မုံရွာမြို့ အမှတ်(၇) အထကကျောင်း လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီး ကျောင်းဝင်ပေါက်အနီး ပေါက်ကွဲခဲ့ကာ ချောင်းဦးမြို့ အထကကျောင်းရှေ့တွင် လက်လုပ်မိုင်းသုံးလုံးတွေ့ရှိ

မုံရွာမြို့ အမှတ်(၇) အထကကျောင်း လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီး ကျောင်းဝင်ပေါက်အနီး ပေါက်ကွဲခဲ့ကာ ချောင်းဦးမြို့ အထကကျောင်းရှေ့တွင် လက်လုပ်မိုင်းသုံးလုံးတွေ့ရှိ
Published 13 June 2022

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အမှတ်(၇) အထကကျောင်း လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီး ကျောင်းဝင်ပေါက်အနီး ပေါက်ကွဲခဲ့ကာ ချောင်းဦးမြို့ အထကကျောင်းရှေ့တွင် လက်လုပ်မိုင်းသုံးလုံးတွေ့ရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဇွန် ၁၀ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းအား PDF နှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ လက်လုပ်ဗုံးမှာ ကျောင်းဝင်ပေါက်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

အလားတူ ဇွန် ၁၁ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့မရပ်ကွက်၊ မုံရွာ-မန္တလေးသွား ကားလမ်းဘေးရှိ ချောင်းဦး အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ မသင်္ကာဖွယ်အထုပ်သုံးထုပ်တွေ့ ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စာသင်ကျောင်း၏ မြောက်ဘက်ကိုက် ၂၀ ခန့်အကွာ ကျောင်းရှေ့မြေကွက်လပ်တွင် ကြွပ်ကြွပ်အိတ်အနက်ရောင်သုံးအိတ်အတွင်းမှ သံပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းသုံးလုံးအား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။