ပြည်ပမှ ဝင်ရောက်သည့် နိုင်ငံခြားငွေများကို ဝင်ရောက်သည့်နေ့မှတစ်ရက်အတွင်း မြန်မာကျပ်အဖြစ် ပြောင်းလဲ၍ ကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးရမည်ဖြစ်ပြီး လဲလှယ်ပေးရမည့်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၈၅၀ ဖြစ်

ပြည်ပမှ ဝင်ရောက်သည့် နိုင်ငံခြားငွေများကို ဝင်ရောက်သည့်နေ့မှတစ်ရက်အတွင်း မြန်မာကျပ်အဖြစ် ပြောင်းလဲ၍ ကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးရမည်ဖြစ်ပြီး လဲလှယ်ပေးရမည့်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၈၅၀ ဖြစ်
Published 4 April 2022

ပြည်ပမှ ဝင်ရောက်သည့် နိုင်ငံခြား ငွေများကို ဝင်ရောက်သည့်နေ့မှတစ် ရက်အတွင်း မြန်မာကျပ်အဖြစ် ပြောင်းလဲ၍ ကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးရမည်ဖြစ်ပြီး လဲလှယ်ပေးရမည့်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၈၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီ ၃ ရက်စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ်(၄/ ၂၀၂၂)တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သောအမိန့် ကြော်ငြာစာအမှတ်၁၂/၂၀၂၂ အရ နိုင်ငံ ခြားသုံးငွေများ ရောင်းဝယ်ဖောက်ကား သည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအ နေဖြင့် အောက်ပါတို့ကို လိုက်နာဆောင်ရွက် ရန် ညွှန်ကြားထားသည်။

(က)၂၀၂၂ ခုနှစ် ဧပြီ ၄ရက်မှစတင်၍ ADလိုင်စင်ရဘဏ်အသီးသီးသို့ ဝင်ရောက် လာသည့် ပြည်တွင်း၌ နေထိုင်သူများ၏ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော ဝင် ရောက်ငွေ( ကုန်သွယ်မှုမှရငွေ၊ ကုန်သွယ်မှု မဟုတ်သောရငွေ)များကို ရည်ညွှန်းချက် (မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၃.၄. ၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)ပါ  အမိန့်ကြော်ငြာစာ အပိုဒ် (၃) အရ  ကင်းလွတ်ခွင့်ပြုမည့်ကိစ္စရပ်များ မှအပ AD လိုင်စင်ရဘဏ်များတွင် ဖွင့်လှစ် ထားသည့် နိုင်ငံခြားငွေစာရင်းများသို့ ဝင် ရောက်ပြီးသည့်နေ့မှ အလုပ်လုပ်ရက်တစ် ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်၍ အဆိုပါ နိုင်ငံခြားငွေရရှိသူက ဖွင့်လှစ်ထား သည့် ကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးရ မည်ဖြစ်သည်။

(ခ)အထက်အပိုဒ်ပါအတိုင်း နိုင်ငံခြားသုံး ငွေမှ မြန်မာကျပ်ငွေသို့ ပြောင်းလဲခြင်းကို  တစ်ဒေါ်လာလျှင် မြန်မာကျပ် ၁၈၅၀ ဖြင့် လဲလှယ်ပေးရမည်၊ အခြား Currency များ အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းကို တစ် ဒေါ်လာလျှင်  ကျပ် ၁၈၅၀ ဖြင့် အခြေခံ တွက်ချက်ထားသည့်အတိုင်း ဆောင်ရွက်ရ မည်၊ ငွေလဲလှယ်နှုန်းအပြောင်းအလဲရှိပါက  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က  ထပ်မံညွှန် ကြားမည်ဖြစ်သည်။

၄.၄.၂၀၂၂ ရက်မှစတင်၍ နိုင်ငံခြား သုံးငွေများ ပြည်ပသို့ လွှဲပြောင်းခြင်းကို ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြား သုံးငွေကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက် ဖြင့် ဆောင်ရွက်ပေးရမည်၊ ယင်းကိစ္စနှင့်စပ် လျဉ်းသည့် ညွှန်ကြားချက်အား ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

၃.၄.၂၀၂၂ ရက်မတိုင်မီ AD လိုင်စင် ရဘဏ်အသီးသီးတွင် ဖွင့်လှစ်ထားသော နိုင်ငံခြားငွေစာရင်းအသီးသီးရှိ နိုင်ငံခြားငွေ များကိုလည်း အထက်အပိုဒ်(က)နှင့်(ခ)ပါ  အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရ သည်။

အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂  တွင် ဖော်ပြထားချက်အရ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁၊ ပုဒ်မ ၁၂ နှင့် ပုဒ် မ ၁၃ ပါ သတ်မှတ်ပြဋ္ဌာန်းချက်များအရ ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံ ခြားသုံးငွေဖြင့် ရရှိသောဝင်ငွေများကို မြန် မာနိုင်ငံအတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံ ခြားသုံးငွေများ ရောင်းဝယ်ဖောက်ကား သည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များ တွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ အလုပ် လုပ်ရက် တစ်ရက်အတွင်း မြန်မာကျပ်ငွေ ဖြင့် လဲလှယ်ရောင်းချရမည်ဖြစ်သည်။

အထက်ပါအတိုင်း ဆောင်ရွက်ရာတွင် ကင်းလွတ်ခွင့်ပြုမည့်ကိစ္စရပ်များ ပေါ် ပေါက်ပါက သီးခြားထုတ်ပြန်မည်ဟုသိရ သည်။

နိုင်ငံခြားငွေများ ပြည်ပသို့ လွှဲပြောင်း ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေကြီးကြပ် မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသုံး ငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ် ငန်း (AD)လိုင်စင်ရဘဏ်များမှတဆင့် ဆောင်ရွက်ရမည်ဖြစ်သည်။

အဆိုပါအမိန့်ကြော်ငြာစာထုတ်ပြန် သည့်နေ့မတိုင်မှ မြန်မာနိုင်ငံအတွင်းသို့ ဝင် ရောက်ပြီးသော နိုင်ငံခြားငွေစာရင်းအသီး သီးရှိ နိုင်ငံခြားငွေများကိုလည်း အထက်ပါ အတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။

ဗဟိုဘဏ်က ၃.၁၀.၂၀၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ်  ၃၅/၂၀၂၁ အား ယခုအမိန့်ကြော်ငြာစာ ဖြင့်လွှမ်းမိုးပယ်ဖျက်လိုက်ပြီး ယခုအမိန့် ကြော်ငြာစာထုတ်ပြန်သည့်နေ့မှစ၍ အကျိုး သက်ရောက်မည်ဖြစ်သည်။ လိုက်နာခြင်း မရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ အရ အရေးယူခြင်းခံရမည်ဟု ဖော်ပြထား သည်။

Most Read

Most Recent