ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ဂျေးဇူး ဆို

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ဂျေးဇူး ဆို
Photo: Getty Images
Photo: Getty Images
Published 22 September 2022

အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူးက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်းတွင် ပါဝင်ခွင့်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပရိသတ်များအား ကတိပေးပြောကြားခဲ့သည်။

ဂျေးဇူးသည် အာဆင်နယ်အသင်းအတွက် ယခုရာသီ ပရီးမီးယားလိဂ်တွင် (၄) ဂိုးသွင်းယူထားပြီး ခြေစွမ်းပြကစားနေသော်လည်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည့် ဘရာဇီးလ်အသင်း၏လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။

ဂျေးဇူးက ''နည်းပြရဲ့ဆုံးဖြတ်ချက်ကို လေးစားသလို၊ တခြားကစားသမားတွေကိုလည်း လေးစားမှုအပြည့်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းမှာ ပြန်ပါနိုုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent