ဧပြီအတွက် မေဂျာလိဂ် အကောင်းဆုံးကစားသမားဆုကို မက်ဆီ ဆွတ်ခူး

ဧပြီအတွက် မေဂျာလိဂ် အကောင်းဆုံးကစားသမားဆုကို မက်ဆီ ဆွတ်ခူး
Photo: X
Photo: X
Published 4 May 2024

 

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီသည် ဧပြီအတွက် မေဂျာလိဂ်အကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မက်ဆီသည် ဧပြီလအတွင်း မေဂျာလိဂ်ပွဲစဉ်လေးပွဲ ယှဉ်ပြိုင်ကစားရာ ခြောက်ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုလေးကြိမ် ပြုလုပ်ကာ ဂိုးပါဝင်ပတ်သက်မှု ၁၀ ဂိုးအထိရှိခဲ့သည်။ 

မက်ဆီ သည် ကော်လိုရာဒိုရက်ပစ်အသင်းနှင့် (၂-၂) ဂိုးစီသရေကျ သည့်ပွဲတွင် တစ်ဂိုး၊ ကန်းဆက်စီးတီးအသင်းအား (၂-၃) ဂိုး ဖြင့် အနိုင်ရသည့်ပွဲတွင် တစ်ဂိုး၊ နက်ရှ်ဗယ်အသင်းအား (၃-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် နှစ်ဂိုး၊ နယူးအင်္ဂလန်အသင်းအား (၁-၄) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အင်တာမိုင်ယာမီအသင်းမှာလည်း ဧပြီလအတွင်း ရှုံးပွဲ မရှိဘဲ တစ်ပွဲသရေကျကာ သုံးပွဲဆက် အနိုင်ရခဲ့ပြီး အရှေ့ပိုင်း ဇုန်နှင့် အရှေ့-အနောက်ဇုန်ရပ်တည်မှုတွင် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့သည်။ ထို့ကြောင့် မက်ဆီအနေဖြင့် မေဂျာလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးရယူနိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ရာသီ မေဂျာလိဂ် တစ်လတာအကောင်းဆုံးဆု နှစ်ကြိမ်စလုံးကို အင်တာမိုင်ယာမီအသင်းကစားသမားများက ရရှိထားပြီး ဖေဖော်ဝါရီ-မတ်လအတွက် အကောင်းဆုံးဆုကိုလည်း ၀ါရင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ရရှိခဲ့သည်။

Most Read

Most Recent