သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်အဖြစ် ကျပ် ၂၈ သိန်းအထိ ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်းနှင့့်် သိသိသာသာဆိုးရွားလာသော မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု

သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်အဖြစ် ကျပ် ၂၈ သိန်းအထိ ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်းနှင့့်် သိသိသာသာဆိုးရွားလာသော မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု
Published 14 August 2022
ရွှန်းလဲ့ဝင်း

သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်အဖြစ် ကျပ် ၂၈ သိန်း အထက် ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်း

၂၀၂၂ခုနှစ်၊ သြဂုတ် ၁၃ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းသည် ပြင်ပစျေးကွက် တွင် တစ်ရက်အတွင်း ကျပ်တစ်သိန်းနီးပါး ခုန်တက်ပြီး ကျပ် ၂၈ သိန်းကျော်အထိ သမိုင်းတစ်လျှောက် စံချိန်တင် ထပ်မံမြင့် တက်ခဲ့ကြောင်း ရွှေရောင်းဝယ်ယူများထံမှ သိရသည်။

သြဂုတ်လ ဒုတိယပတ်အတွင်း ပြည် တွင်း ရွှေစျေးကွက်တွင် ရွှေစျေးနှုန်းများ သည် နေ့စဉ်နီးပါး စံချိန်တင် မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ သြဂုတ်လ ဒုတိယ ပတ်ဖြစ်သည့် သြဂုတ် ၈ရက်တွင် ပြည်တွင်း ရှိ ၁၆ ပဲရည် အကယ်ဒမီရွှေစျေး တစ်ကျပ် သားလျှင် ကျပ် ၂၃၆၀၀၀၀ ဖြင့် စျေးဖွင့်ခဲ့ ပြီး ကျပ် ၂၃၈၀၀၀၀၀ ဖြင့် စျေးပိတ်ခဲ့ခြင်း ဖြစ်ပြီး အနိမ့်ဆုံး ကျပ် ၂၃၅၀၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၂၃၈၀၀၀၀ ဝန်းကျင်အထိ ရှိခဲ့သည်။

သြဂုတ် ၉ ရက်တွင် ပြည်တွင်းရှိ ၁၆ ပဲရည် အကယ်ဒမီရွှေစျေး တစ်ကျပ်  သား လျှင် ကျပ် ၂၃၉၀၀၀၀ ဖြင့် စျေးဖွင့်ခဲ့ ပြီး ကျပ် ၂၄၂၀၀၀၀ ဖြင့် စျေးပိတ်ခဲ့ခြင်း ဖြစ်ပြီး အနိမ့်ဆုံး ကျပ် ၂၃၉၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၂၄၅၀၀၀၀ ဝန်းကျင်အထိ ရှိခဲ့သည်။

သြဂုတ် ၁ဝရက်တွင် ပြည်တွင်းရှိ ၁၆ ပဲရည် အကယ်ဒမီရွှေစျေး တစ်ကျပ်  သား လျှင် ကျပ်  ၂၄၄၀၀၀၀ ဖြင့် စျေးဖွင့်ခဲ့ ပြီး ကျပ် ၂၄၅၀၀၀၀ ဖြင့် စျေးပိတ်ခဲ့ခြင်း ဖြစ်ပြီး အနိမ့်ဆုံး ကျပ် ၂၄၄၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၂၄၅၅၀၀၀ ဝန်းကျင်အထိ ရှိခဲ့သည်။

