၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၉၉ သန်းကျော်ရရှိပြီး ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင် ့နှိုင်းယှဉ်ပါက  ၁၅ ဒသမ ၄ ရာခိုင်နှုန်းလျော့ကျ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၉၉ သန်းကျော်ရရှိပြီး ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင် ့နှိုင်းယှဉ်ပါက  ၁၅ ဒသမ ၄ ရာခိုင်နှုန်းလျော့ကျ
ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 21 March 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၉၉ သန်းကျော်ရရှိ ပြီး ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့်နှိုင်းယှဉ်ပါက  ၁၅ ဒသမ ၄ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ ၁၉၉ ဒသမ ၄၇ သန်းရရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်းက မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ ၂၅၃ ဒသမ ၈၇ သန်းရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာ-ဂျပန်နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၁၂၉၆ သန်းကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၉၄၄ သန်းကျော်ဖြင့် ကုန်သွယ်မှုအသာစီးရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကာလအတွင်း မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၉၄၄ ဒသမ ၂၀၄ သန်းတင်ပို့ထားပြီး ဂျပန်ဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၃၅၂ ဒသမ ၄၆၂ သန်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏဒေါ်လာ ၁၂၉၆ ဒသမ ၆၆၆ သန်းရရှိထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ်လကုန်အထိ ၁၁ လအတွင်း မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၁၂၀၉ ဒသမ ၇၂၂ သန်း၊ ဂျပန်ဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၅၂၁ ဒသမ ၄၀၆ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၇၃၁ ဒသမ ၁၂၈ သန်းရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၁၄၁၅ ဒသမ ၇၁၁ သန်း၊ ဂျပန်ဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၄၈၀ ဒသမ ၅၇၁ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၉၆ ဒသမ  ၂၈၃ သန်းရရှိခသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ်လကုန်အထိ  ၁၁ လအတွင်း မြန်မာ-တရုတ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁ သမ ၁၉၁ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၂၄၆ ဘီလျံကျော်တင်သွင်းထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ်လအထိ  ၁၁ လအတွင်း မြန်မာ-တရုတ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁၁၉၁ ဒသမ ၈၈၀ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၄၉၄၅ ဒသမ ၂၂၁ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှု တန်ဖိုးဒေါ်လာ ၆၂၄၆ ဒသမ ၆၆၀ သန်းတင်သွင်းထားသည်။

ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းထုတ်လုပ်ပြီး အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံများသို့  တင်ပို့မည့်လုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားမှုမြင့် တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.EMr. Ichiro Maruyama က ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက ပြောကြားထားသည်။

“မြန်မာနိုင်ငံက လူဦးရေများတဲ့အတွက် ပြည်တွင်းစျေးကွက်ကိုလည်း အင်မတန်မှ စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေများပါတယ်။ မြန်မာနိုင်ငံဆိုရင် ထိုင်းနိုင်ငံတို့ အိန္ဒိယတို့ တရုတ်နိုင်ငံတို့နဲ့ ထိစပ်နေပါတယ်။ အဲဒါကြောင့်မို့ ဥပမာမြန်မာပြည်မှာ ထုတ်တဲ့ပစ္စည်းများကို အိမ်နီးနားချင်းနိုင်ငံများကို Export လုပ်ဖို့ အဲဒီမှာစိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေများပါတယ်” ဟု H.EMr. Ichiro Maruyama က ပြောကြားသည်။

ထို့အပြင် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကုန်ကြမ်းများတင်သွင်းပြီး ကုန်ချော ပြန်လည်ထုတ်လုပ်ကာ ပြည်တွင်းစျေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းများကိုလည်း စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

“အိမ်နီးနားချင်းနိုင်ငံများက ကုန်ကြမ်းကို မြန်မာနိုင်ငံကိုသွင်းပြီး အဲဒီကုန်ကြမ်းကို အသုံးပြုပြီး ပစ္စည်းထုတ် အဲဒီပစ္စည်းကို မြန်မာနိုင်ငံပြည်တွင်း စျေးကွက်ကို ရောင်းမယ့် အဲဒီလိုလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ များပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်အတွင်း လာရောက်ရင်းနှီးမြှပ်နှံထားသည့် လုပ်ငန်းပေါင်း ၃၉ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၆၇၀ ကျော်အထိရှိသည်။

Most Read

Most Recent