တီလေမန်းစ်ကို ခေါ်ယူရန် မန်ယူနည်းပြ တန်ဟက်ဂ် စိတ်ဝင်စား

တီလေမန်းစ်ကို ခေါ်ယူရန် မန်ယူနည်းပြ တန်ဟက်ဂ် စိတ်ဝင်စား
Photo: Getty Images
Photo: Getty Images
Published 30 June 2022

မန်ယူနည်းပြသစ် တန်ဟက်ဂ်သည် အသင်း၏ကွင်းလယ်ပိုင်းအတွက် လက်စတာကွင်းလယ်လူ တီလေမန်းစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

အသက် (၂၅)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံကွင်းလယ်လူ တီလေမန်းစ်သည် ၂၀၂၃ တွင် လက်စတာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယခုနွေတွင် အသင်းပြောင်းရွှေ့မည်ဟု သတင်းထွက်နေသူဖြစ်သည်။

တီလေမန်းစ်အား ခေါ်ယူရန် အာဆင်နယ်အသင်းက ကြိုးပမ်းခဲ့သော်လည်း ဗီယေရာကို ခေါ်ယူပြီးနောက် သွေးအေးသွားရာ မန်ယူအသင်းက ၎င်းကို ပစ်မှတ်ထားလာခြင်း ဖြစ်သည်။

လက်စတာအသင်းသည် တီလေမန်းစ်အတွက် ပေါင် (၂၅) သန်းအလိုရှိနေကြောင်း သိရသည်။