ကိုဗစ်ကူးစက်မှုနှင့် နောက်ဆက်တွဲကုသမှုများ

ကိုဗစ်ကူးစက်မှုနှင့် နောက်ဆက်တွဲကုသမှုများ
Photo: Cnbc.com
Photo: Cnbc.com
Published 20 March 2022
ဒေါက်တာလွင်သန့်

အာရှနိုင်ငံများမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုနှုန်းလျော့ကျနေပေမဲ့ ဟောင်ကောင်၊ နယူးဇီလန်အပါအဝင် အာရှနဲ့ သမုဒ္ဒရာပိုင်းဇုန်မှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်နေတယ်လို့ ဆိုပါတယ်။ အဆိုပါဒေသ တွေမှာ ယခင်တစ်ပတ် ကူးစက်မှုနှုန်းနဲ့ နှိုင်း ယှဉ်ရင် ၂၅ ရာခိုင်နှုန်း နဲ့ ၇၂ ရာခိုင်နှုန်းအသီး သီးမြင့်တက်ခဲ့ပါတယ်။

ကမ္ဘာ့အခြားဒေသတွေမှာ ကူးစက်မှု နှုန်း ကျဆင်းခဲ့ပြီး အရှေ့အလယ်ပိုင်း ၄၅ ရာ ခိုင်နှုန်း၊ လက်တင်အမေရိကနဲ့ ကာရေဘီယံ ၄၀ ရာခိုင်နှုန်း၊ အာဖရိက ၃၄ ရာခိုင်နှုန်း၊ အမေရိကန်၊ ကနေဒါ ၂၃ ရာခိုင်နှုန်း၊ ဥရောပ မှာ ၂၂ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။

ဘယ်ဂျီယံမှာ ကိုဗစ်ကူးစက်မှုနှုန်းလျော့ ကျသွားပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်တက်လာလို့ မတ် ၇ ရက်မှစကာ ကျန်းမာရေးထောက်ခံချက်များနဲ့ အများပြည်သူပိုင် အဆောက်အအုံအတွင်း နှာခေါင်းစည်းတပ် ဆင်မှု လိုအပ်ချက်များ ရုပ်သိမ်းပေးသွားမယ် ဆိုပါတယ်။ အသက် ၈၀ အရွယ် အိုင်ယာလန် သမ္မတနဲ့ဇနီးဖြစ်သူမှာ ကိုဗစ်ကူးစက်ခံရ ကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ဟောင်ကောင်မှာ ကိုဗစ်ကူးစက်နှုန်းမြင့်တက်နေတာကြောင့် မြို့တစ်ဝန်းကို လော့ဒေါင်းချဖို့ စိုးရိမ်မှုများ မြင့်တက်နေလို့မြို့တစ် မြို့လုံးချဖို့ ကောလာဟလကြောင့် ကုန်တိုက် တွေမှာ အစားအစာများ ထိတ်ထိတ်ပျာပျာ အလုအယက် ဝယ်ယူနေကြလို့ အဆိုပါဝယ် ယူမှုများတားဆီးရေး၊ ဟောင်ကောင်နဲ့အကြီး မားဆုံး စားသုံးသူ လက်လီရောင်းချရေးဆိုင်ခွဲ နှစ်ခုက အစားအစာအချို့နဲ့ဆေးဝါးများ မတ် ၄ ရက်က ခွဲတမ်းနဲ့ရောင်းခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ မတ် ၄ ရက်က ဗိုင်း ရပ်စ်ကူးစက်ခံရသူ ၁၇၅၆၄ ဦးရှိပြီး ဒေသ  တွင်းကူးစက်ခံရသူ ၁၇၄၀၆ ဦးရှိကာ ပည်ပ မှဝင်ရောက်လာသူများမှ ကူးစက်ခံရသူ ၁၅၈ ဦးရှိပြီး နေ့အလိုက်ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၁၈ ဦးရှိခဲ့ပါတယ်။ ဟောင်ကောင်မှာ ကို ဗစ်ကပ်ရောဂါအကျပ်အတည်း ပိုဆိုးရွားလာ လို့တရားရေးစနစ်ကို တစ်လကြာဆိုင်းငံ့ သွားမယ်လို့ မတ် ၄ ရက်က ထုတ်ပြန်ကြေညာ သွားပါတယ်။

