လူသေဆုံးမှုတွေရှိလာပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းတွေကို သတိထားရတော့မယ့် နွေရာသီ

လူသေဆုံးမှုတွေရှိလာပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းတွေကို သတိထားရတော့မယ့် နွေရာသီ
ရန်ကုန်မြို့နေ့အပူချိန်တွင် သွားလာနေသူအချို့ကို စဉ့်အိုးတန်းဆိပ်ကမ်း၌ ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ရန်ကုန်မြို့နေ့အပူချိန်တွင် သွားလာနေသူအချို့ကို စဉ့်အိုးတန်းဆိပ်ကမ်း၌ ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 21 April 2024

ပြီးခဲ့တဲ့ နွေရာသီကာလထက် ယခုနှစ်နွေရာသီကာလမှာ ပိုမိုပူပြင်း လာသည်ဟု ဆိုရမည်ဖြစ်သည်။

အပူချိန်နှင့် မိုးရွာသွန်းမှုအခြေ အနေများကို ခန့်မှန်းပေးလျက်ရှိ သည့် Eldorado weather ၏ ထုတ် ပြန်ချက်များတွင် ဧပြီလပိုင်းမှစတင် ပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ မှာ အပူချိန်အမြင့်ဆုံးမြို့များစာရင်း တွင်ပါဝင်လာသည်ကို  တွေ့ရသည်။

ဧပြီ ၁၅ ရက် သင်္ကြန်အကြတ် နေ့တွင် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ မကွေး၊ မင်းဘူးနှင့် ပြည်မြို့များမှာ အပူချိန် ၄၂ ဒီဂရီ စင်တီဂရိတ်အထက် တည်ရှိကာ ပါဝင်လာခဲ့သည်။

မကွေးမြို့မှာ ၄၃ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ဖြင့် အပူဆုံးမြို့အဖြစ် နံပါတ် (၂ )နေရာတွင် ရပ်တည်ခဲ့ပြီး မင်းဘူးမြို့မှာ နံပါတ် (၁၀) နေရာနှင့် ပြည်မြို့မှာ နံပါတ် (၁၂ )နေရာတွင် တည်ရှိခဲ့သည်။

ဧပြီ ၁၁ ရက်တွင် ဖော်ပြထား သည့် ကမ္ဘာ့အပူဆုံးမြို့များတွင် ထိပ် ဆုံးမှရပ်တည်နေသည့်မြို့မှာ အိုမန် နိုင်ငံမှ Joba မြို့ဖြစ်ပြီး မကွေးတိုင်း ဒေသကြီး ချောက်မြို့မှာ အပူဆုံးမြို့ အဖြစ် နံပါတ် (၂) နေရာ ရောက်ရှိ နေသည်ကို တွေ့ရသည်။

ချောက်မြို့၏ အပူချိန်မှာ ၄၅ ဒသမ ၂ ဒီဂရီစင်တီဂရိတ်တွင်ရှိနေ ပြီး အပူဆုံးမြို့ ၁၅ မြို့တွင် မကွေး တိုင်း မကွေးမြို့နှင့် ပဲခူးတိုင်းမှ ပြည် မြို့တို့လည်း ပါဝင်နေသည်။ မကွေး မြို့မှာ ၄၃ ဒသမ ၉ ဒီဂရီစင်တီဂ ရိတ်နှင့် နံပါတ် (၆) နေရာတွင်ရှိနေ ပြီး ပြည်မြို့မှာ ၄၂ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်ဖြင့် နံပါတ် (၁၅) နေရာ တွင်ရှိနေသည်ကို တွေ့ရသည်။ချောက်မြို့မှာ ယခင်ရက်ပိုင်းက တည်းကအပူဆုံးမြို့အဖြစ် ရပ်တည် ခဲ့ပြီး နံပါတ် (၂) နေရာသို့ ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေ သကြီး ချောက်မြို့သည် ဧပြီ ၆ ရက် တွင် နှစ်ပေါင်း ၅၆ နှစ်အတွင်း အပူ ချိန်စံချိန်သစ်တင်ခဲ့သည်ဟု သိရ သည်။

ဧပြီလဆန်းပိုင်းမှစ၍ မြန်မာ နိုင်ငံရှိမြို့များတွင် အပူချိန်များမြင့် တက်မှုကြောင့် လူသေဆုံးမှုများ လည်း ရှိလာခဲ့သည်။

မန္တလေး၊ ပြည်၊ ရန်ကုန်မြို့တို့ တွင် အပူရှိန်ကြောင့် သတိလစ်၊ အသက်ရှူကျပ်၊ မူးလဲမှုများဖြစ်ပွား နေပြီး လူသေဆုံးမှုများလည်း ရှိနေ ကြောင်း ဒေသခံများ၏ပြောကြား ချက်များအရ သိရသည်။

မန္တလေးစျေးချိုတွင် အမျိုး သမီးတစ်ဦး စျေးဝယ်နေစဉ် မူးလဲ သွားသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း မဏီစလလူမှု ကူညီရေးအသင်းမှ သိရသည်။

အဆိုပါအမျိုးသမီးသည် ဧပြီ ၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ စျေးချိုစျေး ၂၈-၂၉_၈၅-၈၆ လမ်း တွင်စျေးဝယ်နေစဉ် မူးလဲသွားသော ကြောင့် အနီးရှိပြည်သူတစ်ဦးက အ ကူအညီတောင်းခံသဖြင့် မဏီစလ လူမှုကူညီရေးအသင်းက သွားရောက် ကူညီခဲ့သည်။

မူးလဲခဲ့သည့်အမျိုးသမီးသည် မန္တလေး ပြည်သူ့ဆေးရုံကြီး ဥဏီ သို့ ရောက်ရှိချိန်တွင် ဆုံးပါးသွားသ ဖြင့် ၎င်းင်းအမျိုးသမီးကိုရင်ခွဲရုံသို့ ပို့ ဆောင်ပေးခဲ့သည်ဟု သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင်လည်း အပူရှိန်ကြောင့် အသက်ရှူကျပ်လူနာများ၊ အပူလျှပ် လူနာ၊ သတိလစ်လူနာများပြားလာ သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ် ရေးအဖွဲ့ပရဟိတ (ပြည်) မှ သိရ သည်။

“အခုရက်ပိုင်းမှာပဲ သိသိသာ သာများလာတယ်။ အများစုက အပူ ကြောင့် အသက်ရှူကျပ်တာတွေ၊ သတိလစ်တာတွေများလာတယ်။ အဓိက သက်ကြီးရွယ်အိုတွေပိုခံရ တယ်”ဟု မြန်မာနိုင်ငံ လူမှုကယ် ဆယ်ရေးအဖွဲ့ ပရဟိတ (ပြည်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ဧပြီ ၈ ရက် ညနေ ၃ နာရီခွဲခန့် က ပြည်မြို့အောင်ဆန်းရွှေလိပ်ပြာ လမ်းအကွေ့တွင် အမျိုးသားတစ်ဦး ကားမောင်းရင်း သွေးတိုး၍ သတိ လစ်သွားသဖြင့် အဆိုပါအသင်းက သွားရောက်ကူညီခဲ့ရသည်။

ရန်ကုန်မြို့တွင်လည်း ဧပြီ ၃ ရက်နှင့် ၄ ရက်က နေပူရှိန်ကြောင့် အမျိုးသားများ လဲကျသည့်ဖြစ်စဉ် များ ဖြစ်ပွားခဲ့သည်။

အပူချိန်ကို ပြင်းပြင်းထန်ထန် ခံစား နေရတဲ့ အရှေ့တောင်အာရှဒေသ

ယခုနှစ်နွေရာသီတွင် မြန်မာ နိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများတွင် စံချိန်တင်အပူမြင့် တက်မှုများ ကြုံတွေ့နေရသည်ဟု ဆိုရမည်ဖြစ်သည်။

အရှေ့တောင်အာရှဒေသအနှံ့  သမိုင်းတွင်စေသည့် အပူလှိုင်းကျ ရောက်နေသည်ဟု ရာသီဥတုပညာ ရှင်နှင့် မိုးလေဝသ သမိုင်းပညာရှင် ဖြစ်သည့် မက်စီမီလီယာနိုဟာရဲရား က ပြောကြားခဲ့သည်။

ထို့ပြင် အရှေ့တောင်အာရှတွင် ဧပြီလ အစောပိုင်းက အပူချိန်သည် မကြုံစဖူးအခြေအနေအဖြစ် ယခုသီ တင်းပတ်တွင် မှတ်တမ်းတင်နိုင်ခဲ့ ကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း မင်းဘူးမြို့တွင် အပူချိန်သည် ၄၄ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိမှု အပါ အဝင် အရှေ့တောင်အာရှ၏ ရာသီ ဥတုသမိုင်းတွင် ယခုလအတွင်း ထို ကဲ့သို့မြင့်မားသည့် အပူချိန်များသည် စောစီးစွာရောက်ရှိခဲ့ကြောင်း ၎င်း က X လူမှုမီဒီယာတွင် ထပ်မံရေး သားခဲ့သည်။

ထိုင်းနိုင်ငံ၏ ဟတ်ယိုင်မြို့တွင် အပူချိန်သည် ၄၀ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့ပြီး ယင်းသည် ထိုမြို့သမိုင်းတွင် အပူ ဆုံးစံချိန်ဖြစ်ကာ ဗီယက်နမ်အ နောက်မြောက်ဘက် ယန်ချူမြို့တွင် အပူချိန်သည် ၄၀ ဒသမ ၆ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မကြုံစဖူးမြင့် တက်ခဲ့သည်။

ဖိလစ်ပိုင်တွင် ပြင်းထန်သည့် အပူချိန်ကြောင့် ထောင်နှင့်ချီသည့် စာသင်ကျောင်းများကို ပိတ်ထားရ ကာ အင်ဒိုနီးရှားတွင်လည်းခြောက် သွေ့သည့် ရာသီဥတုကြောင့်ဆန် စျေးများ မြင့်တက်ခဲ့သည်။

ထိုင်းနိုင်ငံပိုင် ရေပြင်များအ တွင်း အပူချိန်အလွန်မြင့်တက်နေ သဖြင့် သန္တာကျောက်များပျက်စီး မည့်အရေးကို သိပ္ပံပညာရှင်များက စိုးရိမ်လျက်ရှိသည်။

အရှေ့တောင်အာရှဒေသတွင် ၃၀ ဒီဂရီဆဲလ်စီးယပ်စ်နှင့်အထက်ရှိ သည့် အပူချိန်များမြင့်တက်ခဲ့သည့် ဖေဖော်ဝါရီလကလည်း ကမ္ဘာ့မိုး လေဝသအဖွဲ့ WMO က ထိုဒေ သသည် ဆိုးရွားသည့် အပူချိန်နှင့် ကြုံတွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပွားနေသည့် အယ် နီညိုရာသီဥတုဖြစ်စဉ်အပြင် လူ သားများကြောင့် ထိခိုက်ခဲ့ရသည့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု များကြောင့် အရှေ့တောင်အာရှတွင် ပိုမိုပူပြင်းခြောက်သွေ့လာခြင်း ဖြစ် သည်ဟု ကျွမ်းကျင်သူများကပြော ကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ကြိုတင် ပြင်ဆင်မှုတွေ မလုပ်ခဲ့ပါဘူး။ ကမ္ဘာ ပေါ်မှာ ဒီလိုမျိုးအပူချိန်တွေကိုခံနိုင် တဲ့နေရာ မရှိသလောက်ရှားပါတယ်”ဟု မိုးလေဝသပညာရှင်တစ်ဦးဖြစ် သူ ဘင်ဂျမင်ဟော်တန်က ပြော ကြားသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့နှင့် အမေရိ ကန်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီ USAID တို့ကမူ အလွန်အမင်း ဆိုးရွားပြင်းထန်သည့် အပူချိန်များကို “အသံတိတ်လူ သတ်သမား”ဟု အွန်လိုင်းမှပြုလုပ် သည့် အစည်းအဝေးတစ်ခုတွင် သုံး နှုန်းဖော်ပြခဲ့သည်။

“ကမ္ဘာတစ်ဝန်းမှာ အလွန်အမင်း ဆိုးရွားပြင်းထန်တဲ့ အပူချိန်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတွေနဲ့ လူ့အဖွဲ့အ စည်းတွေကို ကြိုတင်ပြင်ဆင်မှုတွေ ရှိစေဖို့အတွက် ခိုင်မာတဲ့အစီအစဉ် တွေလုပ်ဆောင်ပေးကြဖို့ အစိုးရ တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ လူငယ် တွေနဲ့ စီးပွားရေးအဖွဲ့အစည်းတွေ အားလုံးကို ကျွန်တော်တို့တိုက်တွန်း ပါတယ်”ဟု နိုင်ငံတကာကြက်ခြေနီ နှင့် လခြမ်းနီအဖွဲ့ချုပ်၏အတွင်း ရေးမှူးချုပ် ဂျာဂန်ချာပါဂါအင်က ပြောကြားခဲ့သည်။

အပူချိန်မြင့်တက်မှုကြောင့် သတိထားရမယ့် ကျန်းမာရေးသတိပေးချက်

အပူချိန်မြင့်တက်လာမှုကြောင့် နောက်ဆက်တွဲသတိထားရမည့် ပြဿနာမှာ ကျန်းမာရေးဆိုင်ရာပြ ဿနာများပင်ဖြစ်သည်။

ပတ်ဝန်းကျင်အပူချိန် မြင့်တက် လာခြင်းနှင့်အတူ အထူးဂရုပြုရမည့် ကျန်းမာရေး အန္တရာယ်တစ်ရပ်မှာ အပူလျှပ်ခြင်း (Heatstroke) ဖြစ်သည်။

ယင်းသည် အပူကြောင့်ဖြစ် သော ထိခိုက်မှုများထဲတွင် အဆိုးဆုံး ဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ခန္ဓာ အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (၄၀ ဒီဂရီစင်တီဂရိတ်) နှင့်အထက်တွင် ဖြစ်ပွားတတ်သည်။

အရေးပေါ်ကုသမှုခံယူရန် လို အပ်သည့်အခြေအနေမျိုးဖြစ်ပြီး အချိန်မီမကုသနိုင်ပါက ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သား များကို ထိခိုက်ပျက်စီးသွားစေနိုင်ပြီး ကုသမှုခံယူရန် နှောင့်နှေးလေလေ ထိခိုက်ပျက်စီးခံရနိုင်ခြေ များလေ လေဖြစ်ကာ အသက်ဆုံးရှုံးနိုင်သည် အထိ အန္တရာယ်ရှိသည်။

အပူလျှပ်ခြင်း ဖြစ်ပွားရသည့် အကြောင်းရင်းများမှာ အပူလွန်ကဲ သောပတ်ဝန်းကျင် နှင့် ထိတွေ့ခြင်း၊ ပြင်းထန်စွာအလုပ်လုပ်ခြင်း၊ အဝတ် အစားများ ထူထဲစွာဝတ်ဆင်ခြင်း၊ အ ရက်သောက်ခြင်း၊ ဆုံးရှုံးသွားသော ရေဓာတ်များကို ပြန်လည်မဖြည့်ခြင်း အစရှိသည်တို့ ဖြစ်သည်။

မည်သူမဆို အပူလျှပ်ခြင်းဖြစ် နိုင်သော်လည်း ဖြစ်နိုင်ခြေပို၍မြင့် မားစေသောအချက်များမှာ အသက် အရွယ်အပူဒဏ်ခံနိုင်စွမ်းသည် ဗဟို အာရုံကြောစနစ်အပေါ်မူတည်ပြီး ငယ်ရွယ်လွန်းပါက အာရုံကြောစနစ် ကောင်းစွာမဖွံ့ဖြိုးသေးသကဲ့သို့ အ သက် ၆၅ နှစ်အထက်တွင်လည်း အာရုံကြောစနစ် ယိုယွင်းပျက်စီးလာ နိုင်ကြောင်း၊ ကလေးများနှင့် သက် ကြီးရွယ်အိုများသည် အပူချိန်ပြောင်း လဲမှုဒဏ်ကို ခံနိုင်ရည်နည်းပါးကြောင်း သိရသည်။

ထို့ပြင် ပူပြင်းသောရာသီဥတု ၌ ပြင်းထန်စွာလှုပ်ရှားခြင်း ဥပမာ ပူပြင်းသောရာသီဥတုမှာ ပြင်းထန် သောလေ့ကျင့်ခန်းနှင့် ဘောလုံးကဲ့ သို့သော အားကစားများ၌ပါဝင် ခြင်းတို့ဖြစ်ကြောင်း၊ ရုတ်တရက်ပူ ပြင်းသောရာသီဥတုနှင့် တွေ့ထိခြင်း၊ အဲကွန်းမရှိခြင်း (ပန်ကာကြောင့် အ ပူဒဏ် သက်သာနိုင်သော်လည်း တစ်လျှောက်လုံး ပူပြင်းသောရာသီ ဖြစ်ပါက အဲကွန်းသည်သာ အပူကို အထိရောက်ဆုံး လျှော့ချပေးနိုင် သည်)၊ ဆေးဝါးများ (အချို့သော ဆေးဝါးများက ခန္ဓာကိုယ်၏ရေ ဓာတ်ထိန်းသိမ်းမှုနှင့် အပူကိုတုံ့ပြန် မှုအား ထိခိုက်စေနိုင်သည်။ ရာသီဥ တုပူပြင်းပါက သွေးကြောကျဉ်းစေ သောဆေးများ၊ သွေးကျဆေးများ၊ ဆီးဆေးများနှင့် စိတ်ကျရောဂါအ တွက်သုံးသောဆေးများကို သတိ ထားသုံးစွဲသင့်သည်) အစရှိသည်တို့ ဖြစ်သည်။ ၎င်းအပြင် အဝလွန်သူ များ၊ ယခင်ကအပူလျှပ်ခြင်းဖြစ်ဖူး သူများနှင့် နာတာရှည်ရောဂါများ ဖြစ်သည့် နှလုံး (သို့မဟုတ်) အဆုတ် ရောဂါခံစားနေရသူများမှာ အပူ လျှပ်ခြင်း ဖြစ်နိုင်ခြေပိုများကြောင်း သိရသည်။

