တောင်ကြီးမြို့မှာ လည်ပတ်စရာ ၂၁ နေရာ

တောင်ကြီးမြို့မှာ လည်ပတ်စရာ ၂၁ နေရာ
Published 21 April 2024

ယခုတစ်ကြိမ် ရှမ်းပြည်နယ်တောင်ပိုင်းမြို့တော်၊ တောင်ကြီးမြို့သို့ အလည်အပတ် ရောက်ရှိလျှင်ဖြင့် လည်ပတ်နိုင်သော အထင်ကရ နေရာဌာနများကို ဖော်ပြပေးပါမည်။

ထိုသို့ လည်ပတ်စရာနေရာဌာနများကို ဖော်ပြရာတွင် ဟိုတယ်၊ စားသောက်ဆိုင်၊ ရက်စတော့ရင့်၊ ဘား၊ ကော်ဖီဆိုင်၊ ရိုးရာဝတ်စုံ အစားအသောက် အမှတ်တရပစ္စည်းများ အရောင်းဆိုင် စသော စီးပွားရေးနှင့် သက်ဆိုင်သော အကြောင်းအရာများမှလွဲ၍အများ ပြည်သူနှင့် သက်ဆိုင်သော တည်နေရာများကိုသာ ဦးစားပေး ဖော်ပြမည်ဖြစ်ပါသည်။

နောက်ထပ်တစ်ချက်မှာ တောင်ကြီးမြို့ရှိ ပရိယတ္တိ စာသင်တိုက်များကိုလည်း အလုံးစုံ မဖော်ပြဘဲ လိုအပ်သမျှသာ ထည့်သွင်းဖော်ပြ သွားမည်ဖြစ်ပါကြောင်း ဦးစွာအသိပေးအပ်ပါ သည်။ အကယ်၍ လိုအပ်ချက်များရှိပါက နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

တောင်ကြီးမြို့ သမိုင်းအကျဉ်း

တောင်ကြီးမြို့ကို ၁၈၉၄ ခုနှစ် စက်တင် ဘာ ၁၅ ရက်တွင် စတင်မြို့တည်ခဲ့ခြင်းဖြစ် ကြောင်း တောင်ကြီးမြို့ဖွား စာရေးဆရာ ဒေါက်တာအောင်ကျော် ပြောပြချက်အရ သိရသည်။ ထို့ကြောင့် တောင်ကြီးမြို့သည် လာမည့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက် တွင် မြို့တည်နှစ် ၁၃၀ နှစ်ပြည့်မြောက်တော့ မည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလိပ်အစိုးရက မိုင်းသောက်တွင် ရုံး စိုက်ရာမှ အသွားအလာ၊ ကျန်းမာရေးကိစ္စ များကြောင့် မြို့သစ်တည်ရန် တောင်ကြီးမြို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလိပ်စစ်တပ် မိုင်းသောက်ခံတပ်မှ တောင်ကြီးမြို့ကို ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ညောင်ရွှေနယ်ထဲမှထုတ်နုတ်၍ သီးခြား မြို့ အဖြစ် အင်္ဂလိပ် တို့က တည်ထောင်သတ်မှတ် ခဲ့ခြင်းဖြစ်သည်။ ငှက်ဖျားရောဂါကြောင့် အဖျားအနာများသဖြင့် မိုင်းသောက်မှ တောင် ကြီးသို့ ရွှေ့ပြောင်းသည်ဟုလည်း မှတ်တမ်းအ ရ သိရသည်။

မြန်မာသက္ကရာဇ် ၁၂၅၃ ခု၊ ခရစ်နှစ် ၁၈၉၀ တွင် တောင်ကြီးမြို့အဖြစ် တည်ထောင် ခဲ့သည်ဟု ကမ္ဘာ့စွယ်စုံကျမ်းတွင် ဖော်ပြထား သည်။ ပင်လယ်ရေပြင်အမြင့်  ၄၇၁၂ ပေ၊ တောင်ကြီးမြို့တောင်ချွန်းအထိ ပင်လယ်ရေ ပြင်အမြင့်ပေ ၅၆၀၀ ကျော်ရှိသည်။ အရှေ့ ဘက်တွင် ဟိုပုံးမြို့၊ အနောက်ဘက်တွင် ညောင်ရွှေမြို့၊ တောင်ဘက်တွင် ဆီဆိုင်မြို့၊ မြောက်ဘက်တွင် ရပ်စောက်မြို့တို့ဖြင့် ဝန်းရံ လျက်တည်ရှိသည်။

တောင်ကြီးမြို့တွင် ရှေးအခါကပင် ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ ဓနု၊ တောင်ရိုး၊ ဗမာ စသော တိုင်းရင်းသားပေါင်းစုံ ၊ ဘာသာလူမျိုးပေါင်းစုံ တို့သည် ရင်းနှီးချစ်ခင်စွာ အတူတကွ စုပေါင်း နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းတွင် ဆစ်ခ်ဝတ်ပြုကျောင်းကြီး၊ ဘောလုံးကွင်းအနီးတွင် စိန်ဂျိုးဇက်ဘုရား ရှိခိုးကျောင်းနှင့် ၀ါးပြားလမ်းဆုံတွင် ကွမ်ရင်စီ တရုတ်ဘုရားကျောင်းတို့လည်း ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ရှိကြသည်။

တောင်ကြီးမြို့ကို ဆောင်းရာသီတွင် လာရောက်လည်ပတ်သင့်ကြောင်း အကြံပြုလို သည်။

ဆောင်းရာသီတွင် တောင်ပေါ်ဒေသ ချမ်းအေးသော အငွေ့အသက် ၊ မြူဆိုင်းသော တောင်ပေါ်ရှုခင်းများနှင့် ချယ်ရီပန်းပွင့် အလှ အပများကို ခံစားနိုင်သလို၊ ရှမ်းပြည်နယ် ရိုးရာ မီးပုံးပျံ ပွဲတော်နှင့် ဒေသတွင်းရှိ အင်းလေးကန် ဖောင်တော်ဦးဘုရားများ ဒေသစာရီ ပွဲတော် တို့ကိုလည်း လေ့လာနိုင်ပါသည်။

တောင်ကြီးမြို့ တောင်ပေါ်ဗျူးပွိုင့်၊ မုံတဝ လိုဏ်ဂူတော်၊ တောင်ချွန်းနှင့် ရှမ်းပြည်နယ် ယဉ်ကျေးမှုပြတိုက်

တောင်ကြီးမြို့ ရောက်ရှိလျှင် မဖြစ်မနေ ဦးစားပေး လည်ပတ်သင့်သောနေရာတစ်ခု မှာ အရှေ့ဘက် နဂါးတောင်တန်းပေါ်မှ တောင်ပေါ်ဗျူးပွိုင့်ပင်ဖြစ်သည်။ ထိုထက် အချိန်ပိုရလျှင် တောင်ချွန်း နှင့် မဟာပါသဏ မုံတဝလိုဏ်ဂူတို့ကို သွားရောက်လေ့လာသင့် ကြောင်း အကြံပြုတိုက်တွန်းလိုသည်။ တောင် ချွန်းမှာ တက်ရခက်ခဲသော်လည်း မုံတဝ လိုဏ်ဂူတော်မှာ ဆိုင်ကယ်ဖြင့် သွားရောက် နိုင်ပါသည်။ ထို့ပြင် တောင်ကြီးမြို့ စဝ်စံထွန်း ရပ်ကွက်တွင် မင်္ဂလာဂူကိုလည်း လေ့လာနိုင် ပါသည်။

တောင်ကြီးမြို့ အရှေ့ဘက် နဂါးတောင် တန်းမှ တောင်ပေါ်ဗျူးပွိုင့်ကိုတက်ရန် တောင် ကြီးမြို့မြောက်ဘက် ဘုရားဖြူရပ်ကွက်ရှိ အေး စေတီကျောင်းလမ်းအတိုင်း တက်နိုင်သလို  တောင်ကြီး တောင်ဘက် ဟိုပုံး အထွက် လမ်း ရှိ   Royal Taunggyi Hotel ဆေး တက္ကသိုလ်အနီးတွင်ရှိသော တောင်တက် လမ်းအတိုင်း တက်ရောက်နိုင်ပါသည်။

နဂါးတောင်တန်းပေါ်တွင် ရွှေဘုန်းပွင့် စေတီတော်၊ ပတ္တမြားဂူ၊ မြစိမ်းတောင်ဘုရား၊ နဂါးရေထွက်၊ ရွှေမုဋ္ဌောစေတီတော်နှင့် ရွှေ ချမ်းသာဘုရားတို့ တည်ရှိပါသည်။

တောင်ကြီးမြို့၏ မြောက်ဘက်ခြမ်း ဘုရားဖြူရပ်ကွက် အေးစေတီကျောင်းမှ တက် လျှင် မြစိမ်းတောင်ကို ရောက်ရှိပြီး မြို့တောင် ဘက်လမ်းအတိုင်းတက်လျှင် ရွှေမုဠောစေတီ တော်ကို ဦးစွာ ရောက်ရှိပါမည်။ ထိုမှ ရွှေမုဋ္ဌော ကျောင်းဝင်းလမ်းအတိုင်း ဝင်သွားလျှင် ရွှေ ချမ်းသာ ရှေးဟောင်း စေတီတော် ကို ရောက်ရှိ နိုင်မည်။ ရွှေချမ်းသာစေတီတော်သည် အဖြူ ရောင်နှင့် ရွှေရောင်အဆင်းရှိ၍ ကြည်ညိုဖွယ် ရာကောင်းသည်။ စေတီတော် တည်ထားပုံမှာ အချိုးအစားကျနသဖြင့် သပ္ပါယ်လှသည်။

ရွှေမုဋ္ဌောစေတီရှိ တောင်ပေါ်ဗျူးပွိုင့်မှ ကြည့်လျှင် တောင်ကြီး စူဠာမုနိလောကချမ်း သာစေတီတော်နှင့် မြို့ရှုခင်းကို အပေါ်စီး မြင်ကွင်း မြင်တွေ့နိုင်ပါသည်။ ရွှေမုဋ္ဌော စေတီသည် နှစ်ပေါင်းတစ်ရာကျော်ပြီ ဖြစ်ကာ မူလစေတီတော်နေရာတွင် ထပ်မံ၍ အသစ် တည်ထားခြင်း ဖြစ်ကြောင်း သိရသည်။    ရွှေမုဋ္ဌောစေတီရှိရာ ကုန်းနေရာကို မုဆိုးမတောင် ဟု ယခင်က ခေါ်ဆိုကြသည်။ မုဆိုးများ တောလိုက်သောအခါ ဒူးလေးများကို ထောင်၍ ဆုတောင်းကြပြီး၊ ဆုတောင်းပြည့် သဖြင့် မုဆိုးမတောင်ဟု ခေါ်ကြောင်း သိရ သည်။

ထိုမှ တောင်ပေါ်လမ်းအတိုင်း ဆက်သွား လျှင် ရွှေဘုန်းပွင့်စေတီတော်ကို ရောက်ရှိမည်။ ရွှေဘုန်းပွင့်စေတီတော်ရင်ပြင်တော်ရှိ တောင် ပေါ်ဗျူးပွိုင့် မှ ကြည့်လျှင် မြို့ရှုခင်းအပေါ်စီး မြင်ကွင်းကို လှပစွာမြင်တွေ့နိုင်သည်။ နဂါးရုံ ဘုရားမှ ကြည့်လျှင်လည်း တစ်မျိုးလှပသော ရှုခင်းကို တွေ့ရသည်။

တောင်ကြီးမြို့ တောင်ချွန်းကို ဘယ်ဘက် ခြမ်းတွင်လည်းကောင်း၊ ညာဘက်ခြမ်းတွင် မြို့ရှုခင်းနှင့် အောက်ဘက်တွင် အေးသာယာ မြို့ရှုခင်း၊ ဟိုးအဝေးတွင် မှုန်ပျပျအင်းလေး ကန်ကိုပင် လှမ်းမျှော် မြင်တွေ့နိုင်ပါသည်။

တောင်ကြီးမြို့အရှေ့ဘက် တောင်တန်း ကြီး၏ အလယ်တွင် ရွှေဘုန်းပွင့်စေတီတော် တည်ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၅၆၂၃ ပေ မြင့်သော နွားလားဥဿဖ တောင်ပေါ်တွင် တည်ရှိသည်။ ရွှေဘုန်းပွင့် စေတီတော်ကို မြန်မာသက္ကရာဇ် ၁၃၃၀ ပြည့် နှစ် (ခရစ်နှစ် ၁၉၆၉ ခုနှစ်) တွင် ယက္ကန်းစင် တောင် ဆရာတော် ဦးသြဘာသ၏မိန့်မှာ လမ်းညွှန်ချက်အရ တည်ထားခဲ့ခြင်းဖြစ်ကာ ကပ်ကျော်ဘုရားဟုလည်း ဒေသခံများက ခေါ် ဆိုကြသည်။ စေတီတော်သည် ဉာဏ်တော် ၃၁ တောင် အမြင့် ရှိသော ဆူးလေစေတီတော် ပုံစံ စေတီတစ်ဆူဖြစ်သည်။ စေတီတော်ပတ် လည်တွင် ဉာဏ်တော် ၁၁ တောင်အမြင့်ရှိ သော အရန်စေတီတော် ရှစ်ဆူမှာလည်း ဆူး လေစေတီတော် ပုံစံငယ်များဖြစ်သည်။

ရွှေဘုန်းပွင့်စေတီ၏ အောက်ဘက် တောင်ခြေတွင် တည်ရှိသော ပတ္တမြားလိုဏ်ဂူ ကို လေ့လာနိုင်သည်။

ထိုမှတစ်ဆင့် တောင်ပတ်လမ်းအတိုင်း ဆက်သွားလျှင် မြစိမ်းတောင်ဘုရားသွားလမ်း မရောက်ခင် တောင်ပေါ်ဗျူးပွိုင့်ရှုခင်းကို မြင် တွေ့နိုင်ပါသည်။ ထိုနေရာမှကြည့်လျှင် တောင် ကြီးမြို့မစျေး ၊ မြကန်သာပန်းခြံနှင့် မြို့အလယ် ပိုင်းနှင့် မြောက်ပိုင်းရပ်ကွက်များကို အနီးကပ် မြင်တွေ့နိုင်ပါသည်။ ရွှေဘုန်းပွင့်တောင်ပေါ် ဗျူးပွိုင့်ထက်စာလျှင် ထိုလမ်းခုလတ်ဗျူးပွိုင့် လေးသည် မြို့နှင့်ပိုမိုနီးကပ်သဖြင့် မြင်ကွင်း ပိုမိုထင်ရှားသည်။

မြစိမ်းတောင်ဘုရားရောက်လျှင်လည်း ရပ်တော်မူဘုရားမှ တောင်ပေါ်ဗျူးပွိုင့်ရှုခင်း ကို မြင်တွေ့ခံစားနိုင်ပါသည်။ နဂါးတောင် တန်းတောင်ပေါ်ရောက်လျှင် အဆိုပါ ရွှေဘုန်း ပွင့်၊ မြစိမ်းတောင်နှင့် ရွှေမုဋ္ဌောဘုရား တောင် ပေါ်ဗျူးပွိုင့်သုံးနေရာကို သွားရောက်ကြည့်ရှု နိုင်ပါသည်။ တစ်နေရာချင်းစီတိုင်းတွင် မတူ ညီသော တောင်ကြီးမြို့၏ အပေါ်စီးရှုခင်း အလှအပများကို မြင်တွေ့နိုင်မည်ဖြစ်သည်။

နဂါးရေထွက်ဟူသောနေရာကို ယနေ့ ခေတ် သိပ်မသွားလည်ကြတော့ပေ။ ယခင်က ရွှေဘုန်းပွင့် ဘုရားတည်စဉ်အချိန်က ဆင်များ ဖြင့်တက်၍ ပစ္စည်းသယ်ယူကြရာ ရေထွက် သောနေရာ ဆင်စခန်းချသဖြင့် ထိုနေရာကို ယခင်က ဆင်တည်းဟုလည်း ခေါ်ကြောင်း ဦးတင့်ဆွေက ဆိုသည်။

တောင်ကြီးမြို့ဖွား ဒေသခံ အတော်များ များသည် တောင်ချွန်းကို ရောက်ဖူးကြပေလိမ့် မည်။ တောင်ချွန်းကို ရောက်ဖူးမှသာ တောင် ကြီးမြို့၏ အရသာကို ထိထိမိမိခံစားနိုင်ပေ မည်။ တောင်ချွန်းပေါ်ကို လမ်းလျှောက် တက် ကြရပြီး တောင်ပေါ်ရောက်သည့်အခါ မြင် တွေ့ရသော ရှုခင်းသည် တစ်မူထူးခြားသည်။

တောင်ကြီးမြို့ပြင် ကျောက်တစ်လုံးကြီး လမ်း (ကက္ကူဘုရား သွားလမ်း) အထွက်လမ်း တွင် ထမ်းဘုရားတည်ရှိပါသည်။ ထမ်းဘုရား တွင် ရှေးဟောင်းဘုရားများနှင့် သဘာဝ လိုဏ် ဂူတော် တည်ရှိပါသည်။

ပြီးနောက် တောင်ကြီးမြို့တွင် အသစ် တည်ဆောက်ထားသော ထီသိမ်ဘူတာ ရထား လမ်းရှုခင်းကို တောင်ကြီးအဆင်းလမ်း ကရင်မ ရေထွက်လမ်းအတိုင်း သွားရောက်နိုင်သလို ဘုရားဖြူရပ်ကွက်မှလည်း သွားရောက်နိုင်ပါ သည်။

ထို့ပြင် တောင်ကြီးမြို့ရှောင်လမ်းဖြစ် သော ရွှေညောင်-မွေးမြူရေးဇုန်-ဆင်တောင် -ငါးလမ်းဆုံတည်ရှိရာ နေရာလမ်းပိုင်းကို လည်း သွားရောက်လည်ပတ်နိုင်ပါသည်။ တောင်ကြီးမြို့အစွန် ကံကြီးနှင့် ဖရဲဘက်တွင် တည်ဆောက်ထားသော ငါးလမ်းဆုံနေရာမှ အောက်ဘက် ရွှေညောင်-ညောင်ရွှေ သွား ရောက်နိုင်သော လမ်းခွဲမှတ်တိုင်တည်ရှိပါ သည်။

တောင်ကြီးမြို့၏ တောင်ကမ်းပါးယံ၊ အနောက်ဘက် တောင်စောင်းတွင် တည်ရှိ သော မဟာပါသဏ မုံတဝလိုဏ်ဂူတော်သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အကြီးဆုံးသော ဂူတစ်ခုဖြစ်ပြီး အတွင်းပိုင်း မည်မျှရှည်လျား နက်ရှိုင်းသည်ကို မည်သူမျှ အတိအကျ မပြော နိုင်ချေ။

ယခုအခါ မုံတဝလိုဏ်ဂူတော်ဆရာ တော်ဘုရားက မုံတဝဂူသွားလမ်းကို တတ်စွမ်း သမျှ ဖောက်လုပ်နေပြီး မော်တော်ကား၊ မော် တော်ဆိုင်ကယ်ဖြင့် သွားလာနိုင်ပြီ ဖြစ်သည်။ တချို့လမ်းပိုင်းတွင် ကွန်ကရစ်ခင်းရန် အနည်း ငယ် ကျန်သေးပြီး တောင်ပေါ်မှ သွားလာနိုင်ပြီ ဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်လာသည်ဟု ပြောနိုင်သည်။ မုံတဝဂူသွား ရန် ယခင်က တိုင်းရင်းသားပေါင်းစုံ သုသာန် (ယခု အမည်ပြောင်းထား) မုခ်ဦးမှ ညာဘက် ကွေ့သောလမ်းအတိုင်း မုံတဝလိုဏ်ဂူဟု ဆိုင်းဘုတ်ပြထားသော ကျောက်လမ်းအတိုင်း ဝင် သွားရပါမည်။ ထို အဝင်ကျောက်လမ်းသည် လမ်းကြမ်းသော်လည်း ကွန်ကရစ်ခင်းထား သော လမ်းပိုင်းများ တစ်ဝက်တစ်ပျက် ရှိသ ဖြင့် ဖြည်းဖြည်းမောင်းသွားလျှင် အဆင်ပြေ ပါသည်။ အဆင်းမတ်စောက်သောနေရာ မရှိ သလောက် သက်တောင့်သက်သာ ဖြင့် မုံတဝ လိုဏ်ဂူတော် ကို ရောက်ရှိနိုင်ပါသည်။  ယခင် က တောလမ်းအတိုင်း လမ်းလျှောက်ဆင်းကြ ရပြီး အနည်းဆုံး နာရီဝက်ခန့်သွားရခြင်းဖြစ် သည်။ ယခုအခါ မော်တော်ဆိုင်ကယ်၊ မော် တော်ကားဖြင့် မမောမပန်း ရောက်နိုင်ပေ သည်။

မုံတဝလိုဏ်ဂူတော်မှ တောင်အောက် ဆင်းသော လူသွားလမ်းရှိပြီး အေးသာယာ၊ မုံတဝအောက်ရွာကိုရောက်ရန် ၄၅ မိနစ်ကျော် လမ်းလျှောက်ရကြောင်း ကျောင်းတိုက်နေ ဝေယျာဝစ္စလုပ်ကိုင်ပေးသူ အစ်ကိုက ပြော သည်။ ကျွန်တော် အေးသာယာမြို့၊ မုံတဝရွာမှ လမ်းလျှောက်တက်ဖူးပါသည်။ တောတောင်ရှု ခင်းများ ၊ သဘာဝ ရေတံခွန်များကို ခံစားရင်း လမ်းလျှောက်ရသည်မှာ စိတ်ကြည်နူးစရာ ကောင်းပါသည်။

မုံတဝ သဘာဝလိုဏ်ဂူတော် တောင်ခြေ မှ ရပ်ကြည့်လျှင် တောင်ကြီးမြို့၏ အနောက် ဘက် တောင်စောင်း တောင်ကမ်းပါးယံကြီး များကို သဘာဝအတိုင်း မြင်တွေ့ရပြီး မိုးရာသီ တွင် ရေတံခွန်လေးကို ခံစားနိုင်သည်။ မုံတဝ လိုဏ်ဂူတော်သည် အံ့မခန်း ထူးခြားချက်များ ပြည့်နေပြီး နတ်ကြီးသည်ဟု ဆိုကြသည်။

မုံတဝ သဘာဝလိုဏ်ဂူသည် ရှမ်းတောင် တွင် အကြီးဆုံးဂူဖြစ်ပြီး ယခင်က လိုဏ်ဂူထိန်း သိမ်းရေးအဖွဲ့ပြောပြချက်အရ လိုဏ်ဂူကို သုံး လေးရက် လေ့လာသော်လည်း လမ်းမဆုံးသေး ဘဲ မိုင် ၂၀ ခန့် ခရီးပေါက်ခဲ့ကြောင်း မှတ်တမ်း အရ သိရသည်။ ရှမ်းပြည်တောင်ပိုင်းတွင် ရှိသော ထမ်ဆမ်းဂူ၊ ပွန်ချောင်းဂူ၊ ပင်းတယ ရွှေဥမင်လိုဏ်ဂူတို့ထက် ပိုမိုကြီး၍ရှည်လျား ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် နောက်ထပ်ကျန်ရှိ သော ဂူတစ်ဂူမှာ တောင်ကြီးမြို့ စဝ်စံထွန်းရပ် ကွက်၊ မင်္ဂလာဂူကျောင်းရှိ မင်္ဂလာဂူကိုလည်း လေ့လာနိုင်ပေသည်။

ရှမ်းပြည်နယ်ယဉ်ကျေးမှုပြတိုက်သည် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ (မင်းလမ်း)၊ ကျားခေါင်း လွှတ်တော်ခန်းမ နံဘေးတွင် တည်ရှိပါ သည်။ ယဉ်ကျေးမှုပြတိုက်တွင် ရှမ်းပြည်နယ် တိုင်းရင်းသားများတို့၏ ဓလေ့ထုံးတမ်းများ နှင့် ယဉ်ကျေးမှုများ လေ့လာနိုင်ပါသည်။

ရှေးယခင် အင်္ဂလိပ်ခေတ်လက်ထက် ထိုနေရာတွင် တောင်ကြီးမြို့၏ ဗဟိုချက်မ ဇနမသ ငြူန နေရာကို သံပန်းဖြင့် ပရိဝုဏ် သတ်မှတ်ထားကြောင်း ဦးတင့်ဆွေက ဆို သည်။ ထိုနေရာမှ မြို့မစျေးအထိ တစ်မိုင်၊ ပညာရေးကောလိပ်ကျောင်းအထိ နှစ်မိုင်၊ မြို့ အထွက် ကရင်မရေထွက်အထိ  သုံးမိုင်ရှိ ကြောင်း ၎င်းင်းက ဆိုသည်။

တောင်ကြီးမြို့တည်စက ဘုန်းတော်ကြီး ကျောင်းများမှာ ကန်ဦးကျောင်း၊ မင်းကျောင်း၊ ကုန်းသာကျောင်း၊ နဂါးပတ်ကျောင်း၊ ပထမ တောင်ကျောင်းကြီးသာရှိသည်ဟု တောင်ကြီး မြို့ခံများက ဆိုသည်။

မီးပုံးပျံအစ ကုန်းသာကျောင်းက စာဆို နှင့်အညီ ကုန်းသာကျောင်းကိုလည်း မေ့မထား သင့်ပေ။ ကုန်းသာကျောင်းသည် ဂျပန်ခေတ် က ဗုံးကြဲသဖြင့် ထိမှန်ပျက်စီးခဲ့ကြောင်း သိရ သည်။ ရပ်တော်မူတွင် လေကြောင်းကာကွယ် ရေးစခန်းဟုခေါ်သော သံချောင်းခေါက် အချက် ပေးစနစ် အင်္ဂလိပ်တို့က ထားရှိသဖြင့် ထိုနေ ရာကို ဂျပန်တို့က ဗုံးကြဲချရာ ချော်၍ ကုန်းသာ ကျောင်းကို ထိမှန်ပျက်စီးခြင်းဖြစ်သည်။ တောင်ကြီးမြို့မစျေး (ညောင်ပင်ကုန်း)ကိုလည်း ဗုံးကြဲသဖြင့် သင်္ကြန်လည်းပျက်၊ ပွဲ စျေးလည်းပျက်၊ စျေးလည်းပျက်ခဲ့ကြောင်းဆို သည်။ တစ်ဖန် ဂျပန်ခေတ်ရောက်သောအခါ အင်္ဂလိပ်တို့က ကျွဲညီနောင်ဖြင့် လာပစ်ရာ ရပ်တော်မူဘုရားကြီး မထိသဖြင့် ဘုရားကြီး သင်္ကန်းတော်တွင် ဂျပန်စာများ ရေးခဲ့ကြောင်း ဆိုသည်။

မင်းကျောင်းသည် စော်ဘွားများ ကိုး ကွယ်သောကျောင်းဖြစ်သဖြင့် မင်းကျောင်းဟု ခေါ်ကြောင်း ဆိုသည်။

ထို့ပြင် တောင်ကြီးမြို့တွင် တောင်ကြီး တက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ နည်းပညာတက္က သိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ တောင်ကြီး ပညာရေးကောလိပ်၊ အားကစားနှင့် ကာယ ပညာသိပ္ပံကျောင်းတို့လည်း ရှိကြသည်။

တောင်ကြီးမြို့ရှိ ဝန်းသိုစော်ဘွားကြီး စဝ်အောင်မြတ် အုတ်ဂူဗိမာန်

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရပ်တော်မူ ဘုရားကုန်းတောင်ခြေတွင် ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်၏ အုတ်ဂူဗိမာန် တည်ရှိသည်။ စော်ဘွားကြီးစဝ်အောင်မြတ် အုတ်ဂူကို မည်သူမဆို သွားရောက်လေ့လာ နိုင်ကြောင်း သိရသည်။

          ဗြိတိသျှကိုလိုနီ လွတ်လပ်ရေးအတွက် ပထမဆုံးတော်လှန်ရေးရှမ်းစော်ဘွား တစ်ဦး ဖြစ်ပြီး အမည်ရင်းမှာ စဝ်အောင်မြတ်ဖြစ် သည်။ အင်္ဂလိပ်မြန်မာ တတိယအကြိမ် စစ်ပွဲ အပြီး သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ် အစိုးရ၏သြဇာကို မခံယူဘဲ ဝန်းသို၊ ကော လင်း၊ မိုးကောင်း၊ မိုးညှင်း၊ ပင်လည်ဘူး ဒေသ များမှ အင်္ဂလိပ်တို့ကို တော်လှန်ပုန်ကန်ဆန့် ကျင်ခဲ့ခြင်း ဖြစ်သည်။ ရှေ့ပိုင်းနိုင်သော်လည်း နောက်ပိုင်းအရှုံးဖြင့် ရင်ဆိုင်လာရသဖြင့် ဝန်းသိုစော်ဘွားကြီး သည် တရုတ်နယ်စပ်တွင် ၃၁ နှစ်ကြာအောင် ပုန်းအောင်းနေထိုင်ခဲ့ရ သည်။

          ညောင်ရွှေစော်ဘွားကြီး ဆာစောမောင် ၏ ဖိတ်ခေါ်မှုကြောင့် မြန်မာနိုင်ငံ ပြန်ရောက် လာသောအခါ တောင်ကြီးမြို့၊ ဟော်ကုန်းရပ် ကွက်၊ သထုံဟော်၌ နေထိုင်ခဲ့သည်။ အဆိုပါ သထုံဟော်မှာပင် ဝန်းသိုစော်ဘွားကြီး ဦးအောင် မြတ်သည် အသက် ၁၀၃ နှစ်အရွယ်တွင် ကွယ် လွန်ခဲ့သည်။

တောင်ကြီးမြို့ရှိ လည်ပတ်စရာ ၁၀ နေရာ

          တောင်ကြီးမြို့ရောက်လျှင် မဖြစ်မနေ လည်ပတ်သင့်သော အထင်ကရ ဘုရားများမှာ (၁) စူဠာမုနိ လောကချမ်းသာစေတီတော်၊ (၂) မြို့လယ်ဓမ္မာရုံ ၊ (၃) ရပ်တော်မူ ဘုရားကြီး၊ (၄) အောင်တော်မူကျောင်း ၊ (၅) ဘုရားကြီး အတွင်းကျောင်း (မဟာမြတ်မုနိ) ၊ (၆) အေးစေ တီဘုရားဖြူ၊ (၇) သက်စေ့ရန်အောင်ကျောင်း၊ (၈) အရိုးဂူကျောင်း၊ (၉) ကံကြီး ဗျူးပွိုင့်နှင့် (၁၀) တပ်ဦးဥတ္တရာရုံ ကျောင်းတိုက်အနီး ဗျူး ပွိုင့်တို့ ဖြစ်ကြသည်။

          တောင်ကြီးမြို့အရှေ့ဘက် နဂါးတောင် တန်းမှ ဘုရားစေတီများ ဖြစ်သော ရွှေဘုန်းပွင့်၊ မြစိမ်းတောင် ၊ ပတ္တမြားလိုဏ်ဂူ၊ နဂါးရေထွက်၊ ရွှေမုဋ္ဌောစေတီတော်နှင့် ရွှေချမ်းသာ စေတီ တော်တို့အကြောင်းကို ဖော်ပြခဲ့ပြီးဖြစ်သည်။ တောင်ကြီးရောက်လျှင် ပထမဆုံးလည်ပတ် သင့်သောနေရာမှာ အဆိုပါ တောင်ပေါ်ရှုခင်း ဖြစ်ပါသည်။ မနက်ခင်း နေထွက်ချိန်၊ ညနေ ခင်း နေကျချိန်နှင့် နေဝင်ဆည်းဆာချိန်များ လွန်စွာလှပသဖြင့် ဓာတ်ပုံဆရာများ သွား ရောက် ရိုက်ကူးလေ့ ရှိသော နေရာများလည်း ဖြစ်ပါသည်။

          နောက်ထပ် လည်ပတ်စရာတစ်ခုအဖြစ် တောင်ပေါ်မှဆင်းလျှင် စူဠာမုနိလောကချမ်း သာစေတီတော်ကို လည်ပတ်နိုင်သည်။ ယခု နှစ်ပိုင်းတွင် အသစ်တည်ဆောက်ထားသော ဗျူးပွိုင့်စင်များ တိုးချဲ့ တည်ဆောက်ထားပြီး ရွှေသင်္ကန်းများလည်း အသစ်ပြန်လည် ကပ် လှူထားသည်ကိုတွေ့ရသည်။ မတ်လ အစော ပိုင်းတွင် တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်း သာစေတီတော်မြတ်ကြီး လုံးတော်ပြည့်၊အရံ စေတီလေးဆူတို့ကို ရွှေသင်္ကန်းဆက်ကပ်ခြင်း နှင့် စေတီတော်အတွင်းအပြင် ဆေးသင်္ကန်း ဆက်ကပ်ခြင်းလုပ်ငန်းများကို စတင်ဆောင် ရွက်ခြင်းဖြစ်ကာ ပိုမိုသပ္ပါယ်စွာ ဖူးမြော်နိုင်ပါ သည်။

          တောင်ကြီးမြို့လယ်ဓမ္မာရုံသည် ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ မြန်မာ့စီးပွားရေးဘဏ် နံဘေးတွင် တည်ရှိပြီး ရှေးနှစ်ပေါင်းများစွာ ကပင် ထိန်းသိမ်းလာသော အမွေအနှစ်လည်း ဖြစ်သည်။

          ဆုတောင်းပြည့် အောင်တော်မူစေတီ တော်နှင့် ရပ်တော်မူဘုရားကြီးသည် လမ်း မျက်နှာချင်းဆိုင်တွင် တည်ရှိကြသည်။ ၀ါးပြား လမ်းဆုံ ဘုံကျောင်းအတက် ကြားလမ်းမှ လည်းကောင်း၊ သိမ်တောင်အတက်လမ်း၊သိမ် တောင် ကျောင်းလမ်းအတိုင်းလည်းကောင်း လမ်းဆုံသို့ ရောက်ရှိနိုင်ပြီး ရပ်တော်မူနှင့် အောင်တော်မူတို့သည် လမ်းတစ်ဖက်တစ် ချက်စီတွင် မျက်နှာချင်းဆိုင် တည်ရှိပါသည်။

          တောင်ကြီးမြို့ ရပ်တော်မူဘုရားကြီး သည် ၂၀၂၄ ခုနှစ်တွင် နှစ်ပေါင်း ၁၁၄ ပြည့်မြောက်ခဲ့ပြီဖြစ်ကာ ဆုတောင်းပြည့် အောင် တော်မူစေတီတော်သည်လည်း နှစ်ပေါင်း တစ်ရာနီးပါး ကြာမြင့်ပြီဖြစ်သည်။ ရသေ့ကြီး ဦးခန္တီ တည်ထားသော ရပ်တော်မူဘုရားကြီး သည် ထူးခြားချက်များရှိပြီး အင်္ဂလိပ်ခေတ် လေယာဉ်များ ဗုံးကြဲတိုက်ခိုက်ရာ ထိမှန်ခြင်း မရှိသဖြင့် ဂျပန်စစ်သားများက ရပ်တော်မူဘု ရားကြီးတွင် ဂျပန်စာများ ရေးထွင်းထားသည် ကိုလည်း ယနေ့တိုင်မြင်တွေ့ရမည် ဖြစ်သည်။

          ဘုရားကြီးအတွင်းကျောင်း (မဟာမြတ် မုနိ) သည် တောင်ကြီးမြို့၏ ရှေးဟောင်းစေ တီတော်ဖြစ်ပါသည်။ တောင်ကြီးမြို့၊ ချမ်းသာ ရပ်ကွက်ရှိ သိမ်တောင်အတက်လမ်းအတိုင်း လာလျှင် ရှေးဟောင်းသမိုင်းဝင် ရတနာဇေယျ စေတီတော်မြတ်နှင့် မဟာမြတ်မုနိဘုရားကြီး ကို ရောက်နိုင်ပေသည်။ ဘုရားကြီးအတွင်း ကျောင်းကို နောင်တော်ဘုရား၊ ဘုရားဖြူမှ အေးစေတီကျောင်းလမ်းဆုံရှိ ဘုရားကို ညီ တော်ဘုရားဟု ခေါ်ဆိုကြကြောင်း တောင် ကြီးမြို့မှ နှစ်သက်တမ်းတစ်ရာကျော်သော ဘုရားများဆောင်းပါးတွင် ဖော်ပြခဲ့ပြီးဖြစ် သည်။  (အဆိုပါအကြောင်းကို ဆောင်းပါး ဖော်ပြပြီး ဖြစ်သည်)။

          တောင်ကြီးမြို့ ဖရဲငွေတောင်ကျောင်း အတက်လမ်းအတိုင်းသွားလျှင် သက်စေ့ရန် အောင်ကျောင်းကို ရောက်ရှိနိုင်ပါသည်။ ကျောင်းကြီးစုရပ်ကွက် ထုံးပုလဲအတက်လမ်း အတိုင်း သွားလျှင်လည်း ဖရဲတောင်ကို ရောက် နိုင်ပါသည်။ အဆိုပါ ဖရဲတောင်နှင့် သက်စေ့ ရန်အောင်ကျောင်းမှ မြင်ကွင်းသည် တစ်မူထူး ခြားသော တောင်ကြီးမြို့ရှုခင်းကို မြင်တွေ့ရ မည် ဖြစ်သည်။

