တန် ၅၀၀ ဆံ့ အအေးခန်းစက်ရုံတည်ဆောက်၍ ငါး၊ ပုစွန် ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် မြေအကျယ် ၂ ဒသမ ၀၄ ဧကကို B.O.T စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်

တန် ၅၀၀ ဆံ့ အအေးခန်းစက်ရုံတည်ဆောက်၍ ငါး၊ ပုစွန် ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် မြေအကျယ် ၂ ဒသမ ၀၄ ဧကကို B.O.T စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ  ပြည်ပပို့ ရေခူလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ဇော်မိုးဦး)
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်ပပို့ ရေခူလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ဇော်မိုးဦး)
Published 10 March 2022

တန် ၅၀၀ ဆံ့ အအေးခန်းစက်ရုံ တည်ဆောက်၍ သန့်ရှင်းလတ်ဆတ်သော ငါး၊ ပု စွန်များ ပြုလုပ်ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် မြေအကျယ် ၂ ဒသမ ၀၄ ဧကအား B.O.T စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးငါးလုပ်ငန်းဦးစီးဌာနဌာနလက် အောက်ရှိ B.O.T စနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက်၊ မြေတိုင်းအမှတ်(၂/၂)၊ တန် ၅၀၀ ဆံ့ အအေးခန်းစက်ရုံတည်ဆောက်၍ သန့်ရှင်းလတ်ဆတ်သော ငါး၊ပုစွန်များ ပြုလုပ် ထုတ်လုပ်ခြင်းလုပ်ငန်း အတွက် မြေအကျယ် အဝန်း ၂ ဒသမ ၀၄ ဧကအား B.O.T စနစ် ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ရာ လုပ် ငန်းရှင်/ကုမ္ပဏီများသို့ တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားသည်။

တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များအား တစ်စုံလျှင် ကျပ် ၁၀၀၀၀ ဖြင့် ငါးလုပ်ငန်းဦးစီးဌာန၊ စီမံရေးရာဌာနစု၊ ရုံးအမှတ် ၃၆ နေပြည်တော်တွင် ဝယ်ယူနိုင်ကြောင်း၊ တင်ဒါလျှောက်လွှာများကို ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်မှ ၂၈ ရက်အတွင်း နေ့စဉ်ရုံးချိန်အတွင်း ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) နေပြည်တော်တွင် ရောင်းချ မည်ဖြစ်ပြီး အဆိုပါနေရာ၌ပင် အိတ်ဖွင့်တင်ဒါတင်သွင်း ရမည်ဖြစ်သည်။ တင်ဒါနှင့်ပတ်သက်သည့် အ သေးစိတ် အချက်အလက်များကို သိရှိလိုပါက ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ ၀၆၇- ၄၀၈၄၇၄၊ ၀၉-၂၅၄၅၅၄၃၄၇ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ ကာလအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၃၈၇ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ၂၄ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကာလတူက  ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၃၆၃ ဒသ မ ၇၄၈ သန်းရရှိခဲ့သည်။ အဆိုပါကာလတူ နှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရ၂၅ ရက်အထိမှာ ယခင်နှစ်ကာလတူ ထက် ဒေါ်လာ ၂၄ ဒသမ ၀၇၇ သန်းပိုမိုရရှိခဲ့သည်။

မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး  အသားကဏ္ဍအနေဖြင့် လက်ရှိတွင် တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်နိုင်ငံသို့ နယ်စပ်ကတစ်ဆင့် အဓိကတင်ပို့လျက်ရှိသည်။

ပုစွန်မွေးမြူရေးကို စီးပွားဖြစ်ဆောင်ရွက်ရာတွင် ပုစွန်သားပေါက်များအား အိမ်နီးချင်းပြည်ပနိုင်ငံမှ ဝယ်ယူ တင်သွင်းနေရ သည့်အတွက် မြန်မာနိုင်ငံအတွင်း၌ ပုစွန်သားပေါက်ထုတ်လုပ်နိုင်ရေးကို အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး၏ရာခိုင်နှုန်း ၃၀ ကို လယ်ယာစိုက်ပျိုးရေးကဏ္ဍမှရရှိနေပြီး  ကျေးလက်နေပြည်သူများ၏ ၆၈ ရာခိုင်နှုန်းက ယင်းကဏ္ဍမှ ရရှိသောဝင်ငွေအပေါ် မှီခိုရလျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

 

Most Read

Most Recent