အာဆီယံအလှည့်ကျဥက္ကဋ္ဌ ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ သို့ ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်​တော်တွင် ​တွေ့ဆုံဆွေးနွေး

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ သို့ ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်​တော်တွင် ​တွေ့ဆုံဆွေးနွေး
Published 21 March 2022

အာဆီယံအလှည့်ကျဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ခ်ဆိုခွန်း၊ အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်ဂျော့ဟွိုင်တို့သည် မတ် ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာ ကြောင်း သိရသည်။

ထိုသို့ မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် အာဆီယံအထူးကိုယ်စားလှယ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးသံတမန်ဆောင်ဧည့် ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့မှုနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအ​​ထွေ​​ထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုကြောင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူထုဆန္ဒခံယူ၍ အတည် ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ​​တော်၏တာဝန်ကိုထမ်းဆောင်ခဲ့ရမှု အ​​ခြေအနေများ၊ နိုင်ငံရေးသဘောထားမတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ် လာသည့် ဆန္ဒပြမှုများမှတစ်ဆင့်ဆူပူ အ ကြမ်းဖက်မှုများ၊ အကြောင်းမဲ့ သတ် ဖြတ် မှုများ၊ နိုင်ငံပိုင်အဆောက်အဦများ၊ စာ သင်ကျောင်းများကို ဖျက်ဆီးမှုများ၊ မိုင်းထောင်ဖောက်ခွဲမှုများဖြစ်ပေါ်ခဲ့မှုနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်လုံ ခြုံရေး အတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့​​ကြောင်း သတင်း ထုတ် ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အပေါ် အကောင်အထည်ဖော်​​ ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အာဆီယံတွင် ပူးပေါင်းဆောင်ရွက် မှုမြှင်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ယခု ခရီး စဉ်သည် ပထမဆုံးခြေလှမ်းဖြစ်၍ ​​တွေ့ဆုံဆွေးနွေးမှုများမှတဆင့် တိုးတက်မှုများရရှိစေရေးတို့နှင့်စပ်လျဉ်းလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတွေ့ဆုံပွဲသို့နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်း​​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပြီး အာဆီယံအ လှည့်ကျဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့်အတူ စက်မှု၊ သိပ္ပံ၊ နည်းပညာ နှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး  H.E. Kitti Setta Pandita Cham Prasidh ၊ အာဆီယံ အတွင်းရေးမှူးချုပ်ဒါတိုလင်ဂျော့ဟွိုင်၊ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး  H.E. Mr. Chhouk Bunna နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် ထားသည်။

Most Read

Most Recent