အပူလျှပ်ခြင်း၏ ရောဂါလက္ခ ဏာများမှာ ကိုယ်ပူချိန်တက်ခြင်း (ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင် ဟိုက် သို့မဟုတ် ၄၀ ဒီဂရီစင်တီဂ ရိတ်နှင့်အထက်သည် အပူလျှပ်ခြင်း ၏ အဓိကလက္ခဏာဖြစ်သည်)။ စိတ်အခြေအနေ ပြောင်းလဲခြင်း  (စိတ်ရှုပ်ထွေးခြင်း၊  စကားမပီခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ ကယောင်က တမ်းဖြစ်ခြင်း၊ တက်ခြင်းနှင့် သတိ လစ်ခြင်းများ ဖြစ်ပွားနိုင်သည်)။ ချွေး ထွက်မှုပုံစံပြောင်းခြင်း (ရာသီဥတုပူ ၍ဖြစ်ပွားသောအပူလျှပ်ခြင်း၌ အ ရေပြားသည် ပူ၍ခြောက်သွေ့နေ တတ်ပြီး လေ့ကျင့်ခန်းကြောင့်ဖြစ် ပွားပါကအရေပြားသည် စိုစွတ်နေ တတ်သည်)။ ပျို့ခြင်းနှင့် အော့အန် ခြင်း၊ အရေပြားနီမြန်းလာခြင်း၊ အ သက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်းမြန် ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ဖြစ် ကြောင်း သိရသည်။

ယင်းသို့ အပူလျှပ်ခြင်းဖြစ်ပွား သူအား နေအိမ်၌ကုသ၍မလုံလောက် နိုင်ကြောင်း၊ ရောဂါလက္ခဏာများ ပြားပါက အရေးပေါ်ဆေးကုသမှုခံ ယူရမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆေးရုံ၊ ဆေးခန်းသို့မ ရောက်မီအပူလွန်ကဲသူအား အေး သွားစေရန်အရိပ်ထဲ သို့မဟုတ် အဲ ကွန်းရှိသောနေရာ သို့မဟုတ် အိမ် ထဲသို့ ချက်ချင်းခေါ်လာရမည်ဖြစ် ကြောင်း၊ ရေအေးဖြင့်ရေချိုးပေးခြင်း သို့မဟုတ် ရေပတ်တိုက်ပေးခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ရေငွေ့ ပန်ကာဖြင့် အအေးပေးခြင်း၊ ရေခဲ ကပ်ခြင်း၊ ဦးခေါင်း၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့ကို ရေစိုဝတ်ဖြင့်အုပ်ပေး ခြင်းတို့ ပြုလုပ်ပေးနိုင်ကြောင်း၊ ရေ ဓာတ်ပြန်လည်ဖြည့်တင်းရန် ရေများ များသောက်ရမည်ဖြစ်ကြောင်း၊ ချွေး ထွက်များပါက ဆားဓာတ်ဆုံးရှုံးနိုင် သဖြင့် ဓာတ်ဆားသောက်သုံးရမည် ဖြစ်ကြောင်း သိရသည်။

အပူလျှပ်ခြင်းကဲ့သို့ ရှောင်လွှဲ မရနိုင်သည့့် အခြားကျန်းမာရေးတစ် ခုမှာ နေရောင်ခြည်ကြောင့် အရေ ပြားထိခိုက်မှုများဖြစ်သည်။

ပုံမှန်အခြေအနေများတွင် နေ ရောင်ခြည်မှထွက်ပေါ်လာသည့် ခ ရမ်းလွန်ရောင်ခြည်ကို လေထုထဲမှ အိုဇုန်းလွှာက ကာကွယ်ပေးထားခြင်း ဖြစ်သည်။

