နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ဘီလ်ရစ်ချတ်ဆန်တို့ တွေ့ဆုံပြီး ကိုဗစ်ရောဂါကာကွယ်ဆေး ကူညီဆောင်ရွက်ပေးမည့် အခြေအနေများ ဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ဘီလ်ရစ်ချတ်ဆန်တို့ တွေ့ဆုံပြီး ကိုဗစ်ရောဂါကာကွယ်ဆေး ကူညီဆောင်ရွက်ပေးမည့် အခြေအနေများ ဆွေးနွေး
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်တို့ နိုဝင်ဘာ ၂ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်တို့ နိုဝင်ဘာ ၂ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်။
Published 3 November 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်တို့ နိုဝင်ဘာ ၂ ရက်က တွေ့ဆုံ၍ ကိုဗစ်ရောဂါကာကွယ်ဆေး ကူညီဆောင်ရွက်ပေးမည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်အား နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေမှုအခြေအနေ၊ ယခုအခါ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာပြီဖြစ်သဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်လျက်ရှိမှု အခြေအနေ၊ မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံမှ ကိုဗစ်ရောဂါကာကွယ်ဆေးများ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက် ကြပြီး အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်းနှင့် နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သူ ဘီလ်ရစ်ချက်ဆန်သည် ကပ်ရောဂါဆိုင်ရာ အထောက်အကူပေးရေးအတွက် အဓိကရည်ရွယ်သည့် လူသားချင်းစာနာထောက်ထားမှု သီးသန့်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်း ၎င်း၏ပြောခွင့်ရက အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားသည်။

ရစ်ချက်ဆန်က သူ၏စင်တာသည် မြန်မာပြည်သူများအတွက် ကူညီထောက်ပံ့ပေးခဲ့သည့် ကာလရှည် နောက်ခံသမိုင်းကြောင်းရှိခဲ့သည်ဟု ပြောဆိုထားသည်။ သို့ရာတွင် သူ၏ခရီးစဉ်အား ထုတ်ပြန်ကြေညာရာတွင် မြန်မာနိုင်ငံ၏ ဖေဖော်ဝါရီ ၁ ရက်ဖြစ်စဉ်နှင့် ပတ်သက်၍ ရည်ညွှန်းပြောဆိုခဲ့ခြင်း မရှိသကဲ့သို့ အဆိုပါခရီးစဉ်အတွင်း မည်သူမည်ဝါနှင့် တွေ့ဆုံသွားမည်ဆိုသည်ကိုလည်း အသေးစိတ်ဖော်ပြခဲ့ခြင်း မရှိပေ။

“မြန်မာနိုင်ငံမှာရှိတဲ့ အဆက်အသွယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအရ COVID-19 ကာကွယ်ဆေး၊ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေနဲ့ တခြားအများပြည်သူ ကျန်းမာရေးလိုအပ်ချက်တွေလို လူ သားချင်းစာနာ ထောက်ထားမှု အကူအညီတွေပေးနိုင်မယ့် လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်တယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘီလ်ရစ်ချက်ဆန်သည် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး အကြံပေးရန် ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။ ၎င်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည် စခန်းများကိုလည်း သွားရောက်ခဲ့ သည်။ ရစ်ချက်ဆန်စင်တာသည် COVID-19 ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ဘင်္ဂါလီဒုက္ခသည် စခန်းများသို့ တစ်ကိုယ်ရည် ရောဂါကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ ပေးပို့ရာတွင် အထောက်အကူပေးခဲ့သည်ဟု သိရသည်။

 

Most Read

Most Recent