စားသောက်ကုန်နှင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာသည့်အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ တစ်နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၇ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်း

စားသောက်ကုန်နှင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာသည့်အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ တစ်နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၇ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်း
ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များ ရောင်းချရာ စျေးတစ်ခုကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များ ရောင်းချရာ စျေးတစ်ခုကိုတွေ့ရစဉ်
Published 1 February 2022

စားသောက်ကုန်နှင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာသည့်အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ တစ်နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၇ ရာခိုင်နှုန်းသို့  ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ အထိ ကာလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး တတိယသုံးလပတ်ကာလထက် ၁ ဒသမ ၈၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်းဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပထမသုံးလပတ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း  ၁ ဒသမ ၀၈ ရာခိုင်နှုန်း၊  ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဒုတိယသုံးလပတ်အတွင်း ၁ ဒသမ ၆၃ ရာခိုင်နှုန်း၊ ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ တတိယသုံးလပတ်အတွင်း ၅ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ စတုတ္ထသုံးလပတ်အတွင်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့်  နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာ၊ ဒီဇင်ဘာတွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ အထိ ကာလအတွင်း  ၆ ဒသမ ၈၃ ရာခိုင်နှုန်းရှိခဲ့သည်။

မြန်မာ့စီးပွားရေးသည် ၂၀၂၁ ဘဏ္ဍာနှစ်(စက်တင်ဘာလတွင် ကုန်ဆုံးသည့်ဘဏ္ဍာ နှစ်)တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု ခန့်မှန်းထားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ဘဏ္ဍာနှစ်အဆုံးတွင် GDP သည် အချို့သော တည်ငြိမ်လာမှုများနှင့်အတူ တစ်ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ကမ္ဘာ့ဘဏ်က မျှော်မှန်းထားသည်။

ယခုမျှော်မှန်းချက်သည် လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလိုင်း (သစ်) များ ပဋိပက္ခများ၏ ကျယ်ပြန့်မှုနှင့် သက်ရောက်မှု၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုနှင့် ဘဏ္ဍာရေးကဏ္ဍအခက်အခဲများ ဆက်လက်တည်ရှိမှုအနိမ့်အမြင့်နှင့်အတူ လျှပ်စစ်မီး၊ ကုန်စည်ပို့ဆောင်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုကဲ့သို့သော အတားအဆီးအခက်အခဲများအပေါ် မူတည်လိမ့်မည်ဖြစ်ကြောင်း၊ ယခုခန့်မှန်းချက်သည် နောင်လာမည့်ကာလအတွင်း ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် တည်ငြိမ်လာသည့်လက္ခဏာများ ဆက်လက်တည်ရှိနေမည်ဟူ၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သည့် ပဋိပက္ခများ ထပ်မံမြင့်တက်လာခြင်းမရှိဟူ၍လည်းကောင်း စသည့်ယူဆချက်များအပေါ် အခြေခံတွက်ဆခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

 

         

Most Read

Most Recent