ဇေကမ္ဘာပြတိုက်ပိုင်ရှင် ဦးခင်ရွှေနှင့်သားဖြစ်သူ ဇေသီဟတို့အား ၂၀၁၅ ခုနှစ်ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ - ၂၄ ဖြင့် အမှုဖွင့်ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ထား

ဇေကမ္ဘာပြတိုက်ပိုင်ရှင် ဦးခင်ရွှေနှင့်သားဖြစ်သူ ဇေသီဟတို့အား ၂၀၁၅ ခုနှစ်ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ - ၂၄ ဖြင့် အမှုဖွင့်ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ထား
ဇေကမ္ဘာပြတိုက်ကို လာရောက်လေ့လာနေသူများအား လိုက်လံပြသနေသည့် ဦးခင်ရွှေအား တွေ့ရစဉ်
ဇေကမ္ဘာပြတိုက်ကို လာရောက်လေ့လာနေသူများအား လိုက်လံပြသနေသည့် ဦးခင်ရွှေအား တွေ့ရစဉ်
Published 23 March 2022

ဇေကမ္ဘာပြတိုက်ပိုင်ရှင် ဦးခင်ရွှေနှင့်သားဖြစ်သူ ဇေသီဟတို့အား ၂၀၁၅ ခုနှစ်ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ - ၂၄ ဖြင့် အမှုဖွင့်ပြီး 

အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း မတ် ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

မတ် ၂၁ ရက် ညပိုင်းက ဗဟန်းမြို့နယ် ၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ရွှေတောင်ကြား ၁ ရပ်ကွက်တွင် နေထိုင်သည့် ဇေကမ္ဘာဦးခင်ရွှေ၏ နေအိမ်အား အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရသိရသည်။

(ခရိုင်က ဝင်ရောက်ဖမ်းဆီးတာပါ။ဇေကမ္ဘာဦးခင်ရွှေနဲ့ သူ့သားဖြစ်သူ ကိုဇေသီဟတို့ကို

ဖမ်းဆီးသွားတာပါ။အခုတော့ အင်းစိန်အကျဉ်းထောင်မှာလို့ သိရပါတယ်)ဟု  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇေကမ္ဘာ ဦးခင်ရွှေနှင့်သားဖြစ်သူ ဇေသီဟတို့အား ဗဟန်းမြို့မရဲစခန်းမှ ၂၀၁၅ ခုနှစ်ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ - ၂၄ ဖြင့် 

အမှုဖွင့်ထားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးမှ တရားလိုပြုလုပ်တိုင်တန်းထားခြင်းဖြစ်ကြောင်း သိရသည်။

အမှုဖြစ်စဉ်မှာ ဗဟန်းမြို့နယ် ၊ ပုလဲလမ်းရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေများဖြစ်သည့် စုစုပေါင်းမြေဧရိယာ ၁၃.၇၉၄ နှင့် ၎င်းမြေပေါ်ရှိအဆောက်အဦးများအား ဇေကမ္ဘာကုမ္ပဏီလီမိတက်သို့ BOT စနစ်ဖြင့် ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၁၆.၁.၂၀၁၄ ရက်နေ့တါင် ကြိုတင်သဘောတူညီမှုမှတ်တမ်းလွှာ MOA ကို ဒေါက်တာခင်ရွှေနှင့် စစ်ထောက်ချုပ်ရုံးတို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ၊ ဒေါက်တာခင်ရွှေနှင့်စစ်ထောက်ချုပ်ရုံးတို့၏ သဘောတူညီမှုမှတ်တမ်းလွှာ MOA အရ မြေပရီမီယံကြေးအဖြစ် တစ်ဧကလျှင် အမေရိကန်ဒေါ်လာ ၃ သန်းနှုန်းဖြင့် မြေ ၁၃.၇၉၄ ဧကအတွက် အမေရိကန်ဒေါ်လာ ၄၀.၃၈၂ သန်းနှင့် နှစ်စဉ်ငှားရမ်းခအနေဖြင့် ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာနှုန်းဖြင့် စုစုပေါင်း ၈၀၀၀၀ စတုရန်းမီတာအတွက် ဒေါ်လာ ၁.၂ သန်းနှစ်စဉ်ပေးသွင်းရန် ၊ BOT စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး ၊ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထောက်ခံချက် ၊ ခွင့်ပြုချက်များရရှိရေး အမြန်ဆုံးလိုက်ပါဆောင်ရွက်၍ ၆ လအတွင်း BOT စာချုပ်ချုပ်ဆိုနိုင်ရေး ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ ဆောင်ရွက်ရန် မြေအသုံးချခနှင့် မြေငှားရမ်းခများကို MOA လက်မှတ်ရေးထိုးပြီး ၁ လအတွင်း ၂၀ ရာခိုင်နှုန်း ၊ ၆ လအတွင်း ၂၀ ရာခိုင်နှုန်း ၊ တစ်နှစ်ပြည့်လျှင် ၂၀ ရာခိုင်နှုန်း ၊ ၁၈ လပြည့်လျှင် ၂၀ ရာခိုင်နှုန်းနှင့် 

