Billie Eilish က သူမ၏ တေးအယ်လ်ဘမ်သစ်ကို အားရကျေနပ်နေ

Billie Eilish က သူမ၏ တေးအယ်လ်ဘမ်သစ်ကို အားရကျေနပ်နေ
Photo:Billboard
Photo:Billboard
Published 31 July 2021

အမေရိကန်ပေါ့ပ်အဆိုတော် Billie Eilish တစ်ယောက် ‘Happier Than Ever’ အမည်ဖြင့် တေးအယ်လ်ဘမ်သစ်တစ်ခွေ လတ်တလောထွက်ရှိထားပြီး အခွေဖန်တီးထားမှုနှင့်ပတ်သက်၍ အင်စတာဂရမ်တွင် သူမတွေ့ကြုံခဲ့သမျှထဲ “ကျေနပ်စရာအကောင်းဆုံး အတွေ့အကြုံ” ဟုရေးသားထားခဲ့သည်။

ယင်းအခွေဖြစ်မြောက်လာအောင် သူမနှင့်အတူ အစ်ကိုဖြစ်သူ Finneas ၏ အားထုတ်မှုလည်းများစွာပါဝင်ခဲ့ပြီး ပါဝင်သည့် သီချင်းတိုင်းကိုကြိုက်သည့်အတွက် အခွေထွက်မည့်အရေးကိုတွေးရန်ပင် ကြောက်နေခဲ့သည်ဟု Billie Eilish က ဆိုသည်။

အစ်ကိုဖြစ်သူကိုလည်း သူမက ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး ယခုထက်ကောင်းသည့် ပူးပေါင်းဖက်အစ်ကိုမျိုး မရချင်တော့ပြီ။ အစ်ကိုက သူမ၏ကမ္ဘာတစ်ခုလုံးဖြစ်ပြီး အစ်ကိုမပါဘဲနှင့် ယင်းအခွေကိုထုတ်နိုင်မည် မဟုတ်ဟုလည်း ၁၉ နှစ်အရွယ် Eilish က ရေးသားခဲ့သည်။

အခွေထုတ်လုပ်သူမှာလည်း Finneas တစ်ဦးတည်းသာဖြစ်ပြီး သီချင်းတိုင်းကိုလည်း ညီမဖြစ်သူနှင့်အတူ ရေးစပ်ပေးခဲ့သူ ဖြစ်သည်။ ‘Happier Than Ever’ တေးအယ်လ်ဘမ်သည် ဇူလိုင် ၃၀ ရက်က ထွက်ရှိလာခြင်းဖြစ်ပြီး ယင်းအယ်လ်ဘမ် မထွက်မီ ရှေ့နှစ်နှစ်တွင် Eilish က ပွဲဦးထွက်အယ်လ်ဘမ်  ‘When We All Fall Asleep, Where Do We Go’ ထွက်ရှိခဲ့သည်။  ယင်းအခွေလည်း အတော်လေး အောင်မြင်ခဲ့သည်။

Most Read

Most Recent