နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအပါအဝင် အချက်လေးချက်ကို နစကသို့ အကြံပြုတိုက်တွန်းရန် အာဆီယံအထူးကိုယ်စားလှယ်အား ပြည်သူ့ပါတီ တင်ပြ

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအပါအဝင် အချက်လေးချက်ကို နစကသို့ အကြံပြုတိုက်တွန်းရန် အာဆီယံအထူးကိုယ်စားလှယ်အား ပြည်သူ့ပါတီ တင်ပြ
Photo - ပြည်သူ့ပါတီ
Photo - ပြည်သူ့ပါတီ
Published 22 March 2022

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအပါအဝင် အချက်လေးချက် နစကသို့ အကြံပြုတိုက်တွန်းရန် အာဆီယံအထူးကိုယ်စားလှယ်ကို တင်ပြဆွေးနွေးခဲ့ကြောင်း ပြည်သူ့ပါတီက ထုတ်ပြန်သည်။

မတ် ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အာဆီယံအထူးကိုယ်စားလှယ်  ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ပါတီတို့ မတ် ၂၂ ရက်က ရန်ကုန်မြို့ရှိ Lotte Hotel ၌ တွေ့ဆုံမှုတွင် လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းပြဿနာများနှင့် ပတ်သက်၍  အမြင်ဖလှယ်ခဲ့ကြကြောင်း ပါတီထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးပါဝင်ပြီး ပါတီတာဝန်ရှိသူအချို့ တက်ရောက်သော အဆိုပါနှစ်ဖက်တွေ့ဆုံမှုတွင် နစကသို့ အကြံပြုတိုက်တွန်းရန် အချက်လေးချက်ကို အာဆီယံအထူးကိုယ်စားလှယ်အား ဆွေးနွေးတင်ပြခဲ့ကြောင်း ပြည်သူ့ပါတီက ထုတ်ပြန်သည်။

နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရန်၊ အရပ်သားထိခိုက်သေဆုံးမှုများကို ဘက်အသီးသီးမှ အကာကွယ်ပေးရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ကျယ်ကျယ်ပြန့်ပြန့် ထောက်ပံ့ပေးရန်၊ အသွင်ကူးပြောင်းရေး ကြားကာလနိုင်ငံရေးသဘောတူညီမှုတစ်ခုရစေရန် သက်ဆိုင်သူအားလုံးနှင့်  တွေ့ဆုံဆွေးနွေးရန် စသည့်အချက်လေးချက်ကို အာဆီယံအထူးကိုယ်စားလှယ်အား တင်ပြဆွေးနွေးခဲ့ကြောင်း ပါတီထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံအထူးကိုယ်စားလှယ်သည် မတ် ၂၂ ရက်တွင် ပြည်သူ့ပါတီနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်နှင့် တွေ့ဆုံမည့်အစီအစဉ် ပျက်ပြယ်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent