၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာသန်း ၁၅၇၀ ကျော်ရရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၃၇၄ သန်းကျော်ပိုမိုရရှိ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာသန်း ၁၅၇၀ ကျော်ရရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၃၇၄ သန်းကျော်ပိုမိုရရှိ
မန္တလေးမြို့ရှိ ပဲကုန်စည်ဒိုင်အတွင်း အရောင်းအဝယ်ပြုလုပ်နေမှုကို ယခင်နှစ်က တွေ့ရစဉ်
မန္တလေးမြို့ရှိ ပဲကုန်စည်ဒိုင်အတွင်း အရောင်းအဝယ်ပြုလုပ်နေမှုကို ယခင်နှစ်က တွေ့ရစဉ်
Published 12 October 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာသန်း ၁၅၇၀ ကျော်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကထက် ဒေါ်လာ ၃၇၄ သန်းကျော်ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၉၆၆ ဒသမ ၄၀၇ သန်း၊ နယ်စပ်မှ ဒေါ်လာ ၆၀၄ ဒသမ ၃၀၀ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၁၅၇၀ ဒသမ ၇၀၇ သန်းရရှိခဲ့သည်။

အိန္ဒိယအစိုးရ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်းကို နှစ်စဉ်ပုဂ္ဂလိကကဏ္ဍမှတစ်ဆင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ တင်သွင်းရန် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (မူကြမ်း) အား G to G လက်မှတ်ရေးထိုးနိုင်ရန် ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်ဖက်အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့၏ ပဲထုတ်လုပ်မှုပမာဏနှင့်စားသုံးမှုလိုအပ်ချက်များအပေါ် မူတည်၍နှစ်နိုင်ငံအကြား မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှုကို အားပေးရန် ရည်ရွယ်၍ မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံအကြား G to G အစီအစဉ်ဖြင့် မတ်ပဲနှင့်ပဲစင်းငုံရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်က နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့သည်။

ယင်းနားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်းတို့ကို နှစ်စဉ်ပုဂ္ဂလိကကုန်သွယ်မှုမှတစ်ဆင့် လာမည့်ငါးနှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီမှ မတ်လ) အတွင်း တင်သွင်းသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ G to G MoU သည် အိန္ဒိယနိုင်ငံအစိုးရမှ နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာ ပဲ Quota အား ထိခိုက်မှုမရှိစေဘဲ မြန်မာ့ပဲတင်ပို့သူများအနေဖြင့် နိုင်ငံတကာ Quota တွင်လည်း ပါဝင်အကျိုးခံစားခွင့်ရှိမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးအား နှစ်စဉ်စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်းခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင်နှုန်း ကုလားပဲ ရှစ်ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက် ရှိသည်။

Most Read

Most Recent