          ထို့ပြင် တောင်ကြီးမြို့ ကံသာရပ်ကွက် ရှိ အရိုးဂူကျောင်းဟုခေါ်သော အောင်မေတ္တာ ကျောင်းတိုက်မှ ကြည့်လျှင်လည်း အေးသာ ယာရှုခင်းကို မြင်တွေ့နိုင်သည်။

          နောက်ထပ် ရှုခင်းလှပသော နေရာလေး မှာ တောင်ကြီးမြို့ ငါးလမ်းဆုံမှ သွားနိုင်သလို ကျောက်တစ်လုံး သွားလမ်းအတိုင်း သွား ရောက်နိုင်သော တောင်ကြီး ကံကြီးဗျူးပွိုင့် ရှုခင်းလေးဖြစ်သည်။ တောင်မြောက်သွယ် တန်းနေသော မြို့ရှုခင်းအလှအပကို ရှုမြင် ခံစားနိုင်ပြီး အနောက်ဘက် တောင်စောင်း ပေါ်မှ နေဝင်ချိန်ကြည့်ရှုလျှင် ရှုမငြီးလှပနေ ပါသည်။

          တောင်ကြီးမြို့ မြောက်ဘက်ခြမ်းတွင် ရှိသော တောင်ကြီး-အေးသာယာအဆင်း လမ်း ကရင်မရေထွက်လမ်းအတိုင်း ဝင်သွား လျှင် တပ်ဦး ဥတ္တရာရုံစာသင်တိုက် ရောက်ရှိ ပါသည်။ ထိုမှ ဆက်လက်၍ ဝင်သွားလိုက် လျှင် ရန်အောင်တောင်နဂါးရုံ ဘုရားရုပ်ပွား တော်ကို ရောက်ရှိပါသည်။ ထိုရန်အောင် တောင် နဂါးရုံဘုရားရုပ်ပွားတော်သည် ၂၀၂၂  ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်ပြီးစီး သဖြင့် သိရှိသူ နည်းပါးသေးသည်။ ထိုတောင် ပေါ် ဗျူးပွိုင့်မှကြည့်လျှင် အေးသာယာ၊ သစ် ပင်ထောင်၊ ပလီလင်းရှုခင်းကို မြင်တွေ့နိုင် သည်။

          မြို့တည်စ အဆောက်အအုံ ၁၇ လုံးတို့ တွင် ဒါဘာခန်းမ (ယခု မြို့တော်ခန်းမ)၊ လွတ် လပ်ရေးရပြီးနောက် ပြန်လည်တည်ဆောက် ထားသော စာတိုက်နှင့် ကြေးနန်းရုံးတို့ကို လည်း လေ့လာနိုင်ပါသည်။

 

တောင်ကြီးမြို့ရှိ စျေးကြီးများတွင် လည်ပတ်ခြင်း

          တောင်ကြီးမြို့တွင် စည်ပင်သာယာပိုင် စျေးကြီး သုံးစျေးရှိပါသည်။ ၎င်းင်းတို့မှာ (၁) တောင်ကြီးမြို့မစျေး၊ (၂) စဝ်စံထွန်းစျေး (ခေါ်) အောက်စျေး ၊ (၃) ကုန်ခြောက်သားငါး စျေးတို့ဖြစ်ကြသည်။ ထို့ပြင် စည်ပင်သာယာ ပိုင် မဟုတ်သော အခွန်လွတ်ပျံကျစျေး၊ အမှတ်(၅) စျေးတို့လည်းရှိသည်။

          တောင်ကြီးမြို့ကိုရောက်လျှင် ရှမ်းပြည် အငွေ့အသက် ခံစားနိုင်ရန် တောင်ပေါ်စျေး နေ့ကို မဖြစ်မနေ လည်ပတ်သင့်ပါသည်။ လ တစ်လ၏ အစောဆုံးနှင့် နောက်ဆုံးနေ့ စျေး နေ့များနှင့် လပြည့်၊ လကွယ်၊ အခါစျေးနေ့များ တို့တွင် စျေးသည်စျေးဝယ်များ တိုးမပေါက် အောင် စည်ကားနေသည်ကို မြင်တွေ့ နိုင်ပါ သည်။

          တောင်ကြီးမြို့မစျေး၊ ကုန်သည်လမ်း နှင့် အနောက်မြို့ပတ်လမ်းတို့တွင် ခင်းကျင်း သော တောင်ပေါ်စျေးနေ့ ကို လေ့လာနိုင်ရန် နံနက်ခင်း ၆ နာရီ အချိန်မီ စောစောထ၍ စျေးလည်ပတ်ရသည်မှာ လွန်စွာပျော်စရာ ကောင်းသည်။ စျေးနေ့တွင် တောင်ကြီးပတ် ဝန်းကျင်ရှိ ကျေးရွာဒေသများမှ နယ်စုံ ဟင်း သီးဟင်းရွက်၊ သစ်သီးဝလံ၊ အသားငါး၊ ရိုးရာ အစားအစာများနှင့် ကုန်ခြောက်ကုန်စိုများ ကို လာရောက်၍ ရောင်းချခြင်း ဖြစ်ပါသည်။

တောင်ကြီးမြို့သည် လူဦးရေများပြားသော မြို့တော်ဖြစ်သဖြင့် စျေးနေ့နံနက်ခင်းရောက် တိုင်း မြို့ခံများ၏ ဝယ်လိုအားကလည်း မြင့် မားသည်။ ရှမ်းပြည်တွင်သာ ကျင့်သုံးသော ငါးရက်တစ်စျေးဓလေ့မှာ စော်ဘွား အုပ်ချုပ် ခဲ့စဉ်ကာလကပင် စတင်ခဲ့ကြောင်း သိရသည်။

          ငါးရက်တစ်စျေး ပေါ်ပေါက်လာပုံမှာ စော်ဘွားလက်ထက်တွင် နေအိမ်တိုင်း အိမ် တိုင်းစေ့ ခြံထွက်သစ်သီးဝလံများကို အခွန် တော် သွားရောက်ဆက်သကြရခြင်းဖြစ်သည်။ ထိုသို့ ကျေးရွာတိုင်းမှ နေအိမ်များမှ စော်ဘွား ဟော်နန်း၊ နန်းတော်သို့ သွားရောက်ကြရခြင်း ဖြစ်သည်။ ဝေးလံခေါင်ဖျားသော ကျေးရွာများ တွင် နေထိုင်ကြသူများအတွက် အခွန်တော် အချိန်မီဆက်ရန် သွားရေးလာရေး အခက် အခဲရှိသဖြင့် တောင်ကြီး၊ ဖယ်ခုံ ၊ ညောင်ရွှေ၊ ကလော၊ အောင်ပန်း စသဖြင့် ဒေသများတွင် စုရပ်သတ်မှတ်၍ အခွန်တော်ဆက်သရခြင်း ဖြစ်သည်။ ထိုသို့ ဆုံရပ်သတ်မှတ်ထားသော နေရာသို့ နီးစပ်ရာ ကျေးရွာနေရာအသီးသီး တို့မှလာရောက်ကြကာ စော်ဘွားကို အခွန် တော်ဆက်သခဲ့ကြရာမှ သီးနှံအပိုများ သယ် ဆောင်လာကြရင်း အချင်းချင်း ပစ္စည်းများ ဖလှယ်ကြ၊ ရောင်းဝယ်ကြရာမှ စော်ဘွား ခေတ်ကုန်ဆုံးချိန်တွင် ရှမ်းပြည်ဓလေ့ရိုးရာ စျေးနေ့များ ဖြစ်ပေါ်လာသည်ဟု လူကြီးသူမ တို့၏ ပါးစပ်စကားအရ လေ့လာမှတ်သား ရသည်။

