■ ဘာစီလိုနာအသင်း၏ ဘဏ္ဍာရေးအခြေအနေမှာ မျှော်မှန်းထားသည်ထက်ပိုဆိုးကြောင်း လာပေါ်တာ ဝန်ခံ

■ ဘာစီလိုနာအသင်း၏ ဘဏ္ဍာရေးအခြေအနေမှာ မျှော်မှန်းထားသည်ထက်ပိုဆိုးကြောင်း လာပေါ်တာ ဝန်ခံ
Published 22 June 2021

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက အသင်း၏ ဘဏ္ဍာရေးအခြေအနေမှာ မျှော်မှန်းထားသည်ထက် ပိုမိုဆိုးရွားကြောင်း ဝန်ခံပြောကြားသည်။

ဘာစီလိုနာအသင်း၏ ကြွေးမြီပမာဏ စုစုပေါင်းမှာ ယူရို ၁ ဒသမ ၂ ဘီလျံနီးပါးအထိ ရှိနေသည်။

ထို့ကြောင့် ဘာစီလိုနာအနေဖြင့် ကစားသမားများ၏လစာငွေကို လျှော့ချသွားရန် အပူတပြင်းလိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်မေလတွင်လည်း ကစားသမားများအတွက် လစာပေးချေရန် ဘဏ်မှ ယူရိုသန်း ၁၀၀ ချေးယူခဲ့ရသည်။

သို့ဖြစ်ရာ စပိန်နိုင်ငံထုတ် La Vanguardia သတင်းစာနှင့်တွေ့ဆုံစဉ် လာပေါ်တာက ''အသင်းရဲ့ အခြေအနေက ကျွန်တော်မျှော်မှန်းထားတာထက် ပိုဆိုးပါတယ်။ ခက်ခဲတဲ့အခြေအနေဖြစ်လာမယ်ဆိုတာ ကျွန်တော်သိထားပြီးသားပါ။ ဒီမှာရှိတဲ့ စာချုပ်တွေက ကျွန်တော်တို့ ဘယ်လောက်လုပ်နိုင်မလဲဆိုတဲ့ အခြေအနေအပေါ် မူတည်ပါတယ်။ အဲဒီဟာတွေကို အရင်ဘုတ်အဖွဲ့အနေနဲ့ ရှင်းပြရမှာပါ။ ဒါတွေက ဖြေရှင်းရမယ့်ကိစ္စဆိုတာ ကျွန်တော် မငြင်းပါဘူး။ ကျွန်တော်တို့ကတော့ အားလုံးကို ရှင်းလင်းသွားမှာပါ။ အဲဒီလိုမဟုတ်ဘူးဆိုရင် ကျွန်တော်တို့လည်း ကြံရာပါဖြစ်သွားပါလိမ့်မယ်။ အသင်းရဲ့စာချုပ်တွေက ရှေးဟောင်းပုံစံစာချုပ်တွေဆိုတာ ကျွန်တော်တို့  သိလိုက်ရပါတယ်။ ကျွန်တော်တို့ လုပ်ရမယ့်ဟာတွေကို လုပ်သွားမှာပါ။ အခုရှိနေတဲ့ စာချုပ်တွေကို ပြောင်းလဲတာ ဒါမှမဟုတ် ပြန်ပြင်တာမျိုး လုပ်ရပါမယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့လုပ်မှာမဟုတ်ဘူးလို့ မျှော်လင့်ထားတာတွေက အများကြီးဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါတွေက အသင်းရဲ့ ကောင်းကျိုးဖြစ်လာမလားဆိုတာကိုတော့ ဘယ်လိုမှမငြင်းနိုင်ပါဘူး။ လစာနဲ့ ကြွေးမြီအတွက် တစ်နှစ်အသုံးစရိတ်က ယူရိုသန်း ၆၅၀ လောက် ရှိပါတယ်။ ဒီပမာဏက အသင်းရဲ့ဝင်ငွေထက် ပိုများနေပါတယ်။ အဲဒီလစာနှုန်းထားတွေက လက်ရှိစျေးကွက်အခြေအနေနဲ့ဆိုရင် မဖြစ်နိုင်တော့ပါဘူး''ဟု ပြောကြားသည်။

ဘာစီလိုနာအသင်းသည် နေတို၊ အမ်တီတီ၊ ဖီပို၊ ကော်တင်ဟို၊ ဘရေ့ဝိတ်စသည့် ကစားသမားများကို ရောင်းချသွားဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent