မြန်မာ့လက်ရွေးစင်အသင်း ဂိုးနည်းပြ ဂျာမနီနိုင်ငံသား မိုက်အန်ဒရီကို MFF သက်တမ်းတိုး

မြန်မာ့လက်ရွေးစင်အသင်း ဂိုးနည်းပြ ဂျာမနီနိုင်ငံသား မိုက်အန်ဒရီကို MFF သက်တမ်းတိုး
Photo: MFF
Photo: MFF
Published 2 September 2024

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေးစင်အသင်း ဂိုးနည်းပြဖြစ်သူ ဂျာမနီနိုင်ငံသား မိုက်အန်ဒရီကို့စ်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား ဖိုက်ရှ်အွန်ဘိုင်နာကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လအတွင်းက စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ရာတွင် ဂျာမနီနိုင်ငံသားများပင်ဖြစ်သည့် လက်ထောက်နည်းပြ လောရင့်ဇ်နှင့် ဂိုးနည်းပြ မိုက်အန်ဒရီကို့စ်တို့ကိုပါ တစ်ပါတည်း တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား ဖိုက်ရှ်အွန်ဘိုင်နာနှင့် နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းပြီး လမ်းခွဲခဲ့ရာတွင် လက်ထောက်နည်းပြဖြစ်သူ ဂျာမနီနိုင်ငံသား လောရင့်ဇ်ပါ ပါဝင်သွားခဲ့သော်လည်း ဂိုးနည်းပြဖြစ်သူ ဂျာမနီနိုင်ငံသား မိုက်အန်ဒရီကို့စ်ကိုမူ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၄၆) နှစ်ရှိ ဂိုးနည်းပြဖြစ်သူ ဂျာမနီနိုင်ငံသား မိုက်အန်ဒရီကို့စ်သည် UEFA (A) လိုင်စင်ရရှိထားသူဖြစ်ပြီး မြန်မာ့လက်ရွေးစင် စီနီယာအသင်းကြီးအပြင် မြန်မာ ယူ-၂၃ အသင်းကိုလည်း တာဝန်ယူပေးနေသူဖြစ်သည်။  

Most Read

Most Recent