သြဂုတ် ၁၁ရက်တွင် ပြည်တွင်းရှိ ၁၆ ပဲရည် အကယ်ဒမီရွှေစျေး တစ်ကျပ်  သား  ကျပ် ၂၄၄၀၀၀၀ ဖြင့် စျေးဖွင့်ခဲ့ ပြီး ကျပ် ၂၄၉၅၀၀၀ ဖြင့် စျေးပိတ်ခဲ့ခြင်း ဖြစ်ပြီး အ နိမ့် ဆုံး ကျပ် ၂၄၃၀၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၂၅၁၀၀၀၀ ဝန်းကျင်အထိ ရှိခဲ့သည်။ ၂၀၂၂ ခုနှစ် သြဂုတ် ၁၁ ရက်တွင် ပြည်တွင်း ရွှေစျေး ကျပ် ၂၅ သိန်းအထိရောက်ရှိခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၁၂ ရက်တွင်မူ ပြည်တွင်းရှိ ၁၆ ပဲရည် အကယ်ဒမီရွှေစျေး တစ်ကျပ် သား ကျပ် ၂၅၅၀၀၀၀ ဖြင့် စျေးဖွင့်ခဲ့ ပြီး ၂၆၁၅၀၀၀ ဖြင့် စျေးပိတ်ခဲ့ခြင်း ဖြစ်ပြီး အ နိမ့်ဆုံး ကျပ် ၂၅၆၀၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၂၆၅၀၀၀၀ ဝန်းကျင်အထိ ရှိခဲ့သည်။ ၂၀၂၂ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ပြည်တွင်း ရွှေ စျေး ကျပ် ၂၇ သိန်းအထိရောက်ရှိခဲ့ခြင်းဖြစ် ကြောင်း မှတ်တမ်းဝင်ခဲ့သည်။

“အခုအချိန်မှာ ရတနာ အရောင်းအဝယ် လုပ်ငန်းကိုတော့ နေ့စဉ်အလုပ်ရှိနေတယ်လို့ပဲ ခံယူပြီး လုပ်နေပါတယ်။ ရတနာအလုပ်ဆိုတာ ထိန်းသိမ်းနိုင်ရင် တစ်ချိန် အလုပ် ပြန်ဖြစ်လာမှာပဲမို့ တောင့်ခံ သွားပါ မယ်။ Customer ကို  ‘ငွေမထားနဲ့၊ ရတနာ က ကျစ်တယ်။ ပြေးရင်လွှားရင် သယ်ရလွယ် တယ်။ ပြန်ဝယ် ရောင်းရလွယ်အောင် လုပ်ပေးမယ်’ဆိုတဲ့ False Hope ပေးရောင်းတာမျိုးဟာ ကုန်သည်ရဲ့ ethic ချိုးဖောက် တယ်လို့ပဲ မြင်ပါတယ်။ ပြောချင်တာကတော့  ရတနာဆိုတာကတော့ အဝယ်လွယ်ခဲ့ရင် ပိုလို့တောင် အရောင်းခက်ပါဦးမယ်။ ဒါဆို ကုန်သည်တွေ ဘယ်လို လုပ်စားနေလဲဆို ရတနာတစ်လော့ကို စဝယ်ပြီဆိုကတည်း နှစ်နှစ်၊ သုံးနှစ်အတွင်း ရောင်းထွက်မလားလို့ တွက်ရပါတယ်။ ဒီထက်လည်း ပိုကြာနိုင် ပါ တယ်။ ဒါကြောင့် ခုချိန်မှာကတော့ ကြိုက်ရောင်း ကြိုက်ဝယ်သဘောပါပဲ။ ဒီအချိန်မှာကတော့ ရောင်းလည်းရှုံးမယ်။ မရောင်းရလည်း ရှုံးမယ်။ နေ့စဉ်အလုပ်လေး ရှိနေရင် ကို ရပါပြီဆိုတဲ့ သဘောထားနဲ့ပဲ ရတနာ လုပ်ငန်းကို လုပ်ကိုင်နေပါတယ်”ဟု စိန်နှင့် ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ် ငန်းလုပ်ကိုင်နေသည့် ၀ါရင့်ရတနာလုပ် ငန်းရှင်တစ်ဦးက ဆိုသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေး စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ကာ နှစ်အလိုက် စံချိန် တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တို ဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက် တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော် ၀ါရီ ၆ ရက် တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့် တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