၂၀၂၂ ခုနှစ်မတ် ၁၅ ရက်အထိ ကမ္ဘာ တစ်လွှား ကိုဗစ်ကူးစက်သူ ၄၂၅ သန်းကျော် ရှိပြီး ကိုဗစ်ကြောင့်သေဆုံးသူ ခြောက်သန်း ကျော်သွားပြီလို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က အယ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်တာ၊ အိုမီခရွန်မျိုးကွဲများကို စောင့်ကြည့်မျိုးကွဲများ အဖြစ် သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ မတ် ၁၅ ရက်အထိ ကိုဗစ်ရောဂါကူးစက်သူ ၆၀၆၉၁၀ ဦး၊ သေဆုံးသူ ၁၉၄၁၄ ဦးရှိခဲ့ပြီဖြစ် ပါတယ်။

ကိုဗစ်ရောဂါမကူးစက်ခံရအောင် ကိုဗစ် ကာကွယ်ဆေး နှစ်ကြိမ်၊ ထပ်ဆင့်မြှင့်ကာ ကွယ်ဆေး တစ်ကြိမ် ထိုးနှံဖို့လိုအပ်ပါပြီ။ လက်ကိုရေ၊ ဆပ်ပြာနဲ့စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ဆေးကြောခြင်း (သို့မဟုတ်)ဟန်း ဂျယ်သုံးခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ လူတစ် ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေး ရှောင်ခြင်း၊ လေဝင်လေထွက် ကောင်းမွန်စေ ခြင်းတို့ လိုအပ်ပါတယ်။

ကိုဗစ်က ကမ္ဘာမြေပေါ်မှ(၄-၅)နှစ်ကြာ နေဦးမှာဆိုတော့ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင် ရေး၊ ပုံမှန်ဘဝသစ်ကိုဖြတ်သန်းရင်း နှစ်စဉ် မျိုးဗီဇပြောင်း ကိုဗစ်မျိုးကွဲများအတွက် ကာ ကွယ်ဆေးထိုးနှံသွားဖို့ နှစ်စဉ်လိုအပ်လာဖွယ် ရှိပါတယ်။ ဖိုင်ဇာက ရက်ပေါင်း ၁၀၀ အတွင်း အိုမီခရွန် ကာကွယ်ဆေးထုတ်လုပ်လာဖို့ရှိ သလို မိုဒါနာကုမ္ပဏီက ၂၀၂၂ ခုနှစ် မတ်လ အတွင်း အိုမီခရွန်ကာကွယ်ဆေး ထုတ်လုပ် ဖြန့်ချိလာဖွယ်ရှိပါတယ်။ ဖိုင်ဇာက အမေရိ ကန်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ရေးဌာနထံ အသက်ခြောက်လမှ ငါးနှစ်ကြား ကလေးငယ်များကာကွယ်ဆေး သုံးကြိမ်ထိုးနှံ ရေးစီမံထားရှိမှုတင်ပြထားသလို အသက်(၅-၁၁)နှစ်ကလေးငယ်များ ထပ်ဆင့်မြှင့်ကာ ကွယ်ဆေး ထိုးနှံနေပြီဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြည် သူများ ထပ်ဆင့်မြှင့်ကာကွယ်ဆေး ထိုးနှံကြဖို့ ဆော်သြထားပြီး ဗြိတိန်မှာကိုဗစ်ကာကွယ် ဆေး သန်းနဲ့ချီ စုဆောင်းနေပါတယ်။ အမေ ရိကန်၊ ဗြိတိန်၊ အစ္စရေး၊ စင်ကာပူမှာ ကာ ကွယ်ဆေး သုံးကြိမ်ထိုးနှံနေပြီး အစ္စရေး၊ ချီလီ နဲ့ ထိုင်းနိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေး လေးကြိမ် ထိုးနှံနေပြီပဲဖြစ်ပါတယ်။

ကိုဗစ်ဖြစ်ပွားပြီး လူနာပေါင်းငါးသောင်း နီးပါး လေ့လာခဲ့ရာမှာ နောက်ဆက်တွဲပြဿ နာပေါင်း ၅၅ မျိုးခန့် တွေ့ရှိထားပါတယ်။ နုန်း ခွေခြင်း ၅၈ ရာခိုင်နှုန်း၊ ခေါင်းကိုက်ခြင်း ၄၄ ရာခိုင်နှုန်း၊ အာရုံစူးစိုက်မှုခက်ခြင်း ခုနစ် ရာ ခိုင်နှုန်း၊ ဆံပင်ကျွတ်ခြင်း ၂၅ ရာခိုင်နှုန်း၊ မော ပန်းခြင်း ၂၄ ရာခိုင်နှုန်း၊ အနံ့မရခြင်း ၂၁ ရာ ခိုင်နှုန်း၊ ချောင်းဆိုးခြင်း ၁၉ ရာခိုင်နှုန်းတို့ဖြစ် ပါတယ်။ အဆုတ်နဲ့ပတ်သက်ပြီး နောက်ဆက် တွဲလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ ရင်ဘတ် နာခြင်း၊ အဆုတ်လုပ်ငန်းမကောင်းခြင်း၊ အိပ် နေစဉ်အသက်ရှူခက်ခြင်း၊ အဆုတ်ခဲခြင်းတို့ ဖြစ်ပါတယ်။ နှလုံးနဲ့ပတ်သက်ပြီး တွေ့ရတဲ့ နောက်ဆက်တွဲများမှာ နှလုံးခုန်မမှန်ခြင်း၊ နှလုံးရောင်ခြင်း၊ နှလုံးသွေးကြောရောဂါအမျိုး မျိုးဖြစ်နိုင်ပါတယ်။

ဦးနှောက်အာရုံကြောနဲ့ပတ်သက်ပြီးတွေ့ရတဲ့ပြဿနာများမှာမှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်များခြင်း၊ အာရုံစူးစိုက်မှုခက်ခြင်း၊ စိတ်စွဲလမ်းမှုလွန်ကဲခြင်း၊ ရောဂါနောက်ဆက်တွဲ ဖိစီးမှုလွန်ကဲခြင်းတို့ဖြစ်ကြပါတယ်။

အခြားနောက်ဆက်တွဲပြဿနာတွေကဆံပင်ကျွတ်ခြင်း၊ အချို့သုံးလအထိဆံပင်ကျွတ်နိုင်ပါတယ်။ ခေါင်းမူးခြင်း၊ ခေါင်းချာချာလည်မူးခြင်း၊ နားအူခြင်း၊ နားကိုက်ခြင်း၊ မျက်စိပြဿနာများ၊ နှာချေခြင်း၊ နှာခေါင်းအေးစက်ခြင်း၊ လည်ချောင်းတွင်းပူစပ်ပူလောင်ခြင်း၊ ရင်ဘတ်နာခြင်းနဲ့ရင်ခေါင်းတွင်းပူလောင်ခြင်း၊

လက်ပြင်နှစ်ခုကြားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ညချွေးထွက်ခြင်း၊ မျက်စိခြောက်ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ အဆစ်ရောင်ကိုယ်ခံအားမူမမှန်ရောဂါတစ်မျိုး၊ ရင်တုန်ခြင်း၊ ရုတ်တရက်ကိုယ်အလေးချိန်ကျသွားခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့  ဖြစ်ပါတယ်။ ရင်ဘတ်ဓာတ်မှန်နဲ့စီတီရိုက်ကြည့်တဲ့အခါလူနာ ၃၄ ရာခိုင်နှုန်း မှာဒဏ်ရာလက်ကျန်များ ရှိပါတယ်။

ကိုဗစ်ရောဂါပျောက်ကင်းသက်သာလို့ဆေးရုံဆင်းပြီးအိမ်ပြန်လာတဲ့အခါအမောဖောက်လာပါတယ်။ အမောသက်သာအောင်နေရမယ့်အနေအထားများ၊ လေ့ကျင့်ခန်းအမျိုးအစားနဲ့သတိထားရမယ့်အချက်များ၊ စကားပြောဆိုရာမှာအားမရှိခြင်းနဲ့အသံမထွက်ဖြစ်ပါကပြုလုပ်နည်း၊ စားသောက်ခြင်းနဲ့အစာမျိုချရမှာအခက်ခဲရှိပါကပြုလုပ်နည်း၊ အာရုံစူးစိုက်မရခြင်း၊ အကြောင်းအရာများကိုမမှတ်မိခြင်း၊ ကြည်ကြည်လင်လင် မစဉ်းစားနိုင်ခြင်း၊ နိစ္စဓူဝအလုပ်များကို ပင်ပန်းနွမ်းလာမှု မရှိအောင်စီမံဆောင်ရွက်နည်း၊ စိတ်ဖိစီးမှု၊ စိုးရိမ်လွန်ကဲမှုနဲ့စိတ်ဓာတ်ကျခြင်းများဖြစ်ပေါ်လာပါကပြုလုပ်နည်းစတာတွေမဖြစ်မနေသိရှိထားဖို့လိုအပ်ပါတယ်။