Grand Opening ရက်မတိုင်မီ ၇ ရက်အတွင်း ၂၀ ရာခိုင်နှုန်းပေးသွင်းရန် ကြိုတင်သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရသိရသည်။

ဇေကမ္ဘာကုမ္ပဏီအနေဖြင့် ပထမအကြိမ်အဖြစ် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၂၇၆၄ သန်းနှင့် 

ဒုတိယအကြိမ်အဖြစ် ၂၀၁၄ ခုနှစ် သြဂုတ် ၁၃ ရက်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၂၇၆၄ သန်း စုစုပေါင်း

အမေရိကန်ဒေါ်လာ ၁၆.၅၅၂၈ သန်းသာပေးသွင်းခဲ့ပြီး တွေ့ဆုံဆွေးနွေးခြင်းနှင့် တိုင်စာဖြင့် အကြောင်းကြားခြင်းများ ဆောင်ရွက်ခဲ့သော်လည်း 

ပေးသွင်းမှုမရှိဘဲ MOA စည်းကမ်းကို ဖောက်ဖျက်ခဲ့ခြင်း ၊ BOT စာချုပ်ချုပ်ဆိုနိုင်ခြင်းမီ မြေငှားရမ်းချထားသူ၏ သဘောတူခွင့်ပြုချက်မရဘဲ

နိုင်ငံခြားကုမ္ပဏီတစ်ခုဖြစ်သည့် Human Land Oversea Real Estate Developement ကုမ္ပဏီနှင့် ပူးပေါင်းပြီး ကြီးမားသောမြေပြုပြင်ဆောင်ရွက်များ

ဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနပိုင် ရှေးဟောင်းသမိုင်းဝင်အဆောက်အဦးများဖြစ်သည့် မြို့တော်ဝန်အိမ်ဟောင်း(House-C) နှင့် 

မြို့တော်ဝန်ဧည့်ဂေဟာ ( House-D) အပါအဝင် အဆောက်အဦး လေးလုံးဖြိုဖျက်ခဲ့ရသဖြင့် အမွေအနှစ်များဆုံးရှုံးခဲ့ရကြောင်း၊ ဖြိုဖျက်ခံရသည့်

အဆောက်အဦးများအနက် (House-C) နှင့် ( House-D)တို့သည် ရှေးဟောင်းလက်ရာအဆောက်အအုံများအဖြစ် သတ်မှတ်ကြော်ငြာထားသော

အဆောက်အအုံများဖြစ်ခြင်း၊ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ အကြောင်းပြန်ကြားစာ၊

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပြန်ကြားစာတို့အရ ရှေးဟောင်းအဆောက်အအုံများဖြစ်ခြင်း၊ 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအရ ရှေးဟောင်းအဆောက်အအုံများအဖြစ်သတ်မှတ်ထားခြင်းတို့ကြောင့် 

နိုင်ငံတော်အစိုးရနှင့်ကာကွယ်ရေးဝန်ကြီးဌာနတို့ အနေဖြင့် သမိုင်းဝန်အမွေအနှစ်တန်ဖိုး ၊ ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးများ များစွာနစ်နာဆုံးရှုံးခဲ့ရခြင်းသဖြင့် 

ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြို့တော်ဝန်အိမ်ဟောင်း(House-C) နှင့် မြိ့တော်ဝန်ဧည့်ဂေဟာ ( House-D)တို့အား ခွင့်ပြုချက်မဲ့ဖြိုဖျက်ခံခဲ့ရမှုနှင့်

ပတ်သက်၍ အဓိကတာဝန်ရှိသည့် ဇေကမ္ဘာကုမ္ပဏီလီမိတက် ဥက္ကဌ ဒေါက်တာခင်ရွှေ ၊ အဆောက်အဦးများဖြိုဖျက်ရန် ညွှန်ကြားစေခိုင်းသူများနှင့် ဖြိုဖျက်သူများအား 

ဥပဒေအရ ထိရောက်စွာအရေးယူပေးရန် ဒုတိယဗိုလ်မှူးကြီးမှ တရားလိုပြုလုပ်တိုင်ကြားထားခြင်းဖြစ်သည်။

 

Most Read

Most Recent