လက်ရှိဘဏ္ဍာနှစ် မတ် ၁၁ ရက်အထိ မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၁၈ သန်းကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၁၀ ကျော်လျော့ကျ

လက်ရှိဘဏ္ဍာနှစ် မတ် ၁၁ ရက်အထိ မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၁၈ သန်းကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၁၀ ကျော်လျော့ကျ
Published 23 March 2022

လက်ရှိဘဏ္ဍာနှစ် မတ် ၁၁ ရက်အထိ မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်မှ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ သန်းကျော်သာရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၁၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ် ၁၁ ရက်အထိ လွယ်ဂျယ်နယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၄ ဒသမ ၇၉၂ သန်းရှိပြီး သွင်းကုန်တန်ဖိုးဒေါ်လာ ၃ ဒသမ ၄၅၂  သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၁၈  ဒသမ ၂၄၄ သန်းရရှိခဲ့သည်။

ယခင်နှစ်ကာလတူက လွယ်ဂျယ်နယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၁၀ ဒသမ ၆၅၄ သန်းရှိပြီး သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၈   ဒသမ ၀၈၃ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၈ ဒသမ ၇၃၇ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက လက်ရှိဘဏ္ဍာနှစ် မတ် ၁၁ ရက်အထိမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၁၀ ဒသမ ၄၉၃ သန်းလျော့ကျခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၉၀၅  ဒသမ ၈၀ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၁၇၂ ဒသမ၂၆ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံသို့ ဒေါ်လာ ၉၄၄ ဒသမ၂၁ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၈၃၆ ဒသမ ၃၇ သန်း၊ အမေရိကန်သို့ ဒေါ်လာ ၆၂၀ ဒသမ ၅၉ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၄၂၆ ဒသမ ၂၅ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၄၁၁ ဒသမ ၇၁ သန်း၊ UK သို့ ဒေါ်လာ ၃၈၅ ဒသမ ၄၀ သန်း၊ နယ်သာလန်သို့ ဒေါ်လာ ၃၆၆ ဒသမ  ၁၈ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၃၀၅ ဒသမ ၇၆ သန်းတင်ပို့ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ သမ ၁၂၆ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှု တန်ဖိုးဒေါ်လာ ၆ ဒသမ ၇၂၄ ဘီလျံကျော် တင်သွင်းထားကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ မြန်မာ-တရုတ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုးဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်းတင်သွင်းထားသည်။

Most Read

Most Recent