ဦးဖြိုးမင်းသိန်း ထွက်ဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှု အမိန့်ချမှတ်ခြင်းမရှိဘဲ ဧပြီ ၂၇ ရက်သို့ ရွှေ့ဆိုင်း

ဦးဖြိုးမင်းသိန်း ထွက်ဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှု အမိန့်ချမှတ်ခြင်းမရှိဘဲ ဧပြီ ၂၇ ရက်သို့ ရွှေ့ဆိုင်း
Published 26 April 2022

ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများ လာဘ်ငွေအဖြစ် ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၂)နှင့်ပတ်သက်၍  ဧပြီ ၂၆ ရက် ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းမရှိဘဲ ဧပြီ ၂၇ ရက်မှသာ အမိန့်ချမှတ်ရန်  ရွှေ့ဆိုင်းလိုက်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

ဧပြီ ၂၆ ရက်က နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇမ္ဗူသီရိအထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့်  ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးခဲ့ကြောင်းအမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများ လာဘ်ငွေအဖြစ် ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၂)နှင့်ပတ်သက်၍ ဧပြီ ၂၆ ရက်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုထားသော်လည်း အမိန့်တစ်စုံတစ်ရာ ချမှတ်ခဲ့ခြင်းမရှိဘဲ ဧပြီ ၂၇ ရက်ရုံးချိန်းမှသာ အပြီးသတ်အမိန့်ချမှတ်ရန် ထပ်မံချိန်းဆိုထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက အထက်ပါအမှုနှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပြီး  ဧပြီ ၂၆ ရက်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်မည်ဟု ချိန်းဆိုထားခြင်းဖြစ်သော်လည်း တရားရုံးမှ အမိန့်ချမှတ်မည့်ရက်အား ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

အထက်ပါအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်တို့သည် တရားလိုပြသက်သေများအဖြစ် လာရောက်ထွက်ဆိုခဲ့ကြပြီး ယင်းထွက်ဆိုချက်များအား ဒေါ်အောင်ဆန်းစုကြည်က All Absurd ဟု သုံးနှုန်းကာ အောက်တိုဘာ ၄ ရက် ရုံးချိန်းတွင် တုံ့ပြန်ခဲ့ကြောင်းအမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများ လာဘ်ငွေအဖြစ် ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၂)သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် အမှုဖြစ်ကြောင်းအမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများအပါအဝင် အမှုပေါင်း ၁၂ မှုခန့်အား တရားရင်ဆိုင်နေရပြီး စစ်ဆေးပြီးပြတ်သွားသည့် အမှုများအတွက် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံထားရကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။