လေ့ကျင့်ရေးအစီအစဉ်တွင် ဒဏ်ရာရရှိခဲ့သောကြောင့် အာမတ်ဒီယာလို မန်ယူတွင်သာ ဆက်ရှိမည်

လေ့ကျင့်ရေးအစီအစဉ်တွင် ဒဏ်ရာရရှိခဲ့သောကြောင့် အာမတ်ဒီယာလို မန်ယူတွင်သာ ဆက်ရှိမည်
Photo: Sky Sports
Photo: Sky Sports
Published 31 August 2021

မန်ယူအသင်း၏ အိုင်ဗရီကို့စ်တောင်ပံကစားသမား အာမတ်ဒီယာလိုသည် ဒဏ်ရာပြဿနာကြောင့် အသင်းပြောင်းရွှေ့မည့်အစီအစဉ် ပျက်ပြယ်သွားခဲ့ပြီး မန်ယူအသင်းတွင် ဆက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အာမတ်ဒီယာလို(၁၉ နှစ်)သည် ဖီယင်နုအသင်းထံ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ရန် နီးစပ်ခဲ့သော်လည်း လေ့ကျင့်ရေးအစီအစဉ်တွင် ပေါင်ဒဏ်ရာရရှိခဲ့သည့်အတွက် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းက အာမတ်သည် လေ့ကျင့်ရေးတွင် ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့၍ (၆)ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း၊ ဖီယင်နုထံ အငှားချမည့်အစီအစဉ် ပျက်သွားပြီး မန်ယူအသင်းတွင် ဆက်ရှိသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent