■ စီးရီးအေပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 1 March 2024

အူဒီးနီးစ် - ဆလာနီတာနာ (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၈:၃၀ နာရီ)

ဆလာနီတာနာက တန်းပြန်ဆင်းရမယ့်အသင်းဖြစ်ပြီး ကွင်းတွင်းခြေစွမ်းကလည်း အရမ်းညံ့တယ်။ အူဒီးနီးစ်က တန်းဆင်းဇုန်နဲ့ ခပ်ဝေးဝေးမှာ ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့အသင်းပါ။ အူဒီးနီးစ်ကို ကြိုက်တယ်။



မွန်ဇာ - ရိုးမား (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၁၁:၃၀ နာရီ)

ဒီပွဲက စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲဖြစ်လာနိုင်တယ်။ မွန်ဇာက တောက်လျှောက်ခြေတက်နေပြီး အေစီမီလန်လို အသင်းကိုတောင် အနိုင်ကစားခဲ့တာတွေ့ရတယ်။ ရိုးမားကလည်း နည်းပြ ဒီရော့ဆီလက်ထက်မှာ ခြေစွမ်းရော ရလဒ်ပိုင်းပါ သိသိသာသာတက်လာတဲ့ အသင်းဖြစ်တယ်။ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကို ဆက်လက်အသက်သွင်းဖို့ကြိုးစားမယ့် ရိုးမားကို ရွေးချယ်ချင်တယ်။



တိုရီနို - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် မတ်လ ၃ ရက် နံနက် ၂:၁၅ နာရီ)

လက်ရှိခြေစွမ်းချင်းမကွာတဲ့အသင်း (၂)သင်းထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်ဖြစ်ပြီး တိုရီနိုကတော့ နောက်ဆုံး (၂)ပွဲဆက် ရှုံးခဲ့တယ်။ ဒါပေမဲ့ ဖီအိုရင်တီးနားကလည်း အဝေးကွင်းဆိုပုံစံ ကောင်းပျောက်ဆုံးတတ်တဲ့ အသင်းပါ။ တိုရီနိုဘက်က ရပ်တည်သင့်တယ်။

Most Read

Most Recent