ကင်ဆာရောဂါကြောင့် သေမင်းနှင့် စစ်ခင်းနေရသော ကြေကွဲဖွယ် လေးနှစ်သားလေးအကြောင်း တေးတစ်ပုဒ် တေလာဆွစ်၏ အယ်လ်ဘမ်၌ ပါဝင်မည်

ကင်ဆာရောဂါကြောင့် သေမင်းနှင့် စစ်ခင်းနေရသော ကြေကွဲဖွယ် လေးနှစ်သားလေးအကြောင်း တေးတစ်ပုဒ် တေလာဆွစ်၏ အယ်လ်ဘမ်၌ ပါဝင်မည်
Photo: Billboard
Photo: Billboard
Published 1 August 2021
Ref:Billboard

ကင်ဆာရောဂါကြောင့် သေမင်းနှင့် စစ်ခင်းနေရသော ကြေကွဲဖွယ်လေးနှစ်သားလေးအကြောင်း တေလာဆွစ်က စပ်ဆိုထားသည့် Ronan အမည်ရှိ ရင်နင့်ဖွယ်တေးတစ်ပုဒ်သည် ပြန်လည်အသံသွင်းမည့် Red အမည်ရှိ အယ်လ်ဘမ်အသစ်တွင် ပါဝင်လာမည်ဖြစ်ကြောင်း Billboard က အတည်ပြုပြောကြားခဲ့သည်။

အဆိုပါသီချင်းကို အနီရောင်ခေတ်အတွင်း ရေးစပ်ခဲ့ခြင်းဖြစ်ပြီး Ronan သည် တေလာဆွစ်၏ Red Version တွင် ပါဝင်လာတော့မည် ဖြစ်သည်။

အဆိုပါအယ်လ်ဘမ်အား ပြန်လည်အသံသွင်းယူခြင်းသည် ပြီးစီးသွားခဲ့ပြီဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်တွင် ဖြန့်ချိရန် စီစဉ်ထားသည်။

လေးနှစ်သားလေး ရိုနန်သွမ်မဆင်၏အကြောင်းကို မိခင်ဖြစ်သူ မာယာသွမ်မဆင်က Rockstar Ronan ဟူသည့် ဘလော့တွင် ရေးသားခဲ့ရာမှ တေလာဆွစ်က စိတ်ကူးရကာ သူ၏ ရှုထောင့်မှနေ၍ သီချင်းရေးသားခဲ့ခြင်းဖြစ်ပြီး မာယာသွမ်မဆင်ကို ပူးတွဲရေးသားသူအဖြစ် အမည်တပ်ပေးခဲ့သည်။

သီချင်းတွင် ပါဝင်သည့် အပိုဒ်များက ရိုနန်၏ ခြေဗလာလေးများ၊ အပြုံးများ၊ မျက်လုံးပြာလေးများ၊ အိပ်ရာမဝင်မီ ကခုန်နေပုံများ၊ မီးဖိုချောင်ကြမ်းပြင်တွင် ပြန့်ကျဲနေသည့် သူ၏ ပလတ်စတစ် ဒိုင်နိုဆောနှင့် ပြိုင်ကား အရုပ်ကလေးများနှင့် အခြားစိတ်ကူးကြည့်၍ မရနိုင်သည့် အမှတ်ရစရာများကို မြင်ယောင်လာစေသည်ဟု ဆိုသည်။

Most Read

Most Recent