ဂျနီဖာလိုပက်ဇ် သရုပ်ဆောင်ထားသည့် Marry Me ဇာတ်ကားကြီးကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုံတင်မည်

ဂျနီဖာလိုပက်ဇ် သရုပ်ဆောင်ထားသည့် Marry Me ဇာတ်ကားကြီးကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုံတင်မည်
Photo: Hola
Photo: Hola
Published 20 November 2021
Ref: OK!

ပေါ့ပ်ဘုရင်မ ဂျနီဖာလိုပက်ဇ် ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးထားသည့် Marry Me အချစ်ဇာတ်မြူးဇာတ်ကားကြီး ကို Universal Pictures ရုပ်ရှင်ထုတ်လုပ်ရေးက အမြည်းပြသလိုက်ပြီဖြစ်ပြီး ထိုဇာတ်ကားကို လာမည့်ဖေဖော်ဝါရီတွင် ရုံတင်သွားမည် ဖြစ်သည်။

ဂျေလိုနှင့် တွဲဖက်သရုပ်ဆောင်ထားသည့် မင်းသားနှစ်ဦးက အမေရိကန်မင်းသား အိုဝင်ဝဲလ်ဆန်နှင့် ကိုလံဘီယာအဆိုတော် မလူမာတို့ဖြစ်ပြီး ဂျေလိုက ခင်ပွန်းလောင်း (မလူမာ) ၏ လှည့်စားမှုကို သိသွားပြီးနောက် ဖျော်ဖြေပွဲမှ တွေ့ရာလူစိမ်းတစ်ဦး (ဝဲလ်ဆန်) ကို လက်ထပ်လိုက်သည့် ပေါ့ပ်စတား ကတ်ဗာဒတ်ဇ်နေရာမှ သရုပ်ဆောင်ထားသည်။ ဝဲလ်ဆန်က အိမ်ထောင်ကွဲ အထက်တန်းကျောင်း သချင်္ာဆရာဖြစ်ပြီး တကယ်လည်း သူတို့နှစ်ဦး ကြိုက်သွားကြသည်။

စာရေးဆရာ ဘော့ဘီခရော့စ်ဘီ၏ ဝတ္ထုကို အခြေခံရိုက်ကူးထားသည့် Marry Me ဇာတ်ကားကို အမေရိကန်အမျိုးသမီး ဒါရိုက်တာ ကတ်ကိုရိုက ဖန်တီးထားပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်ရုံတင်မည်ဖြစ်သည်။ ၂၀၁၉ ရုပ်ရှင် Hustlers ထွက်လာပြီးနောက် Marry Me သည် ဂျေလို၏ ပထမဆုံးရုပ်ရှင်ကားလည်းဖြစ်သည်။

လက်ရှိ ဂျေလိုတွင် ထူးခြားသည့်ခရစ္စမတ်အစီအစဉ်တစ်ခုလည်းရှိနေသည်။ လူအများစုအတွက်သာ အဆန်းဟုဆိုရမည်ဖြစ်ပြီး ဂျေလိုတို့ချစ်သူစုံတွဲအတွက်မူ အဆန်းဖြစ်မည်မဟုတ်ပေ။ ဂျေလိုနှင့် ချစ်သူ ဘန်အက် ဖလက်ခ်၊ ဂျနီဖာဂါနာ (အက်ဖလက်ခ်၏ ဇနီးဟောင်း) တို့က ခရစ္စမတ်ပိတ်ရက်ကို အတူဖြတ်သန်းကြရန် အစီအစဉ်ရှိပြီး နှစ်ဖက်ကလေးများလည်းပါမည်ဟု သတင်းရင်းမြစ်တစ်ဦးက နိုဝင်ဘာ ၁၇ ရက်တွင် OK! မဂ္ဂဇင်းသို့ ပြောသည်။

ဂျေလိုတွင် ခင်ပွန်းဟောင်း မာ့ခ်အန်သနီနှင့်ရသည့် ၁၃ နှစ်အရွယ် အမြွှာနှစ်ဦးရှိပြီး အိမ်ထောင်သက် ၁၃ နှစ်ကြာလက်တွဲပြီး ၂၀၁၈ ခုနှစ်တွင် ကွာရှင်းထားသည့် ဘန်အက်ဖလက်ခ်နှင့် ဂျနီဖာဂါနာတွင် သမီးနှစ်ဦး သားတစ်ဦးရှိသည်။

ဂျေလိုသည် အဲလက်စ်ရော့ဒရီဂတ်ဇ် (အဲရော့) နှင့်ကွဲပြီးနောက် ဘန်အက်ဖလက်ခ်နှင့်တွဲနေကြောင်းကို ဇူလိုင် ၂၄ ရက်နေ့ကကျ ရောက်သည့် သူမ၏ ၅၂ နှစ်ပြည့်မွေးနေ့တွင် အင်စတာဂရမ်မှတစ်ဆင့် တရားဝင်ကြေညာထားသည်။ ဘန်နှင့် ရွက်လှေပေါ်တွင်ရိုက်ကူးထားသည့် ဓာတ်ပုံများကို သူမကထိုနေ့က တင်ခဲ့သည်။ ၂၀၂၁ ခုနှစ် မေတွင် ဂျေလိုနှင့် အဲရော့တို့ စေ့စပ်မှုပြတ်ပြီဆိုသည့်သတင်းများ ထွက်ခဲ့သည်။ ဂျေလိုနှင့်နီးစပ်သူတစ်ဦးက People မဂ္ဂဇင်းကိုပြောပုံအရ သူတို့နှစ်ဦးကြား ယုံကြည်မှုပြဿနာကြောင့် ကွဲကြခြင်း ဖြစ်သည်။

အဲရော့နှင့်ကွဲသည့် သတင်းမတ်လ ကတည်းကထွက်လာပြီး ထိုစဉ်က အဲရော့သည် အမေရိကန်ရုပ်ရှင်မင်းသမီး မဒီဆင်လက်က ရွိုင်နှင့် ဖောက်ပြန်နေသည်ဟု သတင်းပျံ့ခဲ့သည်။ NFL ကစားသမားဟောင်း အဲရော့ဘက်က ထိုကောလာဟလများကို ငြင်းခဲ့သော်လည်း နောက်ပိုင်းလများတွင် ဂျေလို စေ့စပ်လက်စွပ်ဝတ်ထားခြင်း မရှိတော့ပေ။ 

ဘန်အက်ဖလက်ခ်သည် အကဘုရင်မ ဂျေလိုနှင့် ပထမဆုံးတွဲခြင်းတော့မဟုတ်ပေ။ ၂၀၀၁ မှ ၂၀၀၄ ခုနှစ်အထိ သူတို့နှစ်ဦးတွဲခဲ့ကြပြီး ၂၀၀၂ ခုနှစ် နိုဝင်ဘာတွင် စေ့စပ်လိုက်သေးသည်။ သို့သော် နှစ်နှစ်အကြာတွင် ကွဲသွားပြီး ယခုနှစ်ဧပြီတွင် ပြန်တွဲခုတ်လိုက်ကြသည်။

Most Read

Most Recent