လားရှိုးမြို့စက်သုံးဆီ အရောင်းဆိုင်အချို့ ဆီပြတ်လပ်မှုကြောင့် ဆိုင်အချို့ပိတ်ထားပြီး အကန့်အသတ်ဖြင့်ရောင်းချ

လားရှိုးမြို့စက်သုံးဆီ အရောင်းဆိုင်အချို့ ဆီပြတ်လပ်မှုကြောင့် ဆိုင်အချို့ပိတ်ထားပြီး အကန့်အသတ်ဖြင့်ရောင်းချ
Published 28 May 2022
ပြည့်စုံ (မူဆယ်)

စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ် (ဓာတ်ပုံ-နေမျိုး)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် လားရှိုးမြို့၌ မေ ၂၈ ရက်၌ စက်သုံးဆီ အရောင်းဆိုင်အချို့ ဆီပြတ်လပ်မှုကြောင့် ဆိုင်အချို့ပိတ်ထားပြီး အကန့်အသတ်ဖြင့် ရောင်းနေရကြောင်း သိရသည်။

“လားရှိုးမှာတော့ မြို့တွင်း နှစ်ဆိုင်နဲ့မြို့ ပြင် တစ်ဆိုင်  ပိတ်ထားတယ်။ ကားတစ်စီးကို နှစ်သောင်း သုံးသောင်းသာရောင်ချပေးတယ်၊ ဒီဘက်ဆိုင်ထည့်ပြီး ဟိုဘက်ဆိုင်ပြောင်းထည့် နေရတယ်” ဟု မူဆယ် လားရှိုးခရီးသည်တင် ယာဉ်မောင်း ကိုသိန်းက ပြောကြားသည်။

လားရှိုးမြို့၏ လက်ရှိ စက်သုံးဆီ ဝယ်ယူ ရမှုအခြေအနေမှာ မြို့လယ်အဝိုင်းနားက GL စက်သုံးဆီ အရောင်းဆိုင်ပိတ်ထားပြီး လားရှိုးမြို့အထွက် ဆီဆိုင်အများစုတွင်  ၂၂-၅-၂၀၂၂  ရက်နေ့မှစ၍  စက်သုံးဆီ စျေးနှုန်း များ ဖော်ပြထားခြင်းမရှိတော့ကြောင်း သိရ ပြီး စက်သုံးဆီဆိုင်များ၌ ကားများ ဆီဖြည့် ရန် သွားရောက် တန်းစီနေကြရသည်ဟု သိရ သည်။

