COVID-19 ရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့ကြောင်း အထောက်အထား ပြနိုင်ပါက ခရီးသွားလာရာတွင် ရက် ၉၀ အတွင်း Quarantine နှင့် ရောဂါပိုးစစ်ဆေးခြင်း ကင်းလွတ်ခွင့်ပြုမည်

COVID-19 ရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့ကြောင်း အထောက်အထား ပြနိုင်ပါက ခရီးသွားလာရာတွင် ရက် ၉၀ အတွင်း Quarantine နှင့် ရောဂါပိုးစစ်ဆေးခြင်း ကင်းလွတ်ခွင့်ပြုမည်
Published 29 September 2021

 COVID-19 ရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့ရကြောင်း အထောက်အထား ပြနိုင်ပါက ခရီးသွားလာရာတွင် ရက် ၉၀ အတွင်း Quarantine နှင့် ရောဂါပိုးစစ်ဆေးခြင်း ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကမ္ဘာ့ကျန်း မာရေးအဖွဲ့နိုင်ငံတကာအသိအမှတ်ပြု  ဆေးသုတေသနဌာနများ၏ သုတေသနပြုချက်များအရ COVID-19 ရောဂါဖြစ်ပွားပြီးသူများတွင်  ရောဂါပြန်လည်ဖြစ်ပွားမှုကို တုံ့ပြန် နိုင်သည့် Antibody Level မှာ လအနည်းငယ်အထိရှိနိုင်ပြီး အဆိုပါကာလတွင် ရောဂါ ပြန်လည်ဖြစ်ပွားမှု မရှိနိုင်ကြောင်း သုတေ သနပြုချက်များအရ တွေ့ရှိရကြောင်း ပါရှိ သည်။

ထို့ကြောင့် နိုင်ငံတကာ ဝင်ထွက်ဂိတ်များ၊ နယ်စပ်ဝင်၊ ထွက်ဂိတ်များမှ ဝင်ရောက်လာသူများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ တွင် ခရီးသွားလာသူများအနေဖြင့် COVID-19 ရောဂါဖြစ်ပွားခဲ့ကြောင်းကို နိုင်ငံ တကာအသိအမှတ်ပြုဆေးရုံနှင့် ကျန်းမာ ရေးဌာနက ထုတ်ပေးထားသော အသိအမှတ် ပြုလက်မှတ် (သို့မဟုတ်) ကျန်းမာရေးဝန်ကြီး ဌာန၊ ပြည်သူ့ဆေးရုံများ၊ COVID-19 ကုသမှုစင်တာများမှ အတည်ပြုထုတ်ပေး ထားသော ဆေးရုံဆင်းလက်မှတ်တို့အား အထောက်အထားအဖြစ် ပြသနိုင်ပါက ရော ဂါ အတည်ပြုသည့်ရက်မှစတင်၍ ရက် ၉၀ အတွင်း ခရီးသွားရာတွင် အသွားအလာကန့် သတ်ထားရှိခြင်း (Quarantine) နှင့် ရောဂါ အတွက် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းတို့ကို ကင်းလွတ်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကင်းလွတ်ခွင့်ရသူများသည် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သော COVID-19 ရောဂါ ကာကွယ်ထိန်း ချုပ်ရေး စည်းကမ်းချက်များကို တိကျစွာ လိုက်နာရန် လိုအပ်မည်ဖြစ်ပြီး COVID-19 သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ချက်ချင်းဆက် သွယ်ဆောင်ရွက်၍ ဓာတ်ခွဲနမူနာရယူစစ် ဆေးခြင်းနှင့် အသွားအလာကန့်သတ်ခြင်း များကို ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထား သော လုပ်ငန်းလမ်းညွှန်များအတိုင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ဒုတိယ ပတ်မှစ၍ COVID-19 ရောဂါပိုးတွေ့ရှိမှု ၁၀ ရာခိုင်နှုန်းအောက် လျော့ကျလာခဲ့ပြီး သေဆုံးမှု ရာခိုင်နှုန်းလည်း လျော့ကျလာခဲ့ သည်။