လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာတွင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံအသစ်မှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အဘက်ဘက်နှင့် လက်တွဲပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်မည်ဟု PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် ပြောကြား

လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာတွင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံအသစ်မှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အဘက်ဘက်နှင့် လက်တွဲပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်မည်ဟု PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် ပြောကြား
Published 22 March 2022

လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာတွင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံအသစ်မှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အဘက်ဘက်နှင့် လက်တွဲပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြား သည်။

မတ် ၂၂ ရက် ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၂၆/၂၀၂၂)တွင် အဖွင့်မိန့်ခွန်းပြောကြားရာ၌ နိုင်အောင်မင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၂၆/၂၀၂၂)သည် မကြာမီကျင်းပမည့် NCA-SEAO ၏ စတုတ္ထအကြိမ်မြောက်ညီလာခံ(ဒုတိယပိုင်း) ကိစ္စဖြစ်ကြောင်း၊ လက်ရှိပြည်တွင်း နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ပြောင်းလဲဖြစ်ပေါ်မှုများအပါအဝင် အခြားအရေးကြီးသည့် ကိစ္စများကိုလည်း အပြန်အလှန်ဆွေးနွေးသွားရန်ရှိကြောင်း နိုင်အောင်မင်းက ပြောကြားသည်။

ထို့ပြင် အာဆီယံအထူးကိုယ်စားလှယ်၏ ပြည်တွင်းခရီးစဉ်ရလာဒ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပြီး နိပွန်ဖောင်ဒေးရှင်း၏ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေးကို လက်ခံရယူရေး၊ သယ်ယူပို့ဆောင်ရေးနည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လက်ရှိအထွေထွေနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်ကြတဲ့ UN၊ အာဆီယံနဲ့ အခြားနိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ်မှာလည်း သုံးသပ်ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟု  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

PPST ၏ ရှေ့လုပ်ငန်းစဉ်များတွင် PPST ၏ နိုင်ငံရေးလမ်းပြမြေပုံ အတည်ပြုနိုင်ရေးကိစ္စ၊ PPST စုဖွဲ့မှုပုံစံအသစ်ကိစ္စ၊ ရုံးဝန်ထမ်းရေးရာကိစ္စများ ပါဝင်မည်ဖြစ်သောကြောင့် ယင်းကိစ္စများအပေါ်တွင်လည်း တစ်ဖွဲ့ချင်းစီ၏ သဘောထားကို ရယူသွားပြီး PPST ၏ သဘောထားအဖြစ် ချမှတ်သွားနိုင်ရေး ကြိုးပမ်းညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်အောင်မင်းက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် ချမှတ်ထားသည် နိုင်ငံရေးဦးတည်ချက် ခုနစ်ရပ်အတိုင်း မားမားမတ်မတ်ရပ်တည်ပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးကို အားလုံးပါဝင်သော  နိုင်ငံရေးဆွေးနွေးပွဲပုံစံအသစ်မှတစ်ဆင့် ဖက်ဒရယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အဘက်ဘက်နှင့် လက်တွဲပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  နိုင်အောင်မင်းက ပြောကြားသည်။

Most Read

Most Recent