့ ပညာရှင်များက တင်စားသုံးသပ်မှုရှိကြောင်း ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအေးက သုံး သပ်သည်။

အဆိုပါရုပ်တုတူးဖော်ရာတွင် ကိုယ်တိုင် ပါဝင်ခဲ့ဖူးသည့် ညွှန်ကြားရေးမှူး ဦးထွန်းထွန်း အေးက “အစိတ်အပိုင်းကြီး ငါးဆယ်၊ အစိတ် ငယ်က တစ်ရာကျော်ပါတယ်။ တစ်တုံးနဲ့တစ် တုံးကို ဖောက်ပြီး သံမဏိထည့် ကော်သွင်းယူ ပါတယ်။ ပျူခေတ်မှာ အစောင့်ရုပ်အဖြစ် အ ပီအပြင်တွေ့တာ ဒီတစ်ခုပဲရှိသေးတယ်။ ကျန် တာ နှစ်မြို့မှာက အစိတ်အပိုင်းပဲ တွေ့ရပါ တယ်။ မြန်မာဟန်တွေလည်း ဝင်နေပါတယ်။ လက်ကောက်၊ လက်မောင်း၊ ခြေချင်း၊ နားပန် နဲ့ လည်ပင်းမှာ နဂါးကိုးကောင်ပါတယ်။ သ မိုင်းတန်ဖိုးအားဖြင့် အင်မတန်ကြီးပါတယ်။ကျွန်တော်တို့လည်း ဒီလိုတူးဖော်နိုင်လို့ အင်မ တန်မှဂုဏ်ယူပါတယ်။ ဟန်လင်းခေတ်ရဲ့ ဗိ သုကာလက်ရာ၊ ယုံကြည်ကိုးကွယ်မှုတွေကိုပါ ဖော်ထုတ်နိုင်ပါတယ်”ဟု ဆိုသည်။

ကျောက်ချပ်ကို အရုပ်မှန်းသိသော်လည်း ကျောက်တုံးမှာ အစိတ်အစိတ်အမြွှာမြွှာကွဲနေ သည့်အတွက် ဖော်လိုက်ပါက ပြင်ပလေထုနှင့် ထိတွေ့ကာ အမှုန့်ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးအလွန် ကြီးမားကြောင်း၊ ပျက်စီးဆုံးရှုံးမှု မဖြစ်အောင် ၎င်းင်းအပေါ်တွင် ယာယီအဆောက်အအုံတည် ဆောက်ပြီး တူးဖော်ထိန်းသိမ်းရန်ဆောင်ရွက် ခဲ့ရကြောင်း၊ ရာနှင့်ချီသည့်အပိုင်းအစများကို ခက်ခက်ခဲခဲပြန်ဆက်ရင်း ရရှိခြင်းဖြစ်ကြောင်း၊ ဟန်လင်းသက်တမ်းနှင့် အခြားပျူမြို့ဟောင်း များနှင့် နှိုင်းယှဉ်ရာတွင် အင်မတန်အရေးပါ ကြောင်း၊ ပင်ပန်းဆင်းရဲခံကာအချိန်များစွာပေးပြီးလုပ်ဆောင်ခဲ့သည့် ဟန်လင်းဌာနစုကို ဂုဏ်ပြုကြောင်း ပုဂံကမ္ဘာ့အမွေအနှစ်ဌာနဒါ ရိုက်တာ ဦးကျော်မျိုးဝင်း (ဒုညွှန်မှူး) က ၎င်း၏ လူမှုကွန်ရက် Facebook ၌ ရေးသားထားသည်။

ယင်းရုပ်တုကြီး တူးဖော်တွေ့ရှိမှုနှင့် ပတ်သက်၍ ရှေးဟောင်းသမိုင်းစိတ်ဝင်စား သူများက ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး အရှေ့ တောင်အာရှ နိုင်ငံများတွင် ထွန်းကားခဲ့သည့် ယဉ်ကျေးမှုများနှင့်လည်း နှိုင်းယှဉ်ရေးသား ခဲ့ကြသည်။

၂၀၁၄ ခုနှစ်တွင် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့ အမွေအနှစ်ဒေသအဖြစ် USESCO က အ သိအမှတ်ပြုခဲ့ကြောင်း သိရသည်။

ထွန်းလင်းအောင် (မြစ်ကြီးနား)

 

ဟန်လင်းမြို့ဟောင်းရှိ သဲကျောက်ရုပ်တုကို တွေ့ရစဉ် (ဓာတ်ပုံ- Kyaw Myo Win Facebook)

Most Read

Most Recent