Shin Hyun Been က Song Joong Ki နှင့် ဒရာမာဇာတ်လမ်းတွဲသစ် ရိုက်ကူးမည်

Shin Hyun Been က Song Joong Ki နှင့် ဒရာမာဇာတ်လမ်းတွဲသစ် ရိုက်ကူးမည်
Photo: Soompi
Photo: Soompi
Published 3 August 2021

JTBC ရုပ်သံလိုင်းမှ နောက်နှစ်ထဲတွင် ပြသမည့် ဒရာမာဇာတ်လမ်းတွဲသစ် “Chaebol Family’s Youngest Son” တွင် Song Joong Ki နှင့်တွဲဖက်သရုပ်ဆောင်မည့် ဇာတ်လိုက်မင်းသမီးနေရာအတွက် Shin Hyun Been အား ရွေးချယ်ထားသည်။ 

မှီငြမ်းရိုက်ကူးမည့် ဝတ္ထုကိုယ်တိုင်က ဇာတ်ကားနာမည်အတိုင်းဖြစ်ပြီး လူကုန်ထံမိသားစုကြီးတစ်ခု၏ အတွင်းရေးမှူးက ထိုမိသားစု၏အငယ်ဆုံးသားအဖြစ် ပြန်မွေးဖွားလာကာ လက်စားချေမည့် ဇာတ်လမ်းဖြစ်သည်။

ခေါင်းဆောင်မင်းသား Yoon Hyun Woo အဖြစ် Song Joong Ki က ပါဝင်မည်ဖြစ်ပြီး Yoon Hyun Woo သည် ငွေကြေး အလွဲသုံးစားလုပ်မှုဖြင့် သစ္စာခံ Sunyang Group မိသားစု၏ ချောက်ချခံရပြီးနောက် သေဆုံးသွားကာ ထိုမိသားစုတွင် အသက်အငယ်ဆုံးသား Jin Do Joon အဖြစ် ပြန်လည်မွေးဖွားလာပြီး လက်စားချေမည့် ဇာတ်ကောင်ဖြစ်သည်။

Shin Hyun Been က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနမှ အစိုးရရှေ့နေမလေး Seo Min Young အဖြစ် ပါဝင်ပြီး Sunyang Group ၏အကြီးအကဲ Jin Yang Chul ဇာတ်ကောင်အတွက် Lee Sung Min ကို ရွေးချယ်ထားသည်။

Shin Hyun Been ပါဝင်ထားသည့် “Hospital Playlist 2” ဇာတ်လမ်းတွဲကို လက်ရှိတွင် tvN ရုပ်သံမှပြသလျက်ရှိပြီး JTBC မှ စက်တင်ဘာ ၁ ရက်တွင်ပြသမည့် “A Person Like You” ဇာတ်လမ်းတွဲတွင်လည်း သူမ ပါဝင်ထားသည်။ “Chaebol Family’s Youngest Son” ဇာတ်လမ်းတွဲကို ၂၀၂၂ ခုနှစ်တွင် JTBC လိုင်းမှ ပြသမည်ဖြစ်သည်။

Most Read

Most Recent