အသစ်ထွက်ရှိလာမည့် Black Panther ရုပ်ရှင်တွင် Michaela Coel ပါဝင်လာတော့မည်

အသစ်ထွက်ရှိလာမည့် Black Panther ရုပ်ရှင်တွင် Michaela Coel ပါဝင်လာတော့မည်
Photo:Screen Rant
Photo:Screen Rant
Published 23 July 2021

I May Destroy You ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့သည့် Michaela Coel သည်လာမည့် Black Panther ရုပ်ရှင်သစ်တွင် ပါဝင်လာတော့မည် ဖြစ်သည်။

Black Panther ရုပ်ရှင်၏ အဓိကခေါင်းဆောင်မင်းသား Chadwick Boseman သည် ပြီးခဲ့သည့် နွေရာသီတွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့်အတွက် အသစ်ထွက်ရှိမည့် Black Panther နောက်ဆက်တွဲ ရုပ်ရှင်သည် Boseman မပါသည့် ပထမဆုံးရုပ်ရှင် ဖြစ်လာမည်ဖြစ်သည်။

Black Panther: Wakanda Forever ဟု အမည်ပေးထားသည့် ရုပ်ရှင်သစ်တွင် မူလ Black Panther ၌ ပါဝင်ခဲ့ကြသည့် Lupita Nyong ၊ Danai Gurira ၊ Martin Freeman ၊ Letitia Wright ၊ Winston Duke နှင့် Angela Bassett တို့ ပြန်လည်ပါဝင် သရုပ်ဆောင်ကြမည်ဖြစ်သည်။

I May Destroy You က ရုပ်သံဇာတ်လမ်းတွဲဖြင့် အမ်မီဆုလေးဆုအဆိုပြုခံထားရသည့် ဗြိတိန်သရုပ်ဆောင် Coel သည် Black Panther ဇာတ်လမ်းသစ်တွင် မည့်သည့်နေရာမှ ပါဝင်မည်ဆိုသည်ကို အသေးစိတ် မသိရသေးသော်လည်း ရုပ်ရှင်ရိုက်ကူးရေးရှိရာ အမေရိကန်နိုင်ငံ အတ္တလန္တာသို့ ပြီးခဲ့သည့်လက ရောက်လာပြီဖြစ်ကြောင်း Variety မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

Black Panther: Wakanda Forever ရုပ်ရှင်သစ်ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက်တွင် ရုံတင်ရန် စီစဉ်ထားသည်။

Most Read

Most Recent