          ရှမ်းပြည်နယ်တွင်သာ စျေးနေ့ဓလေ့ ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဒေသသုံး စျေး နေ့ပြက္ခဒိန်များကိုလည်း ရောင်းချပါသည်။         မြို့အလိုက် စျေးနေ့များကို ရေးသားမှတ်တမ်း တင်ထားသော ဒေသသုံး ပြက္ခဒိန်လည်းဖြစ် ပါသည်။ ဥပမာ ဧပြီ ၄ ရက်တွင် တောင်ကြီး စျေးနေ့ကျရောက်လျှင် နောက်ထပ်ငါးရက် မြောက်နေ့ဖြစ်သော ဧပြီ ၉ ရက်၊ ဧပြီ ၁၄ ရက်၊ ဧပြီ ၁၉ ရက်၊ ၂၄ ရက်၊ ၂၉ ရက်တို့သည် တောင်ကြီးစျေးနေ့များ ဖြစ်ကြပါသည်။ 

          ငါးရက်တိုင်း စျေးနေ့တစ်ကြိမ် ကျ ရောက်သဖြင့် ရှမ်းပြည်ဓလေ့ ငါးရက်တစ်စျေး ဟုလည်း ခေါ်ဆိုကြပါသည်။ လပြည့်၊ လကွယ် နေ့ စျေးနေ့ကျရောက်လျှင် တစ်ရက် ကြိုတင် စျေးခင်း၍ အဖိတ်စျေးရောင်းကြပါ သည်။ တစ်ရက် ကြိုရောင်းသဖြင့် လပြည့်၊ လကွယ်နေ့တွင် စျေးနေ့စျေးခင်းရောင်းခြင်း မရှိပါ။

          တောင်ကြီးတွင် ဒေသသုံးစျေးနေ့ အတို ကောက်မှတ်ထားကြသည်မှာ ]တောင် တောင်၊ ညောင်ညောင်ဟိုး}ဟု လူသိများသည်။ တောင်ကြီးစျေး၊ တောင်နီစျေး၊ ရွှေညောင် စျေး၊ ညောင်ရွှေစျေးနှင့် ဟဲဟိုးစျေးတို့ ဖြစ် ကြသည်။ တောင်ကြီးစျေးနေ့နှင့် နေ့တူစျေး များမှာ အလယ်ချောင်စျေး၊ အောင်ပန်းစျေး၊ ပင်ခွန်စျေး၊ နမ့်ခုတ်စျေး၊ ရွာမရေပေါ်စျေး၊ မိုင်းပျိုးစျေး၊ ကျောက်တစ်လုံးစျေး၊ ဆတ်သေ စျေး၊ မြိုင်စျေး၊ ပင်လုံစျေး၊ လုံဝိုးစျေး စသည် တို့ဖြစ်သည်။ အလားတူပင် ကျန်သော တောင်နီစျေး၊ ရွှေညောင်စျေး၊ ညောင်ရွှေစျေး နှင့် ဟဲဟိုးစျေးတို့အောက်တွင်လည်း နေ့တူ စျေးပေါင်း ၅၇ စျေး ကျန်ရှိပါသေးသော်လည်း မဖော်ပြတော့ဘဲ ချန်လှပ်ထားပါမည်။

          “ဗမာညောင်ရမ်း၊ ရှမ်းညောင်ရွှေ” ဟူ သော စကားရပ်ကို ဦးတင့်ဆွေရှင်းပြသည် မှာ သီပေါမင်းလက်ထက်တွင် အခွန်ဆက်သ ရန် ဗမာမှန်ရင် ညောင်ရမ်းတွင် စုရပ်၊ ရှမ်း တွင် ညောင်ရွှေစုရပ်အဖြစ် နေပြည်တော်မှ သတ်မှတ်ထားကြောင်းဆိုသည်။ ညောင်ရွှေ မြို့နှင့် ညောင်ရမ်းတို့တွင် အခွန်ဆက်သရန် ဗန်တို၊ ဗန်ရှည်၊ မြန်မာ့သိုင်းတတ်မြောက်ထား သော ပညာရှင်များ ပေါများသဖြင့် အင်္ဂလိပ် အစိုးရက ဗမာညောင်ရမ်း၊ ရှမ်းညောင်ရွှေ လူမိုက် ပေါများသည်ဟု တလွဲနာမည်ဖျက်ခဲ့ ကြောင်း ဆိုသည်။ အခွန်တော်ကို တစ်နှစ် တစ်ကြိမ် ဆက်သရခြင်းရှိကြောင်း သိရသည်။

 

နှစ်သက်တမ်းတစ်ရာကျော် တောင်ကြီးမြို့မစျေး

          တောင်ကြီးမြို့မစျေးနေရာသည် ယခင် က ဦးကြီးခမ်းလော်ရွာ နေရာဟောင်းဖြစ်သည် ဟု သိရသည်။

          တောင်ကြီးမြို့မစျေးသည် မြို့တည်စ အချိန်ကပင် စတင်ပေါ်ပေါက်လာသော စျေး တစ်စျေးဖြစ်ကြောင်း တောင်ကြီးမြို့ခံ ဦးတင့် ဆွေက ဆိုသည်။ တောင်ကြီးမြို့မစျေးနေရာ တွင် ယခင်က ညောင်ဝိုင်းစျေး ခင်းကျင်း ရောင်းချသောဓလေ့ရှိကာ နောက်ပိုင်းတွင် စျေးသတ်မှတ်လိုက်သဖြင့် စျေးအနီး ပတ်ဝန်း ကျင်ရပ်ကွက်များကို စျေးပိုင်းရပ်ကွက်ဟု ခေါ်ဆိုကြသည်။ လက်ရှိ ရှုမဝတိုက်ရှေ့နေရာ တွင် ရှေးယခင်က မီးပုံးပျံများလွှတ်ကြောင်း ဆိုသည်။ နဏဃ ရုံး နောက်နားတွင် ကုန်းရှိကာ ရေအိုင်များရှိကြောင်း၊ ဖို့ပြီး ပြင်ဆင်ရ ကြောင်း၊ လက်ရှိအမြွှာညီမ ကားဂိတ်အနီး တွင် ယခင်က ဒိုဘီသည်များနေထိုင်ကြ ကြောင်း၊ မြေဖို့ပြီး ဆောက်ထားသဖြင့် စျေး ပိုင်းရှိ နေအိမ်များ သည် အနောက်ဘက်ကို ၁၅ ဒီဂရီခန့် စောင်းနေကြောင်း ဆိုသည်။

          ယခု ရှုမဝတိုက် မီးပွိုင့်လမ်းကြားနေရာ သည် ၀ါးလှည်းများထားရာ နေရာ လှည်းတန်း ဖြစ်ကာ စျေးပိုင်းစာကြည့်တိုက်နေရာတွင် ယခင်က ဒိုဘီတန်း တည်ရှိကြောင်း သိရ သည်။ ယခင်က လှည်းများဖြင့် လာရောက် ရောင်းချကြောင်း ၊ နွားများအရိပ်ရစေရန် ညောင်ဝိုင်းတွင် စုရပ်ထားခြင်းရှိကြောင်း၊ တဖြည်းဖြည်း စျေးဖြစ်လာကြောင်း ဆိုသည်။