“အစ်မကတော့ စိန်ထည်ပစ္စည်းတွေကို အဓိကထားရောင်းပြီး အရောင်း-အလဲကို အာမခံနဲ့ လုပ်ပေးနေတာပါ။ ခုချိန်မှာ ရွှေ စျေးနှုန်းတွေက တစ်နေ့နဲ့ တစ်နေ့တောင် မ တူဘဲ ပြောင်းလဲနေတဲ့အခါကျ အစ်မတို့မှာ အမြတ်ကိုလျှော့ယူတာမျိုး။ ပြီးခဲ့တဲ့ နှစ်နှစ် လောက် ခတ်ထားတဲ့အထည်ကို အရင်းသာ သာစျေးနှုန်းနဲ့ ပြန်ရောင်းတာမျိုးနဲ့ သွားနေ ရတာပေါ့။ ငွေစုချင်တဲ့သူတွေကတော့ အ ခေါက်ရွှေတုံးကို ဝယ်စုကြပေမဲ့ အစ်မက တော့ အထည်ခတ်ရောင်းတာဖြစ်လို့ ငွေ မပျောက်ပျက်ချင်သူတွေ၊ ရတနာကို လိုချင် လို့ ဝယ်တဲ့ သူတွေကပဲ ဝယ်ကြပါတယ်။ ခု ချိန်မှာ အထည်အသစ်က အရင်လို အများ ကြီး နေ့တိုင်းမလုပ်ပေမဲ့ အစ်မက Live Sales နဲ့ရောင်းတာမို့ အထည်သစ်ကတော့ ခတ်နေရပါတယ်။ Live Sales မှာကတော့ အထည်အသစ်ရော အဟောင်းရော ရောင်း ရတာဖြစ်လို့ ရောင်းအားရဲ့ အကျိုးအမြတ် ကို ရပါတယ်” ဟု Live Sales များဖြင့် စိန်ထည်နှင့်ရတနာရောင်းဝယ်ရေး လုပ် ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ရွှေစျေးနှုန်းကို သတ်မှတ် နိုင်ငံခြား ငွေ လဲနှုန်း အပေါ်မူတည်၍ အရောင်းအဝယ် ပြု လုပ်ရန်ညွှန်ကြားထားသော်လည်း ရွှေဆိုင်အများစုမှာ ပြင်ပပေါက်စျေး ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရ သည်။

လက်ရှိတွင် ရွှေအရောင်းဆိုင်များတွင် အဆိုပါ သတ်မှတ်စျေးနှုန်းကို အရောင်း ဘောက်ချာ၌သာရေး၍ရောင်းချခြင်းဖြစ်ပြီး လက်တွေ့ဝယ်ယူရာတွင် ပြင်ပပေါက်စျေး ဖြင့်သာ ပေးချေဝယ်ယူနေရခြင်းဖြစ်သည်။

ရွှေစျေးနှုန်းကို သတ်မှတ်နိုင်ငံခြား ငွေ လဲနှုန်းအပေါ် မူတည်၍ အရောင်းအဝယ် ပြု လုပ်ရန် ညွှန်ကြားထား သော်လည်း  ရွှေလုပ် ငန်းရှင်များမှစျေးကွက်တွင်မူ အဆို ပါစျေးဖြင့် ဝယ်ယူမရနိုင်ဘဲ ပြင်ပပေါက် စျေး ဖြင့်သာ ဝယ်ယူရောင်းချနေရသဖြင့် ယင်း ကဲ့သို့ ရောင်းချနေရခြင်းဖြစ်ကြောင်း သိရ သည်။

လက်ရှိတွင် ရွှေစျေးနှုန်းမှာ တစ်ကျပ် သားလျှင် ကျပ် ၂၇ သိန်းစျေးသို့ ရောက်ရှိ နေသော်လည်း ရွှေဝယ်ယူစု ဆောင်း သူများ ပြားမှုကြောင့် ရွှေဆိုင်များတွင် ရွှေထည် ပြတ်လပ်သည်အထိ ရောင်းချ နေရပြီး အချို့ဆိုင်များမှာ ရောင်းချမှု ပိတ်ထား ကြောင်း သိရသည်။

သိသိသာသာဆိုးရွားလာနေသည့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု

မြန်မာကျပ်ငွေတန်ဖိုးသည် ယခု ရက်ပိုင်းအတွင်း လျင်မြန်စွာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၂ရက်တွင် ပြင်ပစျေးကွက်၌ နိုင်ငံခြား    ငွေလဲနှုန်းမှာ တစ်ဒေါ် လာ လျှင် ကျပ် ၂၈၀၀ ဝန်းကျင်ဖြစ်ပြီး အခြား   နိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု နှုန်းထား များ မှာ ယူရို  ကျပ် ၂၇၄၀၊ စင်ကာပူ ကျပ်  ၁၉၄၀၊ မလေးရှား  ရင်းဂစ် ကျပ် ၆၅၀၊  ထိုင်း ဘတ် ၇၇ ကျပ်၊ တရုတ်ယွမ်  ကျပ် ၃၈၅ နှင့် ဂျပန် ယန်း ၁၉ ကျပ်အထိ ဖြစ်ပေါ်ခဲ့ကြောင်း  နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများ  ထံမှသိရသည်။        