လားရှိုးမြို့၌ အချို့မြို့ပြင် ဆီဆိုင်တို့တွင် ကျပ်၂၀၀၀၀ နှင့် ကျပ် ၃၀၀၀၀ အထိသာ ဆီ ထည့်ဖြည့်ခွင့်ရကြပြီး စက်သုံးဆီစျေးနှုန်းမှာ နေ့ စဉ် အချိန်နှင့်တစ်ပြေးညီ ဖော်ပြချက် မရှိ သော်လည်း ယနေ့  92 Ron စက်သုံးဆီ တစ် လီတာကို  ကျပ် ၂၅၀၀ ဖြင့် ဖြည့်သွင်းရပြီး 95 Ron စက်သုံးဆီတစ်လီတာကို ကျပ်၂၆၃၀ ဖြင့် ရောင်းချနေကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ မေ ၂၈ ရက် လားရှိုးလက်လီအရောင်းစျေးနှုန်း မှာ 92 Ron စက်သုံးဆီ တစ်လီတာ ကို ၂၂၅၅ ကျပ်၊ 95 Ron စက်သုံးဆီ တစ်လီတာကို ၂၃၇၀ ကျပ် ၊ Disel စက်သုံးဆီ တစ်လီတာကို  ၂၃၆၅ ကျပ်၊ Premium Disel စက်သုံးဆီ တစ်လီတာကို ၂၃၉၅ ကျပ် ခန့်မှန်တွက်ချက် ဖော်ပြထားသော်လည်း  လားရှိုးမြို့နယ်အ တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ စျေး နှုန်းများမှာ ဆီအရောင်းဆိုင်အမျိုးမျိုး၏ စျေး နှုန်းများ မတူကွဲပြားပြီး ရောင်းချသော စက် သုံးဆီစျေးနှုန်းများမှာ မေလ ၂၆ ရက်နေ့က  92 Ron စက်သုံးဆီတစ်လီတာကို ၂၁၉၅ မှ ၂၆၀၀ ကျပ်၊ 95 Ron စက်သုံးဆီ တစ်လီတာ ကို ၂၃၅ဝကျပ် မှ ၂၆၆၀ ကျပ် အထိရှိခဲ့ပြီး ရိုးရိုး Disel စက်သုံးဆီ တစ်လီတာကို ၂၂၇၅ ကျပ် မှ ၂၅၆၀ ကျပ် Premium Disel စက်သုံးဆီတစ်လီတာကို ၂၄၈၀ ကျပ်မှ ၂၅၈၀ ကျပ်အထိရှိခဲ့ကြောင်းသိရပြီး ယနေ့ စက်သုံး ဆီအ‌ရောင်းစျေး မှာ တစ်လီတာ ပျမ်းမျှ ၂၀၀ ကျပ်ခန့်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ မူဆယ်မြို့အတွင်း၌  95 Ron တစ်လီတာကို  ကျပ် ၂၉၅၀ ၊နမ်းခမ်းတို့၌ လည်း  95 Ron တစ်လီတာကို ကျပ် ၃၂၀၀၊ ကွတ်ခိုင်မြို့၌  95 Ron တစ်လီတာကို ၂၈၅၀ ကျပ်ရှိနေပြီး ၉၃ ျွသည စက်သုံးဆီမှာမူ မြို့တွင်း ဆိုင်များ၌ ပြတ်လပ်နေကြောင်း သိရသည်။

အဆိုပါဆီစျေးနှုန်းများကြောင့် မူဆယ် လားရှိုး ကားငယ်ခရီးသည်တင်ကားခမှာ ကျပ် ၃၀၀၀၀ မှ ကျပ် ၃၅၀၀၀ အထိရှိကာ မန္တလေး-မူဆယ် ကားငယ် ခရီသည်တင် ကားခမှာ ၄၅၀၀၀ ကျပ်မှ ၈၀၀၀၀ ကျပ်အထိရှိ ကြောင်း ကားငယ်ခရီးသည်တင်ယာဉ်မောင်းများထံ က သိရသည်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်း ချဖြန့်ဖြူးရေးအသင်း ထုတ်ပြန်ရာတွင် ပြင်ပ တွင် စက်သုံးဆီ ပြတ်လပ်တော့မည်ဆိုသည့် သတင်းအမှားများ ကြားသိနေရကြောင်း၊ အမှန်တကယ်တွင် စက်သုံးဆီတင်သင်္ဘော များ အဆက်မပြတ်ဝင်ရောက်နေသည်ဟု ထုတ်ပြန်ထားပြီး မေ ၁၉ ရက်တွင် တန်ချိန် ပေါင်း ၁၆ç၄၀၀ သယ်ဆောင် လာသော MT Beluga Pacific သင်္ဘော၊  တန်ချိန်ပေါင်း ၁၇၂၀၀ သယ်ဆောင်လာသော MT Yu Hai သင်္ဘော၊ တန်ချိန်ပေါင်း ၁၈၂၀၀ သယ် ဆောင်လာသော MT Yu Dong သင်္ဘော၊ တန်ချိန်ပေါင်း ၂၀၀၀ သယ်ဆောင်လာသော Aberlour

သင်္ဘောများသည် ဆိပ်ကမ်းများ တွင် ဆီချလျက်ရှိကြောင်း၊ နောက်ထပ်လည်း ပင်လယ်ဝတွင် သင်္ဘောလေးစင်း ထပ်မံဆိုက် ရောက်လာပြီဖြစ်ကြောင်း ၎င်းင်းအသင်းက ထုတ်ပြန်သည်။              

   

Most Read

Most Recent