          ၁၉၈၉ ခုနှစ်တွင် တစ်နိုင်ငံလုံး စျေးများ အသစ်ပြန်လည်တည်ဆောက်ချိန် တောင် ကြီး မြို့မစျေးကို သုံးထပ်စျေးအဖြစ် တည် ဆောက်ခဲ့ကြောင်း သိရသည်။ တောင်ကြီး မြို့မစျေးကို အပိုင်းလေးပိုင်း ခွဲခြားဆောက် လုပ်ခဲ့ရာ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်တွင် အပိုင်း (၁) ကို စတင်ဖွင့်လှစ်ခဲ့ ကြောင်း ဦးတင်မောင်က ဆိုသည်။

          စဝ်စံထွန်း ဘိုးဘွားရိပ်သာအနီးတွင် ရပ်ကွက်သားများ သင်္ဂြိုဟ်သော စဝ်စံထွန်း သချႋုင်းကုန်း ထားရှိကြောင်း ဆိုသည်။ ၁၉၇၆ ခုနှစ်တွင် စဝ်စံထွန်းသချႋုင်းကုန်းကို တူးဖော် ပြောင်းရွှေ့ပြီးမှ စဝ်စံထွန်းစျေး (အောက်စျေး) ပေါ်ပေါက်လာကြောင်း ၎င်းင်းက ဆိုသည်။

          တောင်ကြီးမြို့ ရှေးဟောင်း အဆောက် အအုံများအကြောင်း ဆက်စပ်၍ လက်ရှိ စဝ်စံ ထွန်းဆေးရုံကြီးကိုလည်း ရှင်းပြသည်။ ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်းက မြန်မာ့ဆိုရှယ် လစ် လမ်းစဉ်ကို ကြေညာလိုက်စဉ်  ဆိုရှယ် လစ် တစ်နိုင်ငံတိုးသဖြင့် ရုရှားနိုင်ငံမှ ဆေးရုံ တစ်ရုံ လက်ဆောင်ပေးခဲ့ကြောင်း၊ ယခင်က ရုရှား ဆေးရုံဟုခေါ်ကြောင်း ဆိုသည်။ ရုရှား ဆေးရုံအတွက်အသုံးပြုရန် ရုရှားရေကန်ကို လည်း တူးဖော်ပေးခဲ့ကြောင်း သိရသည်။

 

တောင်ကြီးမြို့ရှိ ပန်းခြံများ

          တောင်ကြီးမြို့တွင် လည်ပတ်နိုင်သော ပန်းခြံများမှာ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၊ မြ ကန်သာပန်းခြံ၊ တောင်ကြီးဗျူးပွိုင့် ရှုခင်းပန်း ခြံနှင့် ချမ်းမြသာစည်ဗျူးပွိုင့်တို့ ဖြစ်ကြသည်။ (အခကြေးငွေပေးရသော ပန်းခြံများကို ထည့် မတွက်ဘဲ အများပြည်သူနှင့်သက်ဆိုင်သော ပန်းခြံများသာ ဖော်ပြပါသည်)။

          ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံသည်ရှေးယ ခင်က တည်ဆောက်ခဲ့ပြီး မြကန်သာပန်းခြံ၊ တောင်ကြီး ဗျူးပွိုင့်ရှုခင်းပန်းခြံနှင့် ချမ်းမြသာ စည်ဗျူးပွိုင့်တို့သည် ၂၀၂၁ ခုနှစ် နောက်ပိုင်း တွင် တည်ဆောက်ကာ ဖွင့်လှစ်ခဲ့သော ပန်းခြံ များဖြစ်ကြသည်။ အထက်ဖော်ပြပါ ပြည်သူ ပိုင်ပန်းခြံ လေးနေရာကို သွားရောက်၍ ဝင် ကြေး အခမဲ့ဖြင့် စိတ်တိုင်းကျသွားရောက် လည်ပတ်နိုင်ကြောင်း ဖော်ပြလိုက်ပါသည်။

          ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ ရောက်ရှိစဉ် လည်ပတ်စရာ နေရာလေးများ ကို အတတ်နိုင်ဆုံး စုံလင်စွာ အချက်အလက် များပြုစု၍ ဖော်ပြပေးလိုက်ရပါသည်။ နောက် ထပ်လည်း ကျန်ရှိနေပြီးလူသိနည်းအကြောင်း အရာလေးများကို ဆက်လက်ဖော်ပြပေးသွား မည်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

 

တောင်ကြီးမြို့ လည်ပတ်စရာ ၂၁ နေရာ

          တောင်ကြီးမြို့တွင် ဦးစားပေး လည်ပတ် သင့်သောနေရာများမှာ တောင်ပေါ်ဗျူးပွိုင့်၊ ရှမ်းပြည်နယ် ယဉ်ကျေးမှုပြတိုက်၊ တောင် ချွန်းနှင့် မုံတဝလိုဏ်ဂူတော်၊ စဝ်စံထွန်း ရပ် ကွက်တွင်တည်ရှိသော မင်္ဂလာဂူတို့လည်း ပါ ဝင်သည်။

          တောင်ကြီးမြို့ရှိ နှစ်သက်တမ်းတစ်ရာ ကျော်ရှိသော မြို့မစျေးကြီးနှင့် တောင်ကြီး စျေး နေ့အပါအဝင် တောင်ကြီးမြို့ ရပ်တော်မူ တောင်ခြေတွင် တည်ရှိသော ဝန်းသိုစော် ဘွားကြီး စဝ်အောင်မြတ် ဂူဗိမာန်တို့လည်းရှိပါ သည်။

          တောင်ကြီးမြို့တွင် လည်ပတ်နိုင်သော ပန်းခြံများမှာ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၊ မြကန်သာပန်းခြံ၊ တောင်ကြီးဗျူးပွိုင့်ရှုခင်း ပန်းခြံနှင့် ချမ်းမြသာစည် ဗျူးပွိုင့်ပန်းခြံတို့ဖြင့် စုစုပေါင်း လေးနေရာရှိပါသည်။

          တောင်ကြီးမြို့ရောက်လျှင် မဖြစ်မနေ လည်ပတ်သင့်သော အထင်ကရ ဘုရားများ နှင့် ဗျူးပွိုင့်ရှုခင်းများမှာ (၁) စူဠာမုနိ လော ကချမ်းသာစေတီတော် ၊ (၂) မြို့လယ်ဓမ္မာရုံ၊ (၃) ရပ်တော်မူဘုရားကြီး ၊ (၄) အောင်တော် မူကျောင်း၊ (၅) ဘုရားကြီးအတွင်းကျောင်း (မဟာမြတ်မုနိ)၊ (၆) အေးစေတီဘုရားဖြူ၊ (၇) သက်စေ့ရန်အောင်ကျောင်း၊ (၈) အရိုးဂူ ကျောင်း၊ (၉) ကံကြီးဗျူးပွိုင့်နှင့် ၁၀ တပ်ဦး ဥတ္တရာရုံကျောင်းတိုက်အနီး ဗျူးပွိုင့်တို့ဖြစ်ကြ သည်။

          ထို့ကြောင့် အထက်ဖော်ပြပါအကြောင်း အရာများကို ပြန်လည်အနှစ်ချုပ်ရလျှင် လည် ပတ်စရာ အထင်ကရ ဘုရားစေတီတော်များ၊ တောင်ပေါ်ဗျူးပွိုင့်၊ ပန်းခြံများ၊ စျေးနှင့် စော် ဘွားဗိမာန်တို့အပါအဝင် စုစုပေါင်း နေရာ ၂၁ နေရာကို မိမိတို့ ကြိုက်နှစ်သက်ရာနေရာ ကို ရွေးချယ်လည်ပတ်နိုင်ပါစေကြောင်း ယခု ဆောင်းပါးဖြင့် မှတ်တမ်းတင်ဖော်ပြလိုက် ပါသည်။

Most Read

Most Recent