နေပြည်တော်သို့ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်သို့ အတတ်နိုင်ဆုံး ဆောလျင်စွာပြန်လည်ရောက်ရှိသည်ကို မြင်ရရန်လိုလားကြောင်း မေတ္တာရပ်ခံ

နေပြည်တော်သို့ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်သို့ အတတ်နိုင်ဆုံး ဆောလျင်စွာပြန်လည်ရောက်ရှိသည်ကို မြင်ရရန်လိုလားကြောင်း မေတ္တာရပ်ခံ
မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla ကို သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့မြင်ရစဉ်
မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla ကို သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့မြင်ရစဉ်
Published 23 December 2021
Ref: NDTV

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla သည် နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကို ဒီဇင်ဘာလ ၂၂ ရက်တွင် စတင်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်၌ တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီး နောက်ပိုင်းအိန္ဒိယနိုင်ငံမှ လာရောက်သည့် ပထမဆုံးအဆင့်မြင့်အရာရှိဖြစ်လာခဲ့သည်။

Shringla သည် သူ၏ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)၏ ဥက္ကဌနှင့် အခြားအကြီးတန်းကိုယ်စားလှယ်များအား အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်သို့ အတတ်နိုင်ဆုံး ဆောလျင်စွာ ပြန်လည်ရောက်ရှိသည်ကို မြင်ရရန်လိုလားကြောင်း မေတ္တာရပ်ခံခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန(MEA)က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးရန် ကိစ္စအပြင် အိန္ဒိယ-မြန်မာနယ်စပ်ကိစ္စနှင့် လုံခြုံရေးကိစ္စ၊ မြန်မာ့နိုင်ငံရေးအခြေအနေတို့နှင့်ပတ်သက်၍လည်း ဆွေးနွေးကာ အမြင် ချင်းဖလှယ်မည်ဟု အဆိုပါဝန်ကြီးဌာန၏ ကြိုတင်ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

Shringla သည် အိန္ဒိယနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသများတွင် အကြမ်းဖက်မှုများကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်လိုအပ်ကြောင်း အထူးပြုပြောကြားခဲ့သည်ဟု MEA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ ပြည်နယ်များဖြစ်ကြသော အာသံ၊ နာဂနှင့် မဏိပူရတို့မှ ခွဲထွက်ရေးလူမျိုးစုသူပုန်များသည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးရှိ တောတောင်ထူထပ်ပြီး ဝေးလံသီခေါင်သည့် ဒေသများ၌ အခြေစိုက်စခန်းများ တည်ထောင်ထားရှိသည်မှာ နှစ်ပေါင်များစွာ ကြာပြီဖြစ်သည်။ ၎င်းတို့သည် အိန္ဒိယနိုင်ငံထဲ၌ လက်နက်ကိုင်တိုက်ခိုက်မှုများပြုလုပ်ပြီး အိန္ဒိယအစိုးရတပ်များ မလာရောက်နိုင်သည့် နယ်စပ်ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံထဲသို့ ပြန်လည်ခိုဝင်နေလေ့ရှိသည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် နယ်နိမိတ်ချင်း ၁၆၄၃ ကီလိုမီတာအထိ ထိစပ်လျက်ရှိသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေးမီက ထောင်ဒဏ်ချမှတ်ခဲ့ခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်းလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အိန္ဒိယသတင်းစာများသို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဒီပြစ်ဒဏ်စီရင်ချက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ အိန္ဒိယဟာ မြန်မာရဲ့ဒီမိုကရေစီအကူးအပြောင်းကို အစဉ်အမြဲ ထောက်ခံပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent