Travis Scott နှင့် Astroworld ပွဲစီစဉ်သူများ ဒေါ်လာ သန်း ၇၅၀ ပေးဆောင်ရန် တရားစွဲဆိုခံရ

Travis Scott နှင့် Astroworld ပွဲစီစဉ်သူများ ဒေါ်လာ သန်း ၇၅၀ ပေးဆောင်ရန် တရားစွဲဆိုခံရ
Published 21 November 2021

လူသေဆုံးမှုဖြစ်ပွားခဲ့သည့် Astroworld တေးဂီတဖျော်ဖြေပွဲတွင် ပါဝင်ပတ်သက်သူ ၁၂၅ ဦးကျော်က ဟစ်ဟော့ပ်အဆိုတော် Travis Scott နှင့်အခြားပွဲစီစဉ်သူများကို ဒေါ်လာသန်း ၇၅၀ ပေးဆောင်ရန် တရားစွဲဆိုခဲ့သည်။

ယင်းဖျော်ဖြေပွဲတွင် သေဆုံးခဲ့သူ ၁၀ ဦး၌ ပါဝင်သည့်အသက် ၂၁ နှစ်အရွယ် Axel Acosta ၏ မိသားစုက အမေရိကန်တွင် ယင်းတရားစွဲဆိုမှု၌ ပူးပေါင်းပါဝင်ခဲ့သည်။

Scott နှင့် ဧည့်သည်အဆိုတော် Drake တို့သည် လူအုပ်ကြီးကိုုဖြတ်၍ အသက်မဲ့နေသည့် အလောင်းများကို စတိတ်စင်ပေါ်မှာ တွေ့မြင်နေသော်လည်း ဖျော်ဖြေမှုကိုရပ်တန့်ခဲ့ခြင်းမရှိဘဲ ဆက်လက်ဖျော်ဖြေ တင်ဆက်ခဲ့သည်။ Scott ကမူ သူစင်ပေါ်မှ မဆင်းခင်အချိန်အထိ ယင်းဖြစ်စဉ်ကို သတိထားမိခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

နိုဝင်ဘာ ၅ ရက်က တက္ကဆက်ပြည်နယ် ဟောက်စ်တန်မြို့တွင် ပြုလုပ်သည့် Astroworld ဖျော်ဖြေပွဲ၌ ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်အတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ နစ်နာခဲ့သည့်မိသားစုတိုင်းကို ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း Scott က ကတိပြုပြောကြားခဲ့သည်။

Drake ကလည်း သေဆုံးခဲ့သူများ၏ ကျန်ရစ်သူ မိသားစုများ၊ သူငယ်ချင်းများနှင့် ထပ်တူဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။

ယခင်ကလည်း အသက်ရှင်ခဲ့သူများနှင့် သေဆုံးခဲ့သူများ၏ ကျန်ရစ်သူမိသားစုဝင်များက ဒါဇင်နှင့်ချီသည့် တရားစွဲဆိုမှုများ လုပ်ဆောင်ထားပြီး ဖြစ်သည်။

Most Read

Most Recent