သို့သော် သက်ရင့်ရုပ်ကြွင်း (ရေ နံ၊ ကျောက်မီးသွေး) အလွန်အကျွံသုံး စွဲခြင်း၊ တောမီးလောင်ခြင်း၊ လူသား တို့ကလိုရိုဖလူရို ကာဗွန်များဖြစ်သည့် အဲကွန်း၊ ရေခဲသေတ္တာ ဓာတ်ငွေ့ဖြည့် ခြင်း၊ ဖျက်မင်၊ လက်သည်းချွတ်ဆေး၊ ရင်ကျပ်ရှူဆေးတို့ အမြောက်အမြား သုံးစွဲလာကာ လေထုထဲက အိုဇုန်း လွှာပေါက်ပြဲလာပြီး ခရမ်းလွန်ရောင် ခြည် ကမ္ဘာမြေကိုကျရောက်စေကြောင်း သိရသည်။

ခရမ်းလွန်ရောင်ခြည်မှာ ညပိုင်း များတွင် သုညဖြစ်သော်လည်း ပူပြင်း သည့်နေ့အချိန် တွင်မူ ၁၀ မှ ၁၄ ကြား ရှိနိုင်ကြောင်း သိရသည်။

ယင်းကြောင့် ခရမ်းလွန်ရောင် ခြည်မြင့်မားသည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အတွင်း နေရောင်ခြည် နှင့် တိုက်ရိုက်ထိတွေ့ခြင်း ရှောင်ကြဉ် သင့်ကြောင်း၊ မဖြစ်မနေအပြင်ထွက် ရမည်ဆိုပါကထီး၊ ဦးထုပ်ဆောင်းသင့် ကြောင်း၊ နေရောင်ခံခရင်မ်လိမ်းသင့် ကြောင်း၊ ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုတိမ်စွဲခြင်းဖြစ်စေကာ အ မြင်အာရုံထိခိုက်စေနိုင်သဖြင့် ခရမ်း လွန်ရောင်ခြည် ၉၉ ရာခိုင်နှုန်း ကာ ကွယ်ပေးသည့် နေကာမျက်မှန်များ တပ်သင့်ကြောင်း ဆရာဝန်များက အကြံပြုပြောကြားထားသည်။ 

အပူချိန်မြင့်တက်မှုနဲ့အတူ နောက်ဆက်တွဲ ရာသီဥတုအခြေအနေတွေကို ကြိုပြင်ဖို့လိုပြီ

မြန်မာနိုင်ငံအနေဖြင့် ဧပြီလ ဒုတိယ ၁၀ ရက်ပတ်အတွင်း တိုင်း နှင့်ပြည်နယ်များတွင် ဧပြီလပျမ်းမျှ အပူချိန်၏ ၁ ဒသမ ၅ဒီဂရီဆဲလ်စီး ယပ်နှင့်အထက် နေ့အပူချိန်ပိုနိုင် ကြောင်း ဧပြီ ၁၁ ရက်တွင် မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနက ထုတ်ပြန်သည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ သကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန် ၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့် အထက် ပိုနိုင်ပြီး ကချင်ပြည်နယ် တွင် ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာရှိ နိုင်ကြောင်း မိုးဇလကဆိုသည်။

ယင်းသို့ အပူချိန်များမြင့်တက် နေမှုကြောင့် ဧပြီလပိုင်းနှင့် မေလ များတွင် နောက်ဆက်တွဲရာသီဥတု အခြေအနေများကို သတိထားရ မည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ် များဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့ တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင် ပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့ လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေ ပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီး ကြွေခြင်းနှင့် နေရာကွက်ကျားမိုး ထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များဖြစ်ပေါ်နိုင်သည်ဟု မိုးဇ လက ထုတ်ပြန်သည်။

ထို့ပြင် လေပြင်းများတိုက်ခတ် စဉ် မြေပြင်/ရေပြင်လေသည် တစ် နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်သည်ဟု မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းကြောင့် ပြည်သူများအနေ ဖြင့် နွေကာလဖြစ်သည့် ဧပြီလနှင့် မေလများအတွင်း ဖြစ်ပေါ်လာနိုင် သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင် သွားကြရန်နှင့် ပြည်တွင်းလေ ကြောင်းပျံသန်းရေးနှင့် ရေကြောင်း ခရီးစဉ်များအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ရန် အသိပေးနှိုးဆော် အပ်သည်ဟု မိုးလေဝသနှင့် ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားသည်။    

Most Read

Most Recent