ပါတီစာရင်းများ လာရောက်အစစ်ဆေးခံရန် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို UEC ထပ်မံအကြောင်းကြားခဲ့ပြီး လိုက်နာခြင်းမရှိပါက ပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ အရေးယူမည်

ပါတီစာရင်းများ လာရောက်အစစ်ဆေးခံရန် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို UEC ထပ်မံအကြောင်းကြားခဲ့ပြီး လိုက်နာခြင်းမရှိပါက ပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ အရေးယူမည်
Published 21 April 2022

ပါတီစာရင်းများ လာရောက်အစစ်ဆေး ခံရန် မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အကြောင်းကြားခဲ့ပြီး လိုက်နာခြင်းမရှိပါက ပါတီမှတ်ပုံတင်ခြင်းဥပဒေအရ အရေးယူ မည် ဖြစ် ကြောင်း UEC  က သတင်းထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေး ပါတီများ၏ ပါတီရန်ပုံငွေ၊ငွေကြေး၊ပစ္စည်း စာရင်း များနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျဆောင်ရွက် ထားရှိမှု များကို စစ်ဆေးခံနိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၂ ခုနှစ် မတ် ၇ ရက်မှ ၁၁ ရက်အထိ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုလည်းကောင်း ပါတီစာရင်းများ စစ်ဆေးခံရန် အသိပေးအကြောင်း ခဲ့သော် လည်း ယင်းပါတီများအနေဖြင့် လာ ရောက် အစစ်ဆေးခံရန် ပျက်ကွက်ခဲ့ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့သည် ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများနှင့်စပ်လျဉ်း၍ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက် မတိုင်မီ ဖိတ်ကြားစာပါနေရာသို့ လာရောက်အစစ်ဆေးခံနိုင်ရေး ဆောင်ရွက် သွားရန် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (က)နှင့်အညီ ညွှန်ကြားကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ညွှန်ကြားချက်အား လိုက် နာဆောင်ရွက်ခြင်းမရှိပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ် ၂၄ (ဂ)၊ (ဃ)နှင့် (င) တို့နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။