ကိုဗစ်လူနာ ၈၀ ရာခိုင်နှုန်းမှာနောက်ဆက်တွဲပြဿနာတစ်ခုထက်ပိုပြီးရှိနေတတ်ပါတယ်။ ရောဂါလက္ခဏာအချို့ကျန်ရှိနေခြင်းကိုကိုဗစ်ပြီးရောဂါစုလို့ခေါ်ပါတယ်။ ရောဂါဖြစ်ပြီး ၁၂ ပတ်ကျော်တဲ့အထိနေထိုင်မကောင်းဖြစ်တာ ပုံမှန်ဘဝပြန်မရသေးတဲ့ကာလပဲဖြစ်ပါတယ်။

ပုံမှန်လေ့ကျင့်ခန်းနာရီဝက်မှတစ်နာရီအပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး၊ ဂေါက်ရိုက်ပြုသင့်ပါတယ်။ လေ့ကျင့်ခန်းများမစတင်မီသွေးပူလေ့ကျင့်ခန်း၊ အကြောလျှော့လုပ်သင့်ပါတယ်။ ချောင်ချိတဲ့သက်သောင့်သက်သာအဝတ်အစားနဲ့အားကစားဖိနပ်ဝတ်သင့်ပါတယ်။ လေ့ကျင့်ခန်းမစခင်အစာစားထားရင် တစ်နာရီခန့်စောင့်သင့်ပါတယ်။ ရေများများသောက်သင့်ပါတယ်။ ပူအိုက်တဲ့ရာသီမှာလေ့ကျင့်ခန်းမလုပ်သင့်ပါဘူး။ ရာသီဥတုအေးပါကခန်းမတွင်း၊ အိမ်တွင်းမှာသာလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်းမှာကြံ့ခိုင်မှုတိုးတက်စေနိုင်ခြင်း၊ အမောဖောက်မှုလျော့ကျစေနိုင်ခြင်း၊ ကြွက်သားများသန်စွမ်းစေနိုင်ခြင်း၊ ဟန်ချက်နဲ့လုပ်ရှားလုပ်ကိုင်နိုင်မှု ချောမွေ့စေနိုင်ခြင်း၊ စဉ်းစားတွေးတောနိုင်စွမ်းတိုးတက်စေခြင်း၊ စိတ်ဖိစီးမှုလျော့စေခြင်း၊ စိတ်ခံစားမှုကောင်းမွန်စေခြင်း၊ မိမိကိုယ်ယုံကြည်မှုတိုးတက်စေခြင်း၊ စိတ်ရွှင်လန်းတက်ကြွစေနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။

စကားပြောဆိုရာမှာ စကားကိုနိုင်သလောက်သာပြောခြင်း၊ အသံကျယ်ကျယ်မပြောခြင်း၊ မောနေရင်နားပြီးပြောခြင်း၊ အသက်ပုံမှန်ရှူခြင်း၊ သီချင်းအလိုက်ညည်းပေးခြင်း၊ စာရိုက်ပို့ခြင်း၊ အမူအရာနဲ့ပြောခြင်း၊ ရေအနည်းငယ်စီမကြာခဏသောက်ပေးခြင်းပြုလုပ်သင့်ပါတယ်။

စားသောက်ရာမှာအခက်အခဲမဖြစ်အောင် အစာမျိုချစဉ် အစာမသီးအောင်သတိထားရပါမယ်။ အစာစားပြီးတိုင်းသွားတိုက်သင့်ပါတယ်။ အစးစားတိုင်း၊ ရေသောက်တိုင်း၊ မတ်မတ်ထိုင်သင့်ပါတယ်။ အစာစားပြီးတိုင်းမိနစ် ၃၀ လမ်းလျှောက်၊ ထိုင်ရင်မတ်မတ်နေသင့်ပါတယ်။ အစာပျော့၊ မာအစုံစမ်းစားကြည့်သင့်ပါတယ်။