ယင်းပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည်ပို့ကုန်ရငွေ၏ ၆၅ ရာခိုင် နှုန်းကိုသာ ကျပ်ငွေအဖြစ် လဲလှယ်ဆောင် ရွက်ရမည်ဖြစ် ကြောင်း သြဂုတ် ၅ရက် နေ့ စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီ မံခန့်ခွဲမှု ဥပဒေ ပုဒ်မ(ခ) အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယခုကဲ့သို့ ထုတ်ပြန် လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည် တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံ ခြားသုံးငွေဖြင့် ရရှိသော နိုင်ငံခြားသုံးငွေ များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နိုင်ငံ ခြား သုံးငွေများ ပြည်ပသို့ လွှဲပြောင်းခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း အမိန့်ကြော်ငြာစာ အမှတ် (၁၂/၂၀၂၂) ကို ဧပြီ ၃ ရက်က ထုတ်ပြန်ထားသည်။ ပို့ကုန်တင်ပို့ သူများ ပို့ကုန် တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ ၆၅ ရာခိုင် နှုန်းကိုသာ အထက်ပါ မြန်မာနိုင် ငံတော် ဗဟိုဘဏ်အမိန့်    ကြော် ငြာ  စာ အမှတ်(၁၂^၂၀၂၂) သတ်မှတ် ညွှန်ကြားချက်များအတိုင်း မြန်မာ ကျပ်ငွေ ဖြင့် လဲလှယ်ဆောင်ရွက် ရန် ဖြစ်သည်။

အဆိုပါအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှ စ၍ အကျိုး သက် ရောက်စေမည်ဖြစ်ပြီး အမိန့်ကြော် ငြာစာကို လိုက်နာ ခြင်းမရှိပါက နိုင်ငံခြားသုံး ငွေ စီမံ ခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံခြားငွေလဲနှုန်းကို ဗဟိုဘဏ် စျေး နှုန်းဖြင့် စျေးဖွင့်လှစ်ခဲ့သည့်ငွေလဲကောင် တာအများစုတွင် ဒေါ်လာအရောင်းအဝယ် ပြုလုပ်ခြင်းမရှိဘဲ ပြင်ပစျေးကွက်တွင်သာ အရောင်းအဝယ်ပြုလုပ်မှုရှိကြောင်း သိရ သည်။

လက်ရှိအချိန်တွင် ယင်းသို့ မြန်မာ ကျပ် ငွေတန်ဖိုး လျင်မြန်ဆိုးရွားစွာ ကျဆင်း နေ မှုကြောင့် ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စား သောက်ကုန်ပစ္စည်းများ မှာယူကာ အွန် လိုင်းတွင် အရောင်းပို့စ်တင်ရောင်းချ နေ သည့် အွန်လိုင်းအရောင်း စျေးဆိုင်အချို့ မှာ ရောင်းချမှုရပ်နားထားရကြောင်း သိရသည်။

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် နိုင်ငံခြားငွေအသီးသီး၏ ငွေကြေး လဲ လှယ်မှုမှာ လျင်မြန်စွာပြောင်းလဲနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အွန်လိုင်းစျေးကွက် တွင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများမှာယူကာ အွန်လိုင်းတွင် အရောင်းပိုစ့်တင်ရောင်း ချ နေသည့် အွန်လိုင်းအရောင်းစျေးဆိုင်အများ စု မှာ ဘတ်ငွေတန်ဖိုး မတည်ငြိမ်မှုများ ကြောင့် အခက်အခဲများရင်ဆိုင်နေရခြင်းဖြစ် ကာ ရောင်းချမှု ရပ်နားထားသည်အထိ ကြုံ တွေ့နေရကြောင်း သိရသည်။

“အခုဆို အစ်မ ဘာမှတောင်မရောင်းဘူး။ အကုန်ရပ်ထားတယ်။ မှာထားတာနဲ့ ရောင်းရတာနဲ့က မကိုက်တော့ဘူးလေ။ အစ်မတို့က ထိုင်းနိုင်ငံက ပစ္စည်းတွေကို အများဆုံးမှာပြီး ရောင်းတာပါ။ အခု မြန်မာ  ငွေစျေးကျတာက ဆက်တိုက်ဖြစ်နေတာ။ ဥပမာဆိုရင် မနက်ပိုင်းမှာ ထိုင်းဘတ်ငွေ တစ်ဘတ်ကို ကျပ် ၇၀ ဆိုရင် ညနေကျ ၇၅ အဲဒီလို ဖြစ်သွားတာ။ ပစ္စည်းထပ်မှာဖို့က အ ဆင်မပြေတော့ဘူးလေ။ ပြီးတော့ Pre Order ကောက်ပြီး ရောင်းတာဖြစ်တဲ့အတွက် အစ်မ တို့က ၆၂ ကျပ်၊ ၆၃ကျပ်နဲ့တွက်ပြီး ရောင်း ထားတာ။ ပစ္စည်းမှာတော့ စျေးက ၇၀ တို့၊ ၇၅ တို့ဖြစ်သွားတဲ့အခါကျ စျေးကတော် တော် ဟသွားပြီလေ။ တစ်ဘတ်ကို ၁၀ ကျော် လောက်ဟသွားတော့ အများနဲ့ကျတော့ အဆင်မပြေတော့ဘူး။ ပစ္စည်းဝယ်တဲ့ အခါ ကျတော့ အစ်မတို့က ကြိုဝယ်ပြီး ပိုက်ဆံ ကြိုရှင်းရတာရှိတယ်။ပိုက်ဆံကြိုလွှဲရ တယ်။ တစ်ခါခါကျတော့ Cargo ဆီကို ရောက်မှ ရှင်းတာမျိုးလည်းရှိတယ်။ အဲဒီလိုဆို အစ်မ တို့က အရင်က ကိုက်တယ်။ အခုကျတော့ မကိုက်တော့ဘူး။ အစ်မတို့ ပစ္စည်း မှာတုန်းက ၆၃ကျပ်ပဲ။ Cargo ဆီရောက်တဲ့ အခါကျ တော့ ၇၃ တို့ ၇၅ တို့နဲ့ရှင်းလိုက်ရ တယ်။ အဲဒီ လိုမျိုးဖြစ်တာ။ အစ်မက အခု   အရောင်းရပ်ထားပေမဲ့ အရင်ကမှာထား တာတွေက ရှုံးပြီလေ။ အရင်က ပုံမှန်ဖြစ် နေ တာဆိုတော့ အလုပ်လုပ်လို့ရတယ်။ ဘတ် စျေးတက်မယ်ဆို တက်လို့ရတယ်။ ဥပမာ ၆၀ ကနေ ၆၅ ကျပ်တက်ပေမဲ့ ငွေ စျေးက ငြိမ်နေရင် အစ်မတို့က အလုပ်လို့ရတယ်။ အခုကမဟုတ်ဘူး။ မနက်မှာ ၆၅၊ ညနေကျ ၇၅ ဆိုတော့ အစ်မတို့က အလုပ်လုပ်ဖို့က တော်တော်လေးကိုခက်ပါတယ်။ အခုကကျ တော့ အစ်မတို့က ကိုယ့်လက် ထဲမှာ ရှိတဲ့ ပစ္စည်းတွေက ချရောင်းရမှာလား၊ သိမ်းထား ရမှာလား ဆိုတာ ဝေခွဲမရဘူး။ အစ်မက ကျတော့ အဓိကရည်ရွယ်ပြီးရောင်း တာက အိမ် ထောင်ရှင် မေမေတွေကို ဦး တည်ပြီး မိသား စုတွေလိုအပ်တဲ့အရာတွေကို ရောင်းတာ ဖြစ်တဲ့အတွက် စျေးကိုလည်း အများကြီး တက်မရောင်းချင်ဘူး။ ခုကငွေ စျေးမငြိမ်  တာနဲ့ ဘာလုပ်ရမှန်းကို မသိတော့ ပါဘူး” ဟုထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက် ကုန်ပစ္စည်းများ မှာယူကာ အွန်လိုင်းတွင် အရောင်းပို့စ်တင်ရောင်း ချနေသည့် အွန်လိုင်းစျေး  ရောင်းသူတစ်ဦးက ပြောကြား သည်။   

Most Read

Most Recent