Girls’ Generation အဖွဲ့ဝင် Hyoyeon တစ်ကိုယ်တော်သီချင်းဖြင့် ပရိသတ်များရှေ့ ပြန်ရောက်လာမည်

Girls’ Generation အဖွဲ့ဝင် Hyoyeon တစ်ကိုယ်တော်သီချင်းဖြင့် ပရိသတ်များရှေ့ ပြန်ရောက်လာမည်
Published 20 July 2021

တောင်ကိုရီးယား မိန်းကလေးအဆိုတော်အဖွဲ့ Girls’ Generation မှ အဖွဲ့ဝင် (DJ HYO) သည် မကြာမီ တစ်ကိုယ်တော်သီချင်းသစ် ထွက်ရှိလာတော့မည်ဖြစ်သည်။ ထိုသတင်းကို SM Entertainment ၏ သတင်းရင်းမြစ်တစ်ဦးက ဇူလိုင် ၁၉ ရက်တွင် ထုတ်ဖော်ပြောလိုက်သည်။

သြဂုတ်တွင် ထွက်ရှိလာမည့် ၎င်းသီချင်းသစ်သည် “Think About Me” သီချင်း ထွက်ပြီးနောက် ကိုးလနီးပါးအတွင်း Hyoyeon ၏ ပထမဆုံးသီချင်းသစ်ဖြစ်လာမည် ဖြစ်သည်။ 

သူသည် Girls’ Generation အဖွဲ့၏ Main Dancer အဖြစ် စတင်ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် DJ HYO အမည်ဖြင့် DJ တစ်ကိုယ်တော်လှုပ်ရှားမှုများ စတင်လိုက်လျက် “Sober” ၊ “Punk Right Now” ၊ “Badster” နှင့် “Dessert” သီချင်းများလည်း ထွက်ရှိခဲ့သည်။ 

အမိုက်စားကကွက်များဖြင့်  မြူးကြွသည့် “Dessert” သီချင်းသည် လူကြိုက်များခဲ့ပြီး သူမ၏သီချင်းသစ်ကို ပရိသတ်များက ရင်ခုန်စောင့်မျှော်နေကြသည်။ SNSD ဟုလည်းခေါ်သည့် Girls’ Generation မိန်းကလေး ကေပေါ့ပ်အဖွဲ့ကို SM Entertainment က ဖွဲ့စည်းထားခြင်းဖြစ်သည်။

Most Read

Most Recent