စိုစွတ်နူးညံ့တဲ့အစာစတင်စားသုံးသင့်ပါတယ်။ အစာစားစဉ်၊ ရေသောက်စဉ်အစာပေါ်မှာအာရုံထားသင့်ပါတယ်။ အချိန်ယူစားကာ ကြေညက်စွာဝါးသင့်ပါတယ်။ ခဏနားပြီးမှစားသင့်ပါတယ်။

အာရုံစိုက်မရခြင်း၊ အကြောင်းအရာများ၊ မမှတ်မိခြင်းနဲ့ကြည်ကြည်လင်လင်မစဉ်းစားနိုင်ဖြစ်တတ်ပါတယ်။ နေ့စဉ်နာရီဝက်မှတစ်နာရီကို ကိုယ်လက်လှုပ်ရှား၊ အားကစားတစ်ခုခုလုပ်သင့်ပါတယ်။ စိတ်ပျော်ရွှင်စေမယ့်အလုပ်များ၊ မှတ်ဉာဏ်ကောင်းစေမယ့်လေ့ကျင့်ခန်းများ၊ ပဟေဠိများနဲ့လေ့ကျင့်ပေးသင့်ပါတယ်။ လိုအပ်ပါကမှတ်စုရေးခြင်း၊ အချက်ပြသတိပေးခြင်းများပြုလုပ်သင့်ပါတယ်။ လုပ်စရာအလုပ်များကိုတစ်ပြိုင်နက်အများကြီးမစဉ်းစားဘဲ လွယ်ကူတဲ့အလုပ်များမှာတစ်ဆင့်ချင်းစပြီးလုပ်သင့်ပါတယ်။

နိစ္စဓူဝအလုပ်များပင်ပန်းနွမ်းလျမှုမရှိအောင်စီမံဆောင်ရွက်သင့်ပါတယ်။ အမောခံနိုင်သလောက်သာအင်အားစိုက်ထုတ်ကာ ဖြစ်နိုင်ခြေရှိတဲ့အလုပ်မျိုးရည်မှန်းလုပ်ဆောင်သင့်ပါတယ်။ ထိုင်လျက်အလုပ်လုပ်ခြင်းကစွမ်းအင်ချွေတာရာရောက်ပါတယ်။ မတ်တတ်ရပ်ခြင်း၊ ခါးကုန်းခြင်း၊ အမြင့်မှပစ္စည်းတင်ချခြင်း၊ ဆောင့်ကြောင့်ထိုင်ခြင်းများဟာ စွမ်းအင်ပိုမိုသုံးစွဲရလို့ရှောင်ကြဉ်သင့်ပါတယ်။

အလုပ်ပင်ပန်းရင်ပေါ့ပါးတဲ့အလုပ်ပြောင်းလုပ်သင့်ပါတယ်။ အနားယူချိန်ပေးသင့်ပါတယ်။ ချက်ပြုတ်ခြင်း၊ ဈေးဝယ်ခြင်း၊ ကလေးထိန်းခြင်းစတဲ့အလုပ်များအတွက်အခြားသူများကိုအကူအညီတောင်းသင့်ပါတယ်။ နေထိုင်လို့သိပ်မကောင်းသေးဘဲ မူလလုပ်ငန်းတွေအပြည့်အဝပြန်မလုပ်သင့်ပါဘူး။ လွယ်ကူသက်သာတဲ့အလုပ်တွေက တစ်ဆင့်ဖြည်းဖြည်းချင်းလုပ်သင့်ပါတယ်။

ကိုဗစ်နောက်ဆက်တွဲပြဿနာများအနက်အဖြစ်အများဆုံးနာတာရှည်နုန်းခွေ၊ နွမ်းလျရောဂါစုကိုအထူးသိထားဖို့လိုအပ်ပါတယ်။ အလွန်အမင်းနုန်းခွေခြင်း၊အလုပ်လုပ်ပြီးတိုင်း မအီမလည်ခံစားရခြင်း၊ အိပ်စက်မရခြင်းနဲ့အိပ်ရေးမဝခြင်း၊ အာရုံစိုက်မှုမှတ်သားနိုင်မှုနဲ့ဆုံးဖြတ်ချက်များခက်ခဲခြင်း၊ အထိုင်အထမှာမူးဝေ၊ မေ့မြောခြင်းစတာတွေ ဖြစ်ပေါ်စေနိုင်တယ်။

     အလွန်အမင်းနုန်းခွေနေတဲ့လူနာများကိုယခင်ပုံစံအတိုင်းလေ့ကျင့်ခန်းများဆက်တိုက်တစ်သီကြီးလုပ်ခိုင်းဖို့ရာလည်းမသင့်တော်သလို မလုပ်ဘဲနေပြန်လည်းပြန်လည်သန်စွမ်းမှုမရနိုင်ပါဘူး။ စွမ်းအင်ချွေတာမယ့်လေ့ကျင့်နေထိုင်နည်းစနစ်တွေကို သိထားဖို့မဖြစ်မနေလိုအပ်လာပါတယ်။

စိတ်ရွှင်လန်းအတက်ကြွဆုံးအချိန်ကိုရွေးချယ်ခြင်း၊ အလုပ်လုပ်ရာမှာနားချိန်သတ်မှတ်ကာလုပ်ဆောင်ခြင်း၊ မဖြစ်မနေလုပ်မယ့်အလုပ်ကိုသာလုပ်ဆောင်ခြင်း၊ အသုံးအဆောင်ပစ္စည်းများကို အသုံးပြုဖို့အလွယ်တက ူလက်လှမ်းမီတဲ့နေရာမှာထားခြင်းလိုပါတယ်။

စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်လွန်ကဲမှုနဲ့စိတ်ဓာတ်ကျခြင်းများဖြစ်လာရင်ပုံမှန်အိပ်၊ ပုံမှန်ထ၊ ပတ်ဝန်းကျင်ကိုစိတ်ငြိမ်အောင်ဖန်တီးသင့်ပါတယ်။ စိတ်သက်သာစေမယ့်နည်းလမ်းများအသုံးပြုသင့်ပါတယ်။ အိပ်ပျော်စေဖို့ကော်ဖီ၊ ဆေးလိပ်၊ အရက်ရှောင်သင့်ပါတယ်။ အာဟာရပြည့်ဝစေမယ့်အစာများရွေးချယ်စားသုံးသင့်ပါတယ်။

စိတ်ဖိစီးမှုလျော့နည်းစေဖို့ အားကစားတစ်ခုခုပြုသင့်ပါတယ်။

မိတ်ဆွေအပေါင်းအသင်းများနဲ့ရင်ဖွင့်သင့်ပါတယ်။ ဖေ့ဘွတ်မှာအကြံဉာဏ်ပေးသင့်ပါတယ်။ တယ်လီဖုန်း၊ ဗိုင်ဘာနဲ့စကားပြောသင့်ပါတယ်။ စိတ်သက်သာစေမယ့်နည်းလမ်းများဖြစ်တဲ့သီချင်းဆိုခြင်း၊ စာဖတ်ခြင်း၊ တီဗီကြည့်ခြင်းပြုသင့်ပါတယ်။ ဘာသာရေးလိုက်စားသင့်ပြီး တရားထိုင်ခြင်း၊ တရားနာခြင်း၊ အာနာပါနထွက်လေဝင်လေရှုခြင်းများလုပ်ဆောင်သင့်ပါတယ်။ နေ့စဉ်အလုပ်များ၊ ၀ါသနာပါရာအလုပ်များမှာဖြည်းဖြည်းချင်းလိုက်ပါဆောင်ရွက်ကြည့်သင့်ပါတယ်။

ကိုဗစ်နောက်ထပ်ကူးစက်မှုမခံရအောင်ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်၊ ထပ်ဆင့်မြှင့်ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံသင့်ပါတယ်။ ကိုဗစ်စည်းကမ်းများဖြစ်တဲ့နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုရေဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကျော်ကြာဆေးကြောခြင်း၊ ဟန်းဂျယ်သုံးခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေဝင်လေထွက် ကောင်းစေခြင်းတို့ ဆောင်ရွက်သင့်ပါတယ်။ ရောဂါဖြစ်ရင်စနစ်တကျ ကုသသင့်ပါတယ်။